cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသ ခန့်မှန်းချက်နှင့် မွေးမြူ‌ရေးအကြံပြုချက်

. Weather News
အယ်နီညိုကာလဖြစ်တာကြောင့် ကန်ရေအမြင့်ကို ၄-၅ ပေ အထက်တွင် ထားပါ။ ရေအပူချိန်ကို ပုံမှန်စစ်ဆေးပါ။ ငါးမွေးမြူရာတွင် ကန်ရေ၏အကောင်းဆုံးအပူချိန်သည် (၂၇,၂၈,၂၉,) ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။
  • ၁။ ပွင့်ဖြူမြို့နယ် 

    ယနေ့နှင့် အောက်တိုဘာ ၁၄ နေ့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၂၊ ၁၃ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် မိုးရွာသွန်း နိုင်ပါတယ်။ ၁၅၊ ၁၆၊ ၁၇ ရက်တို့မှာ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၂။ စလင်းမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ မိုးရွာရန် ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။ အောက်တိုဘာ ၁၅၊ ၁၇ ရက်တို့မှာ ၆၀ ရာခိုင်နှုန်းရှိပြီး ၁၆ ရက်နေ့မှာ ၇၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ 

    ၃။ စေတုတ္တရာမြို့နယ် 

    ယနေ့ မိုးရွာရန် ၇၀ ရာခိုင်နှုန်းနီးပါးသာ ရှိပါတယ်။ အောက်တိုဘာ ၁၂၊ ၁၃ ရက်တို့မှာ ၉၀ ရာခိုင်နှုန်းနီးပါး ရှိသဖြင့် မိုးရွာသွန်း နိုင်ပါတယ်။ ၁၄၊ ၁၅၊ ၁၇ ရက်တို့မှာလည်း ၇၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ၁၆ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၄။ မင်းဘူးမြို့နယ် 

    ယနေ့နှင့် အောက်တိုဘာ ၁၄ နေ့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၂၊ ၁၃ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် မိုးရွာသွန်း နိုင်ပါတယ်။ ၁၅၊ ၁၆၊ ၁၇ ရက်တို့မှာ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ငါးကန်များအတွက်အကြံပြုချက် 

    • အယ်နီညိုကာလဖြစ်တာကြောင့် ကန်ရေအမြင့်ကို ၄-၅ ပေ အထက်တွင် ထားပါ။ ရေအပူချိန်ကို ပုံမှန်စစ်ဆေးပါ။ ငါးမွေးမြူရာတွင် ကန်ရေ၏အကောင်းဆုံးအပူချိန်သည် (၂၇,၂၈,၂၉,) ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ အနည်းဆုံးအပူချိန်သည် ၂၂ နှင့် အမြင့်ဆုံးအပူချိန်သည် ၃၂ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ငါးမျိုးစိတ်အလိုက် အပူချိန် လိုအပ်ချက်ရှိပါသည်။ ငါးငယ်ဘဝနှင့် အရွယ်ရောက် ငါးကြီးဘဝ၏ အပူချိန်လိုအပ်ချက်သည် တူညီပါသည်။
    • ရာသီဥတုဆိုင်ရာသတိပေးချက်များနှင့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် နားဆင်ပါ။
    • ငါးကြီးထွားနှုန်းကောင်းစေရန် ပရိုတိန်းပြည်ဝသောအစာကို ဝယ်ကျွေးပါ။ ကျန်းမာရေးကောင်းဖို့လည်း လိုအပ်ပါတယ်။ကျန်းမာရေးကောင်းမှ အစာစားနိုင်ပါမည်။

    Weather Source: CIAT 


  • article
likes11comments1
views16707