cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အောက်တိုဘာလ ၉ မှ ၁၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
တစ်ပတ်အတွင်းမှာတော့ ပဲအများစုက ဈေးငြိမ်ပါတယ်။စားဖိုဆောင်သီးနှံတွေထဲမှာတော့ တစ်ပတ်အတွင်း ကြက်သွန်နီ ကြက်သွန်ဖြူက ဈေးမြင့်တက်နေခဲ့ပြီး အခြား ငရုတ်၊အာလူးတို့က ဈေးငြိမ်နေပါတယ်။ နှမ်းမျိုးစုံဈေး အနည်းငယ်ဈေးမြင့်တက်လာပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးစံချိန် တင်ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိင်ငံတွင်း မတ်ပဲ အသစ်တွေ ထွက်ရှိပေမယ့် ပွဲတော်အကြိုဝယ်ယူတာတွေကြောင့် ပြည်တွင်း မတ်ပဲ အပြင် မြန်မာ ပြည်တွင်း မတ်ပဲတွေ အဝယ်လိုက်ပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံတွင်း ထွက်ရှိတဲ့ မတ်ပဲက အရည်အသွေးပိုင်းအားနည်းတာ ဖြစ်တဲ့အပြင် အထွက်နှုန်း ‌‌ လျော့နည်းတာ ဖြစ်လို့ မြန်မာပြည်တွင်း မတ်ပဲကတော့ ရေရှည်မှာ ဆက်ပြီး‌ေဈးကောင်းနိုင်တဲ့ အခြေအနေရှိတယ်လို့ အိန္ဒိယနိုင်ငံ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၁၆၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၃၃၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဈေးမြင့် တက်လာသည်။

    နယ်ဈေးကွက်တွေမှာတော့ မတ်ပဲက တစ်အိတ်ကို ၈၅၀၀၀ မှ ၈၆၀၀၀ အကြားအရောင်း အဝယ်ရှိနေပါတယ်၊

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီက‌တော့ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းတွေ မမြင့်တက်လာပေမယ့် FOB ဈေးနှုန်းမှာတော့ ဈေးမြင့်တက်လာပါတယ်။လက်ကျန်ကုန်တွေ တင်ပို့နေတာဖြစ်ပြီး ပြည်တွင်းမှာတော့ အရောင်းအဝယ်မရှိဘူး လို့ ကုန်သည်အချို့က ဆိုပါတယ်။


    ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄၀၇၅၀၀၀ ဖြင့် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်မှာတော့တစ်အိတ်ကို ၃၉၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ အနည်းငယ်ဈေးပြန်အေးသွားပါတယ်။ပြီးခဲ့တဲ့အပတ်က တရုတ်ဝယ်လက်ရှိပေမယ့် ဒီတစ်ပတ်အဝယ်နည်းသွားလို့ ဈေး အေး ‌ေဈးကျဆင်းသွားတာ ဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ မှ ၃၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၃၄၆၅၊ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၃၆၃၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    နယ်ဈေးကွက်တွေမှာတော့ တစ်တင်းကို ၅၅၀၀၀ မှ ၅၉၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

    ကုလားပဲ

    ကုလားပဲဈေးကတော့ တစ်ပတ်အတွင်း အနည်းငယ်သာ အတက်အကျ အပြောင်းအလဲ ရှိပါတယ်။ဈေး ကွက်အတွင်း ပုံမှန် ဝယ်လက်တွေ သာ အရောင်းအဝယ်ရှိပြီး ဈေးအေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    မန္တ‌လေးဈေးကွက် မှာ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ် ကို ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ၊ကုလား (၉၂၉)က တစ်အိတ်ကို ၂၆၄၀၀၀ မှ ၂၆၅၀၀၀၊ကုလားပဲ V2 က တစ်အိတ်ကို ၂၆၈၀၀၀၊ကုလားပဲ V7 ကတော့ တစ်အိတ်ကိ ၂၇၇၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ မှ ၅၀၀၀ ကြား ဈေးမြင့်တက်လာသည်။

    ပဲကြီး

    ဈေးကွက်အတွင်း ပဲကြီးတွေ ဈေးပြန်မြင့်တက်လာပါတယ်။ဈေးကွက်အတွင်း လက်ကျန်နည်းနေ ပေ မယ့် ဝယ်လက်ရှိနေ တာ ဖြစ်လို့ ဈေးကောင်းပေးဝယ်နေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာ ကို ၅၂၁၅ မှ ၅၅၈၀ ရှိပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ မှ ၂၀၀၀၀ ကြား ဈေးမြင့်တက်လာသည်။

