cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ချင်းရွှေဟော်နယ်စပ်မှ ရော်ဘာတန်ချိန် ၈၀၀ ကျော် တင်ပို့ထား

. Market Price
စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ကာလအတွင်း ရော်ဘာ (၈၃၆.၂၅) တန် တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
  •       ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ရော်ဘာ တန်ချိန် ၈၀၀ ကျော် တင်ပို့ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ကာလအတွင်း ရော်ဘာ (၈၃၆.၂၅) တန် တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

          အခုလအတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ရော်ဘာအပြင် ဆန်ကွဲ (၁၃၈၆.၇၅) တန်၊ နှမ်း (နက်) (၂၄၂.၂၅) တန်၊ ပြောင်း (၁၁၀၂.၀၀၀) တန်၊ ပဲယင်း (၃၅၅.၉၈၇) တန်၊ ပဲတီစိမ်း (၂၅၃.၀၀၀) တန်၊ ဆန် (၂၀၃.၇၅) တန်၊ ပဲလွန်းဖြူ (၆၈.၅၀၀) တန်၊ မြေပဲ (အခွံပါ) (၃၃.၉၀) တန်နှင့် စွန်တာနီပဲ (၃၄.၀၀၀) တန် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

          ဒါ့အပြင် ချင်းရွှေဟော်စခန်းမှ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ၊ စက်နှင့် စက်ပစ္စည်းများ၊ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဓာတုဗေဒပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views4488