cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ယခုနှစ် ထောပတ်သီးရာသီ အစ စျေးနှုန်း မြင့်တက်နေပြီး စျေးကွက်ကောင်းနိုင်

. Market Price
ထောပတ်သီးများ ကို မရင့်သေးပဲ ခူးဆွတ်၍ ရောင်းမယ်ဆိုပါက စျေးကွက်နာမည် ပျက်သွားနိုင်သည့်
အတွက် ရင့်မှည့်ပြီး ရောင်းလို့ရမည့် အချိန်မှ သာ ခူးဆွတ် ရောင်းချသင့်ကြောင်း တောင်သူများကို အကြံပေးထား သည်။
  • ယခုနှစ် ထောပတ်သီးရာသီ အစ ပြီးခဲ့သည့် ရာသီထပ် စျေးနှုန်း မြင့်တက်နေပြီး စျေးကွက် ကောင်းနိုင် ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ 


    လက်ရှိ စျေးကွက် အစ တစ်ကီလိုလျှင် ကြမ်းခင်းစျေး ၃၅၀၀ ကျပ်ရှိပြီး ပြီးခဲ့သည့် နှစ်က တစ်ကီ လို ၂၅၀၀ သာ ရှိ ခဲ့သောကြောင့် ပြီးခဲ့သည့် ထောပတ်သီး ရာသီ စဖြင့် ယှဉ်ပါက စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

     

    “ ကြမ်းခင်းစျေး တစ်ကီလို ၃၅၀၀ ရှိတယ် ၊ကြမ်းခင်းစျေးဆိုတာ အဲ့ ထက်မနည်းဘူး ပေါ့ ၊ပစ္စည်းကောင်းရင် ၆၀၀၀ ၇၀၀၀ ဖြစ်သွားနိုင်တယ် ။Hassက စ ခူးလို့မရသေးဘူး ၊အမရာ တို့ပဲခူးလို့ရသေးတယ်။ ဒီနှစ်တော့ ဝယ်လိုအား အရမ်းများ မယ်ထင်တယ်။ကမ်းလှမ်းမှုတွေလည်း ရှိတယ်။ “ဟု မြန်မာနိုင်ငံ ထောပတ် သီး တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

     

    လက်ရှိ ပြည်ပနိုင်ငံ တင်ပို့နိုင်မည် Hass အမျိုးစား မှာ ရင့်မှည့်ရန် လိုအပ်နေသေး၍ ခူးလို့မရသေးကြောင်း သိရပြီး အောက်တိုဘာ လ ကုန် မှ သာ စျေးကွက်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ 

     

    ယခုနှစ် ထောပတ်သီး ရာသီတွင် ထိုင်းနိုင်ငံ မှ ကမ်းလှမ်းထား သည့် အတွက် အဓိက ထား တင်းပို့သွား မည်ဖြစ်ကြောင်း သိရသည်။ 

     ယခုနှစ်တွင်ထောပတ်သီးစျေးကွက် ရေရှည် ခိုင်မြဲရန် ထောပတ်သီးများ ကို ပြည်ပ စျေးကွက် အပြင် ပြည်တွင်းစျေးကွက် တွင်း ပါ စားသုံးသူများ ကာ စျေကွက်ရရှိနိုင်ရေး အတွက် ပြည်တွင်း၌ တွင်ကျယ်ရန် ဖြန့်ဖြူ ခြင်း နှင့် promotion များလည်း ဆောင်ရွက်နေကြောင်းသိရသည်။

     

    “ ပြည်တွင်းစားဖို့ အာရုံထားရမယ်။ ပြည်တွင်းစျေးကွက်မှာ promotion လုပ်ဖို့ ၊ထောပတ်ကို ပြည်တွင်းမှာ ဖျော်ရည်အပြင် ပိုပြီး စားတက်ဖို့ နဲ့ ပြည်တွင်းစျေးကွက်ကို အလေးပေး ဖြန့်ဖို့ဆောင်ရွက်မယ်။ မ နှစ်က လုပ်ခဲ့ campaign တွေ က ဒီနှစ်မှာ တွန်းအားရှိတယ်။ဒီနှစ်မှာ နှစ်ဆဖြစ်အောင်လုပ်ရမယ် ” ဟု 

    ထောပတ်သီးလုပ်ငန်းရှင်များ တစ်ဦး ကသုံးသပ်ပြောသည်။

    ထောပတ်သီးများ ကို မရင့်သေးပဲ ခူးဆွတ်၍ ရောင်းမယ်ဆိုပါက စျေးကွက်နာမည် ပျက်သွားနိုင်သည့် 

    အတွက် ရင့်မှည့်ပြီး ရောင်းလို့ရမည့် အချိန်မှ သာ ခူးဆွတ် ရောင်းချသင့်ကြောင်း တောင်သူများကို အကြံပေးထား သည်။ 

     

    လက်ရှိ အိမ်နီး ချင်း ထိုင်း နှင့် တရုတ်နိုင်ငံ ကိုလည်း တရားဝင် တင်ပို့ ကုန်သွယ်ရောင်းချခွင့် ရရေးကို အစိုးရ ချင်း လျောက်ထားခြင်း နှင့် ပြည်တွင်းကုန်သွယ်ရေး နှင့် ညှိနှိုင်းခြင်းများ ဆောင်ရွက်နေကြောင်း လည်းသိရသည်။

    ယခုနှစ် မိုးအရမ်းများခဲ့သည့် အတွက် ထောပတ်သီး အထွက်နှုန်း များ နိုင်မည်ဖြစ်ကြောင်းသိရသည်။ 

    ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီး ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ စစိုက်ပြီး(၃)နှစ်နေမှ စတင်အသီးသီး ကြောင်း သိရသည်။ 

    ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြ သည်။

    ဖိုးချဲ(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views3652