cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်သို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထား

. Market Price
မြန်မာထွက်ကုန် ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
  • အခုနှစ်အတွင်းမှာ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ တန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းများကို ယခင်က ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့တာဖြစ်ပေမယ့် အခွန်ကင်းလွတ်ခွင့်ကာလ ကျော်လွန်သွားပြီဖြစ်တာကြောင့် စက်တင်ဘာလအတွင်းကစပြီး တင်ပို့မှု သိသိသာသာလျော့သွားတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် အခုနှစ် စက်တင်ဘာလကစ၍ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ဖို့ ဈေးကွက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဘိန်းအစား ထိုးပြောင်းသီးနှံအပြင် GACC နဲ့ပါ တင်ပို့နိုင်ဖို့ လုပ်ဆောင်နေတာလို့ သိရပါတယ်။

    မြန်မာထွက်ကုန် ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ နှစ်စဉ်ပြည်တွင်းသုံးစွဲမှုဟာ ပြောင်းတန်ချိန် ၁ သန်းဝန်းကျင်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောင်းတန်ချိန် ၃ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes19comments0
views3627