cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တောင်သူတွေအတွက် ထွက်တိုးဆော့ဝဲထဲကနေ ပြီး အခမဲ့ ဖွင့်လှစ်ပေးထားတဲ့ သင်တန်း

. Financial
သင်ခန်းစာခြောက်ခုလုံးကို လေ့လာပြီး မေးခွန်း အားလုံးဖြေဆိုမှန်ကန်ပါက ဆုငွေ (၃၀၀၀)ကျပ်တိတိချီးမြှင့်မည်ဖြစ်ပါသည်။
  • မင်္ဂလာပါ တောင်သူဦးကြီးတို့ရေ ......

    ထွက်တိုးကနေပြီးတော့ စာကြိုးစားတဲ့ တောင်သူတွေကို သင်တန်းလေးတက်လိုက်ရုံနဲ့ ဆု‌‌‌ငွေတွေအပြင် ဂုဏ်ပြုမှတ်တမ်းတွေပါပေးအပ်နေပြီဆိုတာသိပါသလား .....


    ဘာလို့စာကြိုးစားတဲ့ သူတွေကိုမှပေးတာလဲ.....


    ဒီလိုပါ ... ငွေကြေးဆိုတာက ကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာ ဒုတိယ ဘုရားသခင်လို့တောင် တင်စားရတဲ့အထိ အရေးကြီးတာကို အာလုံးပဲသိကြမှာပါ။ ငွေကြေးနဲ့ ပတ်သတ်တဲ့ အသိပညာတွေကို လေ့လာမှတ်သားစေလိုတဲ့ ရည်ရွယ်က ကျမတို့ ထွက်တိုးရဲ့ အဓိကရည်ရွယ်ဖြစ်ပါတယ်။

    ဒါကြောင့် တောင်သူဦးကြီးတို့နေစဥ်ဘဝအတွက် မရှိမဖြစ် သုံးစွဲနေရတဲ့ ဒီငွေကြေး အပေါ်မှာ ကောင်း စွာ စီမံခန့်ခွဲ နိုင်မှသာလျင် အပိုကုန်ကျစရိတ် သက်သာခြင်း၊ အကြွေးစီမံခန့်ခွဲနိုင်ခြင်း၊ အပိုဝင်ငွေစုဆောင်းနိုင်ခြင်းနဲ့ ၊ အာမခံထားရှိခြင်း စတဲ့ အသိပညာအကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာနိုင်ပါတယ်၊


    ဒီလိုသိရှိနိုင်ဖို့အတွက် ထွက်တိုးကနေပြီးတော့ အခမဲ့ သင်တန်းသစ်တစ်ခုကို ထပ်မံပြုလုပ်ထားပါတယ်။


    တောင်သူဦးကြီးများ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်နိုင်စေဖို့အတွက် ငွေကြေးသင်ခန်းစာ ခြောက်ခုကို အခမဲ့ လေ့လာနိုင်မှာ ဖြစ်သလို သင်ခန်းစာများ ပြီးမြောက်သွားပါကလည်း ဂုဏ်ပြုဆုကြေးငွေရယူနိုင်မှာ ဖြစ်ပါတယ်။


    ဒါ့အပြင် ထွက်တိုးမှ ပေးအပ်သော ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ထူးချွန်စွာ ပြီးမြောက်ကြောင်း အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း ( Certificate)ကို ရယူနိူင်မှာ ဖြစ်ပါတယ်။


    ဒါဆိုရင်တော့ စိတ်ဝင်စားတဲ့ သူတွေက ဘာဆက်လုပ်ရမလဲ၊ သင်တန်း ဘယ်လိုတက်ရမလဲ .......


    အောက်ဖော်ပြပါ အချက်လေးတွေကိုတော့ အနည်းငယ်လိုက်လုပ်ပေးရပါမယ်


    ပါဝင်လိုတဲ့သူတွေက


    (၁) ထွက်တိုး ဖုန်းဆော့ဝဲ ဗားရှင့် ၂.၂.၂ တွင်ရှိ ချေးငွေကဏ္ဍ၊ ငွေကြေးပညာပေး သင်ခန်းစာ တွင် ဗီဒီယိုတစ်ခုချင်းစီကို လေ့လာရမည်ဖြစ်ပါသည်။ ဒေါင်းလုဒ်ရယူရန် - http://download.htwettoe.com


    (၂) ဗီဒီယိုတစ်ခု ကြာချိန်သည် စက္ကန့်ပိုင်းမျှသာကြာမြှင့်ပါသည်။ သင်ခန်းစာခြောက်ခုလုံးကို လေ့လာပြီး မေးခွန်း အားလုံးဖြေဆိုမှန်ကန်ပါက ဆုငွေ (၃၀၀၀)ကျပ်တိတိချီးမြှင့်မည်ဖြစ်ပါသည်။ ဖြေဆိုနည်းကို https://htwettoe.com/post?id=45575 တွင်လေ့လာနိုင်ပါသည်။


    သင်ခန်းစာ (၁)။ ငွေစုခြင်း

    https://htwettoe.com/post/45551


    သင်ခန်းစာ (၂)။ ငွေကြေးစီမံခန့်ခွဲခြင်းဆုံးဖြတ်ချက်

    https://htwettoe.com/post/45552


    သင်ခန်းစာ (၃)။ ငွေစုဖို့အကောင်းဆုံးအကြောင်းအရာ

    https://htwettoe.com/post/45553


    သင်ခန်းစာ (၄)။ ကြီးမားတဲ့ အန္တရာယ်ဆိုးတခုခုနဲ့ကြုံရရင်

    https://htwettoe.com/post/45554


    သင်ခန်းစာ (၅)။ အာမခံပြုလုပ်ခြင်း

    https://htwettoe.com/post/45555


    သင်ခန်းစာ (၆)။ ချေးငွေပြန်ဆပ်ခြင်း

    https://htwettoe.com/post/45556 ကိုနှိပ်ပါ။


    (၃) အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ရယူလိုသူများ အတွက်

    သင်ခန်းစာခြောက်ခုလုံးကို လေ့လာပြီး မေးခွန်း အားလုံးဖြေဆိုပြီးပါက “လတ်မှတ်ရယူပါ” ကိုနှိပ်ပါ။နောက်ထပ်မေးခွန်း ၆ ခု ထပ်ပေါ်လာပါလိမ့်မယ်။ အားလုံး မှန်ကန်စွာဖြေဆိုပြီးပါက ထွက်တိုးမှ ချီးမြှင့်သောဂုဏ်ပြုမှတ်တမ်းရရှိမည်ဖြစ်ပါသည်။ အသေးစိတ်လေ့လာနိုင်ရန် https://htwettoe.com/post?id=45576 နှိပ်ပါ။


    (၄)!ဆုငွေ (၃၀၀၀)ကျပ်ချီးမြှင့်ရာတွင် ဂုဏ်ပြုမှတ်တမ်းရခြင်း၊ မရခြင်းကိုထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။


    (၅) သင်ခန်းစာလေ့လာရာတွင် သို့မဟုတ် ဉာဏ်စမ်းဖြေဆိုရာတွင် တစုံတရာ အခက်အခဲတွေ့ပါက ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်ရှင်


  • article
likes112comments1
views40356