cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေနေသတ္တဝါတို့ရဲ့ အစာသံသရာလည်ပတ်ပုံ

. Fish Technical Guideline
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ရေလုပ်ငန်းလုပ်ကိုင်တဲ့ဦးကြီးတို့အနေနဲ့ လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်ဖို့ သက်ရှိတို့ရဲ့ အစာကွင်းဆက်တွေကို သိထားဖို့လိုအပ်တယ်နော်👇👇


    ရေနေသတ္တဝါများ၏ အစာကွင်းဆက်တွင် အခြေခံအကျဆုံးသော သက်ရှိအစာမှာ အပင်မျှောလှေး ဖြစ်ပါသည်။ ၄င်းတို့ကို နေရောင်ခြည်၏ အကူအညီဖြင့် အစာချက်လုပ်၍ ကစီဓာတ်ကို ချက်လုပ်ပေးပါသည်။အစာချက်လုပ်နေစဉ် ထွက်လာသော အောက်ဆီဂျင်သည် ရေထဲတွင် ပျော်ဝင်ပြီး ရေနေသတ္တဝါများ၏ အသက်ရှူခြင်းလုပ်ငန်းကို အထောက်အကူပြုပါသည်။ သို့ဖြစ်ပါ၍ အပင်မျှောလှေးသည် အခြေခံအစာဖြစ်သည်သာမက၊ ရေနေသတ္တဝါများ၏ ပတ်ဝန်းကျင်တွင် မျှတစွာ နေနိုင်ရန် ဖန်တီးပေးပါသည်။ ဒုတိယအစာကွင်းဆက်မှာ အကောင်မျှောလှေးဖြစ်ပါသည်။

    အကောင်မျှောလှေးတို့သည် အပင်မျှောလှေးများကို စားသုံး၍ ၄င်းအကောင်မျှောလှေးများအား အဆင့်နိမ့် ရေသတ္တဝါများက အဓိကအစာအဖြစ် စားသုံးကြပါသည်။ ၄င်းအဆင့်နိမ့် ရေသတ္တဝါများအား ပို၍ အဆင့်မြင့်သော ရေသတ္တဝါများက တစ်ဆင့်စီ ၊တစ်ဆင့်စီ စားသုံးပြီးနောက်၊ နောက်ဆုံးတွင် လူတို့စားသုံးကြသည်။

    အပင်မျှောလှေးများ၊ အကောင်မျှောလှေး၊ အဆင့်နိမ့်ရေသတ္တဝါ၊ အဆင့်မြင့် ရေသတ္တဝါတို့ သေကြေပျက်စီးခြင်းနှင့် လူတို့မှ အညစ်အကြေးစွန့်ခြင်း၊ သေကြေပျက်စီးခြင်းသို့ ရောက်ရှိသောအခါ ရေထုထဲရှိ ဘက်တီးရီးယားတို့၏ ဆောင်ရွက်ချက်ကြောင့် အင်ဩဂဲနစ် ပစ္စည်းအဖြစ် ပြိုကွဲထွက်လာပြီး အပင် မျှောလှေးများအတွက် အာဟာရအဖြစ် အစာကွင်းဆက်ထဲတွင် သံသရာလည်နေပါသည်။

    ရေဩဇာ ကြွယ်ဝစေရန်နှင့် မြေဩဇာ ကြွယ်ဝစေရန် မြေဩဇာထည့်ပေးရသည်။ ယင်းသို့ ထည့်ပေး ခြင်းဖြင့် သဘာဝအစာဖြစ်စေကာ အပင်မျှောလှေးနှင့် အကောင်မျှော လှေးများပေါက်ဖွား ရှင်သန်နိုင်ပါသည်။

    သက်ရှိအစာကျွေးခြင်း အကျိုးကျေးဇူးများ

    ၁။သက်ရှိအစာသည် အစာကို ကြေချက်လွယ်သည်။

    ၂။သက်ရှိအစာသည် အဟာရပြည့်ဝမှု့ရှိသည်။

    ၃။သားလောင်းများနှစ်သက်သော အရောင်အဆင်းရှိသည်။

    ၄။အလွယ်တကူရရှိနိုင်သည်။

    ၅။ရေထုညစ်ညမ်းမှု့ကို နည်းပါးစေသည်။

    ၆။ထုတ်လုပ်မှု စရိတ်သက်သာသည်။

    ၇။အမြောက်အမြားထုတ်လုပ်ရန် လွယ်ကူသည်။

    ဦးဆန်းအောင်(ထွက်တိုး)


    ဉာဏ်စမ်းဖြေဆိုရန်

    https://vlms2.htwettoe.com/post-detail/46107 နှိပ်ပါ။

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
26
comments
0
views
8146