cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဒူးရင်းပင်မှာ ကျရောက်တတ်တဲ့ သီးထိုးပိုး

. Pests Management
သီးထိုးယင်ဒုက္ခပေးလို့ ဒူးရင်းသီး မခူးလိုက်ရတဲ့ စိုက်တောင်သူတွေ ရှိလား..??
  • article
  • ဒူးရင်းပင်တွင် အခြားသော ပိုးများကျရောက်သော်လည်း သီးထိုးယင်ကတော့ အထွက်နှုန်းကို သိသိသာသာ ကျဆင်းအောင် တိုက်ရိုက်ဖျက်ဆီးသော ပိုးဖြစ်သည်။အလားတူ အခြားအင်းဆက်ပိုးမွှားများသည်လည်း မှိုရောဂါပိုးကူးစက်မှုကိုတိုးပွားစေခြင်းသို့မဟုတ်သန္ဓေသားရောဂါပိုးဝင်ရန်ဝင်ပေါက်များဖန်တီးပေးခြင်းအားဖြင့် ဖြစ်စေ၊အပင်၏ခုခံမှုကိုလျော့နည်းစေခြင်းဖြင့်သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အပင်ကို ဖျက်ဆီးလေ့ရှိကြသည်။

    ကျရောက်မှု လက္ခဏာ

    အသီးပြင်ပတွင်တွေ့ရှိနိုင်သည်။ အသီးများပေါ်တွင် ဖျက်ပိုးကောင်၏ အညိုရောင် မစင်များ၊ အသီးထဲသို့ ထိုးဖောက်ထားသော အပေါက်ငယ်များ ကို အလွယ်တကူတွေ့ရနိုင်သည်။ အရွယ်ရောက် ဖလံအမသည် အပေါက်ငယ်များကို ဖန်တီးပြီး အသီးအတွင်း၌ ဥများကို အုလေ့ရှိသည်။

    ဖျက်ပိုးများကို ဒူးရင်းပင်တွင်သာမက အခြားသော အပင်များဖြစ်သည့် ကိုကိုး၊ ပိန္နဲ၊ သေင်္ဘာ၊ ကြက်မောက် နှင့် ခရမ်းသီး ပင်များတွင်လဲ တွေ့ရလေ့ရှိသည်။

    ကာကွယ်နှိမ်နင်းနည်းများ

    (၁) ညနေပိုင်း မှောင်ရီစပျိုးချိန်တွင် မီးထောင်ချောက်များဖြင့် ဖလံကောင်များကို ဖမ်းဆီးပေးခြင်းဖြင့် အကောင်အရေအတွက်ကို လျော့ကျစေခြင်း

    (၂) ဖျက်ပိုးပြင်းထန်စွာ ကျသော အပင်များ၊ ကြွေကျသော အသီးများကို မီးရှို့ဖျက်ဆီးပေးခြင်း

    (၃) ကိုင်းတစ်ကိုင်းအတွက် ကောင်းမွန်သော အသီး တစ်လုံးသာ ထားရှိပေးခြင်းများပြုလုပ်ပေးပါ။ အဘယ်ကြောင့်ဆိုသော် အရွယ်ရောက်ဖလံကောင်သည် အသီးနှင့် ဆက်ထားသော အကိုင်းအဆုံးတွင် ဥအုလေ့ရှိသောကြောင့်ဖြစ်သည်။

    (၄) အသီးကင်းများစဝင်ပြီး ၂ ပတ် ၃ ပတ်အကြာတွင် အသီးများကို အိတ်စွပ်ပေးပါ။ အိတ်စွပ်ပေးခြင်းဖြင့် ဖလံအမကောင် ဥအုနိုင်ဖို့ လျှော့ချပေးပါ။ အသီးများ မခူးမီ ၂ ပတ်အလို အိတ်များကို ဖယ်ရှားပေးပါ။ အသီးများ ပုံမမှန်သော အရောင်များ ဖြစ်လာတတ်သောကြောင့် ဖြစ်ပါသည်။

    (၅) ဖျက်ပိုးလက္ခဏာကျရောက်ပါက သင့်တော်သော ပိုးသတ်ဆေးများ အသုံးပြုပေးသင့်ပါသည်။ ဓာတုပိုးသတ်ဆေးများ အသုံးပြုမည်ဆိုပါက အီမာမက်တင်ဘမ်ဇိုအိတ်၊ ကလိုပိုင်ရီဖော့၊ ဒိုင်မီသိုအိတ်၊ ဖလူဖန်ဒိုင်ရာမိုက် တစ်မျိုးမျိုးပါသော ဆေးများကို ဆေးထုပ်ပါ အညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါသည်။ ဓာတုဆေးများကို အသုံးပြုသည့်အခါ အခြားသော မိတ်ဆွေပိုးများထိခိုက်စေသောကြောင့် ပိုးသတ်ဆေးများ ဖျန်းပါက အထူး ဂရုစိုက်ပေးရန်လိုအပ်ပါသည်။

    A.M.O

    https://www.cropsreview.com/phytophthora.html

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views3035