cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကိုက်လံ စိုက်ပျိုးနည်း

. Cultivation Methods
ကိုက်လံ စိုက်ပျိုးနည်း
  • article
  • ကိုက်လန်ပင်မှာ အာဟာရ ဓာတ်ပေါင်းစုံပါဝင်ပြီး အဲဒီထဲကမှ ဗိုက်တာမင်ကေဟာ ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ စျေးကွက်ထဲမှာတော့ ကိုက်လန်ကို အရွက်စားကိုက်လန်၊အဖူးစားကိုက်လန် စသဖြင့် ရောင်းချကြပါတယ်။

    ကိုက်လန်ပင်ဟာ အအေးကြိုက်တဲ့ သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အမြင့် တစ်ပေကနေ တစ်ပေခွဲ လောက်အထိရှိပြီး အကိုင်းအခက်တွေဟာ (၃)ပေလောက်အထိ ပြန့်ကားပါတယ်။ အပင်သက်တမ်း ကတော့ (၂)နှစ်လောက်အထိခံပေမယ့် နှစ်ချင်းစားသုံးလို့ရပါတယ်။

    ကိုက်လန်ကိုတော့ အရွက်တွန့် လိမ်နေတဲ့ ပုံစံတွေအပြင် ချောမောညီညာတဲ့ အရွက်ပုံစံကိုတွေ့ရမှာဖြစ်သလို. ခရမ်းရောင်ရှိတဲ့ အရွက်မျိုးကိုလည်း တွေ့နိုင်ပါတယ်။ ကိုက်လန်ပင်ရဲ့အနံ့အရောင်တွေဟာ ရာသီဥတု အေးမြလေ ကောင်းလေဖြစ်ပါတယ်။

    ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီနှောင်းပိုင်းနဲ့ မိုးရာသီနှောင်းပိုင်းတွေမှာ စိုက်ပျိုးကြတာများပါတယ်။ ပြင်ဦးလွင်ဒေသမှာစိုက်ပျိုးတဲ့ ကိုက်လန် တွေထဲမှာ မိုးမျိုးဟာအရွက်ရှည်ပြီး ဆောင်းမျိုးဟာ အရွက်ဝိုင်းပါတယ်။

    ဆောင်းမျိုးက အပင်နိမ့် လို့ရပြီး မိုးမျိုးဟာ အပင်မြင့်မှရတာဖြစ်ပါတယ်။ အပင်နိမ့်ရင် အရွက်တွေဟာရေနဲ့ထိပြီး ပုပ်သွား တတ်ပါတယ်။ မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်း မှာစိုက်တဲ့ ကိုက်လန်ပင်ထက် စျေးပိုရလေ့ ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်းမှာ စိုက်ပျိုးလို့ မရတဲ့အချက်ဟာ စျေးပိုရစေတာ ဖြစ်ပါတယ်။

    ကိုက်လန်စပြီးစိုက်ပျိုးတော့မယ်ဆိုရင် ပျိုးခင်းလုပ်ဖို့အတွက် ဦးဆုံးပြင်ရမှာဖြစ်ပါတယ်။ ပျိုးခင်းကို (၁-၂)လက်မလောက်မြေဆွေးဖုံးပြီး မျိုးစေ့တွေကို လက်မဝက်အနက်နဲ့ တစ်စေ့နဲ့တစ်စေ့ကို တစ်လက်မခြားစိုက်ပျိုးရပါတယ်။

    ပျိုးပင်ပေါက်တွေကို တစ်ပင်နဲ့တစ်ပင် (၆)လက်မခြားပြီး၊ စိုက်တန်း တစ်ခုနဲ့တစ်ခုကြား (၂-၃)ပေခွာထားရပါတယ်။ ပျိုးပင်တွေအမြစ်စွဲတဲ့အခါ (၁၅-၂၀)ရက်အကြာ အတန်းတွင်းမှာ တစ်ပင်နဲ့တစ်ပင် (၆)လက်မမခြားပဲ တစ်ပေကွာအောင် မလိုအပ်တဲ့အပင်တွေကို နုတ်ပစ်ရ မှာဖြစ်ပါတယ်။

    အပင်တွေ (၄)လက်မအမြင့်ရှိလာတဲ့အခါ နိုက်ထရိုဂျင်များတဲ့ ဓာတ်မြေသြ ဇာအရည်ပက်ဖျန်း ပေးရပါတယ်။ မြေကြီးကို ကောက်ရိုး၊သစ်ဆွေး စတာတွေနဲ့ ဖုံးအုပ်ပေးခြင်းအားဖြင့် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် ပေါင်းမြက်တွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် မြေကြီးကိုလည်း အေးမြစေပါတယ်။

    အရွက်နုတွေကို စိုက်ပြီး (၁)လလောက်ကြာတဲ့အခါ စတင်ခူးဆွတ်လို့ရနိုင်ပြီဖြစ်ပါတယ်။ အရွက်ရင့်ကို စားချင်ရင်တော့ (၁)လခွဲ (၂)လလောက်ထိ ထားပေးရမှာဖြစ်ပါတယ်။ ရာသီဥတုအေးပြီးတော့ အရွက်ရင့် လာလေလေ အချိုဓာတ်များလာလေလေဖြစ်ပါတယ်။ ကိုက်လန်ပင်ဟာ တစ်ပင်စိုက်ထား မယ်ဆိုရင် (၄-၅)ခါလောက် အရွက်ကို ခူးယူနိုင်ပါတယ်။ ရေရှည်ထားချင်ရင်တော့ အပင်ရဲ့အရွက်ရင့် တွေကိုပဲခူးယူပြီး အလယ်မှာရှိတဲ့အရွက်နုတွေကို ချန်ထားရပါတယ်။ ဒါကြောင့် ကိုက်လန်ပင်ဟာ ရာသီပေါ် သီးနှံပင်ဆို ပေမယ့်လည်း စိုက်ပျိုးတောင်သူတွေအတွက် တွက်ချေကိုက်တဲ့ သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။

    ကိုက်လန်ပင်ကို အကြမ်းအားဖြင့် စစိုက်တဲ့အချိန်ကနေ (၂)လခွဲလောက်ဆိုရင် ရောင်းတန်းဝင်တဲ့ အရွက်တွေရနိုင်မှာဖြစ်ပါတယ်။ အရွက်ခူးနိုင်တဲ့ ကာလကတော့ မိမိရဲ့ပြုစုမှုပေါ်မူတည်ပြီး (၃)လလောက်ထိ ရှိပါတယ်။ ဒါကြောင့် ကိုက်လန်သက်တမ်း ဟာ (၅)လခွဲလောက်အထိရှိနိုင်ပါတယ်။ ကိုက်လန်ပင်ကို မျိုးအဖြစ် ထားဖို့ ရည်ရွယ်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အပင်ကို မှတ်သားထားပါ။ အပင်ရင့်အောင်ထားပြီး ရလာတဲ့မျိုးစေ့ကို ရယူပြီးရင် နေ(၂)ရက်လောက်လှမ်းထားပေးပါ။ ပြီးရင်အအေးခံပြီး လေလုံအောင် ပုလင်းထဲမှာ ထည့်ထား ရပါတယ်။

    Source - စိုက်ပျိုးရေးဦးစီးဌာန

    ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းများ၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - 

    bit.ly/fbhtwettoe


likes14comments0
views4788