cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို (၇၅၀,၀၀၀) ကျပ် သတ်မှတ်

. Market Price
အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို (၇၅၀,၀၀၀) ကျပ် သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ကြေညာလိုက်ပါတယ်။
  • တစ်တင်း (၄၆) ပေါင်ကို စပါးတင်း (၁၀၀) ရဲ့ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို (၇၅၀,၀၀၀) ကျပ် သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ကြေညာလိုက်ပါတယ်။

    အစိုဓာတ် (၁၄)% ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။

    ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်း စပါးဈေးနှုန်းအပေါ်မှာဆိုရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းဈေးအောက်မှာဆိုရင် စပါးတင်း (၁၀၀) ကို ကျပ် (၇၅၀,၀၀၀) ပေးဝယ်ရမှာပါ။

    ယခုသတ်မှတ်တဲ့ အခြေခံဈေးနှုန်းက ၂၀၂၃ ခုနှစ် မိုးစပါးနဲ့ ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက်ဖြစ်ပြီး စပါးသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်တာလို့ ဦးဆောင်အဖွဲ့က ပြောပါတယ်။

    အခြေခံစိုက်စရိတ် အနည်းဆုံး ကျပ် ၉ သိန်းကျော်နေချိန်မှာ ယခုထုတ်ပြန်ချက်က အမြတ်ပါ ထည့်တွက်ထားတာမျိုးမဟုတ်လို့ အနိမ့်ဆုံး စိုက်ပျိုးစရိတ်ဈေးကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း MRF တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF က ၂၀၂၃ မိုးစပါးအတွက် အမျိုးအစားအပေါ် မူတည်ကာ တင်း (၁၀၀) ကို အနိမ့်ဆုံး ကျပ် (၁၃) သိန်းကနေ အများဆုံး သိန်း (၂၀) အတွင်း ဈေးပေးဝယ်ကြဖို့ အသင်းဝင် ကုမ္ပဏီတွေနဲ့ ကုန်သည်တွေကို တိုက်တွန်းထားပါတယ်။

    ‘‘ဒီဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့တော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေဆိုတာ ပြောချင်ပါတယ်’’လို့ MRF ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

    သတင်း - BETV Business



  • article
likes
17
comments
0
views
6750