cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရော်ဘာနှင့်ယှဥ်တွဲ စိုက်ပျိုးနိုင်သော နာနတ် စိုက်ပျိုးနည်း (ရာဘာ+နာနတ်)

. Cultivation Methods
ရော်ဘာနှင့်ယှဥ်တွဲ စိုက်ပျိုးနိုင်သော နာနတ် စိုက်ပျိုးနည်း (ရာဘာ+နာနတ်)
  • သီးနှံပင်များကို တွဲဖက်စိုက်ပျိုးခြင်း ဆိုသည်မှာ စိုက်ခင်း တစ်ခုတည်းတွင် သီးနှံနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသော သီးနှံများကို တစ်ပြိုင်နက် စိုက်ပျိုးခြင်းဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ သီးနှံ တစ်ခုတည်းဖြင့် အသုံးမပြုနိုင်သည့် သယံဇာတများ သို့မဟုတ် ဂေဟဗေဒဖြစ်စဉ်များကို အသုံးပြုခြင်းဖြင့် သတ်မှတ်ထားသောမြေကွက်တစ်ခုတွင် ပို၍ ထုတ်လုပ်ရန်ဖြစ်သည်။ သီးနှံပင်များကို တွဲဖက်စိုက်ပျိုးရခြင်းရဲ့ အကြောင်းရင်းများမှာ မြေနေရာလိုအပ်ချက် လျော့နည်းစေခြင်း၊ ပင်မစိုက်ပျိုးထားသော သီးနှံစျေးကွက်မခိုင်မာပါက ကုန်ကျစရိတ် ကာမိစေခြင်း၊ ပိုးမွှားများကျရောက်မှုကို လျော့နည်းစေခြင်း၊ ပေါင်းပင်များကို လျှော့ချခြင်း၊ အခြားအပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို ကူညီ ထောက်ပံ့ပေးနိုင်ခြင်းတို့ ပါဝင်ပါသည်။ မတူညီသော သီးနှံပင်များကို တွဲဖက်စိုက်ပျိုးရာတွင် အဓိကစဉ်းစားသင့်တဲ့ အချက်များကတော့ သီးနှံပင်များရဲ့ အပင်သိပ်သည်းမှု ပင်ကြားတန်းကြားအကွာအဝေး သီးနှံပင် သက်တမ်း နေရောင်ခြည် ရေရရှိနိူင်မှု အနေအထားနှင့် အာဟာရ လိုအပ်ချက်များကို ယေဘူယျအားဖြင့် စဉ်းစားသင့်ပါသည်။

    ရော်ဘာနှင့် နာနတ် ယှဉ်တွဲစိုက်ပျိုးခြင်း ရော်ဘာစိုက်ပျိုးသည့် နေရာအားလုံးတွင် နာနတ်ပင်ကို စိုက်ပျိုးနိုင်သည်။ နာနတ် စိုက်ပျိုးခြင်းအားဖြင့် အပိုဝင်ငွေ ရရှိစေနိူင်ပါသည်။သို့ရာတွင် အလုပ်သမားလိုအပ်ချက် ဖြည့်တင်းပေးရန်နှင့် လိုအပ်သော သွင်းအားစုများ ထည့်သွင်းပေးရန်လိုအပ်နိူင်ပါသည်။ ထို့အပြင် စိုက်ခင်းတွင်း ပေါင်းမြက် သန့်ရှင်းစေရန်လည်း လိုအပ်ပီး မြေပြန့် အနေအထားရှိပီး ကောင်းမွန်သော မြေအမျိုးအစားတွင် ဖြစ်ထွန်း နိုင်ပါသည်။ သဲကုန်းနှင့်

    မြေချဉ်ငံဓာတ် ၅.၅ ရှိတဲ့ မြေဆီလွှာတွေမှာ စိုက်ပျိုးရန် သင့်တော်ပါသည်။ ရာဘာပင် တန်းများကြား အလယ်ဗဟိုမှာ (၁.၅)မီတာ ခြားပီး နာနတ်သီးပင် အတန်းနှစ်တန်းကို စိုက်ပျိုးနိုင်ပါသည်။ နာနတ်ပင် အတန်းများ အတွင်း၌ အပင်ပွါး တစ်ပင်ချင်းစီရဲ့ အကွာအဝေးမှာ ၃၀-၄၅ စင်တီမီတာနှင့် ၆၀ စင်တီမီတာ အတွင်း စိုက်ပျိုးနိူင်ပါသည်။ ၂၀ စင်တီမီတာ အနက်ရှိပြီး ၂၀ စင်တီမီတာ ကျယ်ဝန်းတဲ့ စိုက်မြောင်းများကို နာနတ်ပင်တန်းများ စိုက်ပျိုးဖို့ ပြင်ဆင်ထားရပါမည်။

    အထွက်တိုး ရာဘာစိုက်ပျိုးကြသူများကို ဆက်သွယ်ထားခြင်းအားဖြင့် နေ့စဉ်သတင်းထူးများကိုရယူလိုက်ပါ။

    နှိပ်ပါ- https://www.facebook.com/groups/2432746880363676/?notif_id=1625454421311064&notif_t=group_admin&ref=notif

    Source- rubber based farming systems, advisory circular No. 2013/10

    -------

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
11
comments
0
views
4325