    ပဲယင်း၊ပဲကြား


    ဈေးကွက်အတွင်း ပဲယင်းဈေးတွေက ကျဆင်းသွားပါတယ်။ဈေးကွက်ထဲ အဝင်သွက်နေတဲ့ အတွက် ဈေးတွေ ကျဆင်းလာတာ ဖြစ်တယ်လို့သိရပါတယ်။ မန္တ‌လေးဈေးကွက်မှာ ပဲယင်း(ကြီးနဲ့သေး)က တစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၆၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။


    ပဲကြားကလည်း ဈေးကွက်ထဲ အမြင့်ဈေးနဲ့ ဝင်လာပေမယ့် လက်ရှိ အထွက်များအဝင်များနေ တဲ့အတွက် ဈေးက တစ်ဖြေးဖြေးပြန်ကျဆင်းလာပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    ကြက်သွန်နီ


    ကြက်သွန်နီကတော့ ရာသီဥတု ကြောင့် ဈေးကွက်ထဲ အဝင်လျော့နည်းတဲ့အတွက် တစ်ပတ်အတွင်း ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂ ရက်အတွင်း ပုံမှန် အဝင်ရှိတာတဲ့အတွက် အနည်းငယ်ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကွက်ထဲကို နေ့စဉ် ပိဿာချိန် ၂ သိန်း အထက် အဝင်ရှိရာမှ ၁ သိန်းအောက်ထိ ကျဆင်းသွားတဲ့အတွက် ဈေး မြင့်တက်လာတာဖြစ်ပါတယ်။


    လက်ရှိမှာတော့ ဈေးကွက်ထဲကိုကြက်သွန်နီ(ဆိပ်ဖြူ၊မြင်းခြံ၊ပျော်ဘွယ်၊မိတ္တီလာ၊ပခုက္ကူ၊တောင်သာ) အစရှိတဲ့ ကြက်သွန်တွေ အဝင်များပြီး တစ်ပိဿာကို ၁၈၀၀ မှ ၃၂၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။


    ကြက်သွန်နီကတော့ နယ်စုံကနေ အဝင်များ အဝင်သွက်နေတဲ့အ တွက် ဈေးအတက်အကျရှိနေပေမယ့် အများကြီး ဈေးကျဆင်းသွားတာမျိုး မရှိပါဘူး။နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် ဝင်ရောက်မှု ရှိနေပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ပခုက္ကူ၊မြင်းခြံ၊တောင်သာ)တို့က တစ်ပိဿာကို ၂၁၅၀ မှ ၃၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။


    ကြက်သွန်ဖြူ


    ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းနေတဲ့ကြက်သွန်ဖြူက ဒီတစ်ပတ်မှာတော့ အဝင်နည်းပြီး ဈေးပြန်မြင့်တက် လာပါတယ်။ရာသီဥတု အပြင် ကားလမ်း ပိုင်း အခြေအနေများကြောင့် ဈေးကွက်ထဲ ပုံမှန် ပိဿာ ချိန် ၁ သောင်‌းကျော် ဝင်ရောက်နေရာမှ ၆ ထောင်လောက်သာ အဝင်ရှိခဲ့ပြီး ဈေးမြင့်တက်လာခဲ့ တာ ဖြစ်ပါတယ်။



    ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇၃၀၀ မှ ၇၄၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။


    ရှမ်းကြက်သွန်ကတော့ ဝယ်လိုအား ကောင်းပြီး အဝင်နည်းလာတဲ့အတွ် တစ်ပိဿာကို ၇၅၀၀ မှ ၈၉၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာတာပါ။

    နှမ်းစျေးကွက်

    နှမ်းမျိုးစုံဈေးကွက်ကတော့ တရုတ်ဝယ်လက် ရှိနေတဲ့အတွက် ဈေးက မြင့်တက်လာပါတယ်။ ဈေး ကွက်ထဲ နှမ်းအသစ်တွေ အဝင်ရှိနေပေမယ့်လည်း အဝင်ရှိသလောက် အဝယ်သွက်နေတယ် လို့သိရပါတယ်။


    မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    နှမ်းဖြူ(ဂျပန်)ကတော့တစ်အိတ်ကို ၃၈၅၀၀၀ မှ ၃၉၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ဈေးတက်လာသည်။နှမ်းဖြူ(ရိုးရိုး)ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၈၅၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

    ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းခဲ့တဲ့ နှမ်းညိုကလည်း တစ်အိတ်ကို ၁၈၅၀၀၀ မှ ၁၉၀၀၀၀ ကြားရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။


    Exclusive Content For Htwet Toe - ထြက္တိုး


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments1
views4767