cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးမြူရေးကန်များ ရေနစ်မြုပ်မှုမရှိစေရန်သတိပေး

. Fish News
ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေ ခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ခိုင်ခံ့ အောင်ပြုလုပ်ထားဖို့၊ ရေကြီးရေလျှံလာရင် ငါးတွေလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်တွေနဲ့ ကာရံထားဖို့၊
  • မိုးအလွန်အကျွံရွာသွန်းတာနဲ့ မြစ်ရေကြီးတာတွေကြောင့် ငါး၊ပုစွန်မွေးမြူရေးကန်တွေ ရေကြီးနစ်မြုပ်မှုကနေ ကြိုတင်ကာကွယ်ဖို့နဲ့ ဆုံးရှုံးမှုတွေလျော့နည်းစေဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ပါတယ်။

    ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေ ခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ခိုင်ခံ့ အောင်ပြုလုပ်ထားဖို့၊ ရေကြီးရေလျှံလာရင် ငါးတွေလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်တွေနဲ့ ကာရံထားဖို့၊ ရေစီးကြောင်းနဲ့နီးတဲ့ ငါးကန်တွေမှာ ရေတိုက်စားမှု ကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ ကာရံကာ သဲအိတ်တွေ ဖို့ထားဖို့လိုတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် လိုအပ်လာရင် ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့၊ မျိုးငါးကြီးတွေကို ဦးစားပေးရွှေ့ပြောင်းထားဖို့၊ သိုလှောင်ထားတဲ့ငါးအစာနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကို ရေလွတ်တဲ့နေရာကို ရွှေ့ပြောင်းထားဖို့၊ ပုံမှန်အစာကျွေးခြင်းဖြင့် ငါးတွေလွတ်ထွက် မသွားစေဖို့ ဆောင်ရွက်ထားဖို့လိုတယ်လို့လည်း ဆိုပါတယ်။

    အဲဒီအပြင် မွေးမြူရေးကန်တွေရဲ့ ရေထွက်ရေလျှံပေါက်တွေ ရေကျော်မယ့်နေရာတွေကို အစဉ်ဂရုတစိုက် စစ်ဆေးဖို့၊ ထူးခြားတဲ့အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ဖို့အတွက် ဆက်သွယ်သတင်းပို့နိုင်မယ့် နည်းလမ်းတွေ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေတွေဖြစ်ပေါ်ရင် နီးစပ်ရာငါးလုပ်ငန်းဦးစီး ဌာနတွေကို ဆက်သွယ်အကူအညီတောင်းခံကြဖို့တွေ အပါအဝင် သတိပြုဖို့လိုအပ်တာတွေကို အသိပေးထုတ်ပြန် ထားပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes14comments0
views5704