cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မိုးနှောင်း အစ ဝါစျေးနှုန်း ကျနေ

. Market Price
မိုးနှောင်း အစ ပြည်တွင်း ဝါစျေးနှုန်း များ အနည်းငယ်ကျ သွား ကြောင်း ဝါလုပ်ငန်းရှင် အသိုင်း အဝိုင်းမှ သိရသည်။
  • လက်ရှိ ဝါ အထွက်နှုန်းများနေသည့် အပြင် မိုးရွာသွင်းမှုများနေခြင်းကြောင့်ကဝါ များ စိုစွတ်မှုများ ရှိကာ စျေးကျဆင်းနေခြင်းဖြစ်ကြောင်းလည်း သုံးသပ် ကြသည်။

    “ အဓိက က ဝယ်လိုအားရောင်းလိုအားပေါ့ ။ ဝါလဲ ပိုထွက်လာတယ်။ ဝါတွေ လဲ စိုတော့ စျေး က ကျသွားတာလို့ပြောလို့ရတယ်။ ဝါ မစိုရင် စျေးမကျပါဘူး ။ မိုးကြိုတုန်းက ၃၅၀၀ ထိရှိတယ် ။မိုးကြိုတုန်းက ပျော်ပွယ် ၊သာစည်ဘက်ပဲ ရှိတာ ဒီဘက်တွေ မထွက်သေးဘူး။ အခု က တစ်နိုင်ငံလုံးကို ထွက်လာတယ်။ “ ဟု မန္တလေး မြို့ ၊စက်မှုဇုန် ၁ မှ သီဟမျိုး ဝါ စက် ဆီစက် နှင့် ဝါဂွမ်းရောင်းဝယ်ရေးမှ ကိုသီဟမျိုး မှပြောသည်။

    လက်ရှိ စျေးကွက်တွင် ဝါ ခြောက်များကိုသာ အဓိက ထား စျေးပို ပေး၍ဝယ်ယူနေပြီး ပြည်တွင်းဝါ စျေးနှုန်း မှာ တက်လိုက် ကျလိုက်ဖြစ်နေကြောင်း ဝါလုပ်ငန်းရှင်းများ အဖွဲ့မှ သိရသည်။

    မိုးကြိုအစ က ဝါ တပိဿာ လျှင် ၃၅၀၀အထိ ရှိခဲ့ပြီး လက်ရှိ ဝါ စျေးနှုန်းမှာ ဝါ စိုနေပါက တစ်ပိဿာလျှင် ၂၈၀၀မှ ၃၀၀၀ အထိ ၊ ဝါ ခြောက်ပါက ၃၁၀၀မှ ၃၂၀၀ အထိ သာရှိကြောင်း စျေးကွက် မှ စုံစမ်းသိရှိရပြီး ဒေသတခုနှင့် တစ်ခု စျေးနှုန်း များ အနိမ့်အမြင့် ကွာ ကာ အရောင်းဝယ်ဖြစ်နေကြ ကြောင်းသိရသည်။

    “ဝါစျေး လက်ရှိ ၃၀၀၀ဝန်းကျင်လောက်ပဲ ဖြစ်နေမှာပါ။စျေးကွက်က တော့ နည်းနည်း ကျတယ်။ဒါပေမဲ့ တက်လိုက်ကျလိုက် ပါပဲ “ ဟုဝါလုပ်ငန်းရှင်းများ အဖွဲ့မှ တာဝန်ရှိတစ်ဦး ကပြောသည်။

    လက်ရှိ ပေါက်စျေးမှာ လုပ်ငန်းရှင်များ အတွက် အကျိုးအမြတ် များများ မရှိနိုင်ကြောင်း သိရပြီး စက်သမားများ အနေဖြင့် စက်ခ ကျန်လောက်သာရှိကြောင်း နှင့် တောင်သူတွေအနေဖြင့်လည်း စိုက်စရိုတ် ကြီး သည့် အတွက် အကျိုး အမြတ် သိပ်မကျန်ကြောင်း သိရသည်။

    လက်ရှိတွင် ဝါ ကို တရုတ်ဘက် သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ တဆင့် တင်ပို့ နေခြင်း ဖြစ်ပြီး ပုံမှန် ဝယ်ယူ မူများ ရှိ နေမည်ဆိုပါက စျေးကွက် ကောင်းနိုင် ကြောင်းကုန်သည်များထံမှ သိရသည်။

    မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှတစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ် ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးလျက်ရှိ ရာ ဝါဂွမ်း တင်ပို့မှုအတွက် အများဆုံထုတ်ပေးလျက်ရှိ

    ကြောင်းသိရသည်။

    ပြည်တွင်းလုံလောက်ပြီးပြည်ပပို့ကုန်လျာထားချက်များအောင်မြင်ရေးအတွက်စိုက်ဧကတိုးချဲ့ဖို့ထက်အရည် အသွေးမှီဝါများတစ်ဧကအထွက်နှုန်းကောင်းရန်ကျိုးပမ်း နေကြောင်း နှင့် မျိုးကောင်းမျိုးသန့်များကောင်းစွာလွှမ်းခြုံနိင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြည်ပစပ်မျိုးတင်သွင်းကုမ္ပဏီများအားဆက်သွယ်ဖိတ်ခေါ်ကူညီပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဝါနှင့် ဝါထွက် ပစ္စည်းလုပ်ငန်းရှင်းအသင်း မှ သိရသည်။

    ဝါကို မိုးနှမ်းနှင့် အတူ ၅လပိုင်းကျော် ၆လပိုင်း ခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။

    ဖိုးချဲ(AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views3240