cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက်

. Weather News
ငါးဗိုက်ဖောင်းရောဂါကြောင့် ဝမ်းဗိုက်အတွင်း အစိမ်းရောင် သို့မဟုတ် အဝါရောင်အရည်များ စုဝေးပြီး ငါးများ ရေတွင် ကောင်းစွာ မကူးခတ်နိုင်ခြင်း၊ အစာစားနှုန်း ကျဆင်းပြီး သေနိုင်ပါသည်။
  • ၁။ ပွင့်ဖြူမြို့နယ် 

    ယနေ့ မိုးရွာရန် ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ အောက်တိုဘာ ၁၉၊ ၂၀၊ ၂၁၊ ၂၄ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းရှိသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်း၊ ၂၃ ရက်နေ့မှာ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ဖို့ များပါတယ်။

    ၂။စလင်းမြို့နယ် 

    ယနေ့ မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ ၂၀၊ ၂၁ ရက်တို့မှာလည်း ၄၀ ရာခိုင်နှုန်းရှိသဖြင့် နေပြင်းနိုင်ပါတယ်။ ၁၉၊ ၂၂၊ ၂၄ ရက်တို့မှာ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့မှာ ၇၅ ရာခိုင်နှုန်းရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    ၃။စေတုတ္တရာမြို့နယ် 

    ယနေ့နှင့် အောက်တိုဘာ ၁၉၊ ၂၀၊ ၂၁၊ ၂၄ ရက်တို့မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၂၂၊ ၂၃ ရက်တို့မှာ ၇၅ ရာခိုင်နှုန်းရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ 

    ၄။ မင်းဘူးမြို့နယ် 

    ယနေ့ မိုးရွာရန် ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ အောက်တိုဘာ ၁၉၊ ၂၀၊ ၂၁၊ ၂၄ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းရှိသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်း၊ ၂၃ ရက်နေ့မှာ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ဖို့ များပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက

     

    ငါးဗိုက်ဖောင်းရောဂါကြောင့် ဝမ်းဗိုက်အတွင်း အစိမ်းရောင် သို့မဟုတ် အဝါရောင်အရည်များ စုဝေးပြီး ငါးများ ရေတွင် ကောင်းစွာ မကူးခတ်နိုင်ခြင်း၊ အစာစားနှုန်း ကျဆင်းပြီး သေနိုင်ပါသည်။

    ရောဂါဖြစ်ပွားသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော်ရည်တွင် ၁မိနစ် (သို့) ၂မိနစ်စိမ်ပေးပါ။

    ကန်ရေသန့်ရှင်းအောင် ထားပြီး အောက်ခြေမှ အညစ်အကြေးနှင့် မစင်များကို ပြောင်ထုတ်ပေးရပါမည်။ တဧကလျှင် ထုံးပိဿာ ၃၀နှုန်း ထည့်ပေးပါ။ သဘာဝမြေသြဇာသုံးခြင်းကို ယာယီရပ်ဆိုင်းထားပါ။ အမော်စလင်ဆေးကို အစာတစ်ကီလိုလျှင် (၂-၃) ဂရမ်ထည့်ပြီး ၇ရက်ခန့်ကြွေးပေးပါ။ 

    Weather Source: CIAT 

    Photo by Ko Ye


  • article
likes
9
comments
0
views
17459