cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ထောပတ်သီးဝယ်ကို ပြင်သစ်နှင့်အိန္ဒိယ ဝယ်မည်

. Market Price
ထောပတ်သီး တန်ချိန် ၈ တန်ကို ပြင်သစ်နိုင်ငံနဲ့ ထောပတ်သီးတန်ချိန် ၁၀၀၀ ကို အိန္ဒိယနိုင်ငံကဝယ်ယူဖို့ အမှာစာတွေ ရရှိထားတာလို့ ဆိုပါတယ်။
  • မြန်မာ့ထောပတ်သီးတွေဝယ်ယူဖို့ ပြင်သစ်နဲ့ အိန္ဒိယနိုင်ငံတွေက အမှာစာတွေရရှိထားပြီး တင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။ မြန်မာ နိုင်ငံကနေ စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီး တန်ချိန် ၈ တန်ကို ပြင်သစ်နိုင်ငံနဲ့ ထောပတ်သီးတန်ချိန် ၁၀၀၀ ကို အိန္ဒိယနိုင်ငံကဝယ်ယူဖို့ အမှာစာတွေ ရရှိထားတာလို့ ဆိုပါတယ်။

    အခုချိန်မှာတော့ ထောပတ်သီးတွေ စတင်ထွက်ပေါ်နေပြီဖြစ်ပေမယ့် အရည်အသွေးကောင်းတဲ့ ပြည်ပကိုတင်ပို့ နိုင်တဲ့ ထောပတ်သီးတွေကတော့ နိုဝင်ဘာလဆန်းပိုင်းမှာ ထွက်ရှိမှာဖြစ်လို့ မှာယူထားတဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

    အခုနှစ် ထောပတ်သီးရာသီမှာ မိုးရွာသွန်းမှုများပြားတဲ့အတွက် အရင်နှစ်ထက် အထွက်နှုန်းနည်းပါးခဲ့ပြီး စိုက်ပျိုး ရာမှာ အသုံးပြုရတဲ့ သွင်းအားစုဈေးနှုန်းမြင့်မားနေတာကြောင့်လည်း တောင်သူတွေအနေနဲ့ လိုအပ်တဲ့ပမာဏ အတိုင်း စိုက်ပျိုးနိုင်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

    ပြည်ပနိုင်ငံတွေကို ထောပတ်သီးတင်ပို့ရာမှာတော့ ကမ္ဘာ့ပေါက်ဈေးနဲ့အညီ ထောပတ်သီး တစ်တန်ကို ကျပ် ၃၅ သိန်းနဲ့ရောင်းချဖို့ အဆိုပြုထားပြီး ပြည်တွင်းဈေးကွက်မှာတော့ ရန်ကုန်လက်လီဈေးဟာ တစ်ကီလိုကို ကျပ် ၇၀၀၀ (UAE ၈၀၀၀) အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

    သတင်း - One News Myanmar 

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments1
views2466