cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဂျင်းစိမ်းအသုံးပြု၍ ပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း

. Home Garden
ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်၊ နွားကျင်ငယ်ရည်အရော

ကြက်သွန်ဖြူ (၃၀)ကျပ်သား၊ ငရုတ်သီး (၁၅) ကျပ်သား၊ ဂျင်းတက် (၁၅) ကျပ်သားတို့ကို ကြေညက်အောင်ထောင်းပြီး ရေအနည်းငယ်ဖြင့်ပျစ်ချွဲချွဲရအောင်ရောစပ်ပါ။
  • ပေါက်ရောက်ပုံ

    ဂျင်းစိမ်းကိုတရုတ်ပြည်တွင် ဘီစီ ၄၀၀၀ ခန့်ကတည်းကအသုံးပြုခဲ့ကြပြီဖြစ်သည်။ ဂရိနှင့်ရောမနိုင်ငံတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲခဲ့ကြပြီးစပိန်လူမျိုးများမှတဆင့်ကမ္ဘာ့ အနောက်ခြမ်းဒေသသို့ ပျံ့နှံ့လာခဲ့သည်။ ဂျင်းစိမ်းကိုနုန်းမြေ၊ မြေမွမြေများတွင် နေရာဒေသမရွေး စိုက်နိုင်ပြီးပင်လယ်ပြင်ညီ အရပ်မှ အမြင့်ပေ (၅၀၀၀) အထိစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

    အသုံးပြုနိုင်သောအပင်အစိတ်အပိုင်းများ

    ဂျင်းတက်

    အာနိသင်သက်ရောက်ပုံ

    တွန်းလှန်ဆေး၊ ပိုးသေဆေး၊ နီမတုတ်သတ်ဆေး၊ မှိုသတ်ဆေး။

    နှိမ်နင်းနိုင်သည့်ပိုးမွှားရောဂါများ

    ဖျက်ပိုးများ

    (၁) အမေရိကန် သီးလုံးဖောက်ပိုး

    (၂) ပျများ

    (၃) သရစ်ပိုး

    (၄) ယင်ဖြူ

    နီမတုတ်များ

    မြစ်ဖုနီမတုတ်

    အပင်ရောဂါများ

    (၁) စပါးရွက်ညိုပြောက်ရောဂါ

    (၂) သရက်မှည့်ပြောက်စွန်းရောဂါ

    သိုလှောင်ဖျက်ပိုးများ

    ပဲစေ့ထွင်းကျိုင်း

    ပြင်ဆင်အသုံးချနည်း

    (က) ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ပွအရော

    ကြက်သွန်ဖြူ (၃၀) ကျပ်သားကိုညက်အောင်ထောင်းပြီးရေနံဆီ ဟင်းစားဇွန်း (၁၃) ဇွန်းဖြင့်တစ်ည စိမ်ထားပါ။ နောက်နေ့တွင် ကြက်သွန်ဖြူအခွံဖတ်များကိုဖယ်ရှားပါ။ ငရုတ်သီးစိမ်း(၃၀)ကျပ်သားကို ထောင်း၍ ရေ(၇)ဇွန်းနှင့် ရောမွေပါ။ ဂျင်းတက်(၃၀)ကျပ်သားကို ညက်အောင်ထောင်းပါ။ ထို့နောက် အထက်ပါ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်းထောင်း (၃)မျိုးကို ရေ(၃၀-၄၀) ပုလင်း၊ ဆပ်ပြာရည် (၄)ဇွန်းတို့ဖြင့် ရောစပ်၍သမအောင် မွှေနှောက်ပြီးအရည်စစ်ချပါ။ အထက်ပါနှုန်းအတိုင်းလိုအပ်သော စစ်ရည်ပမာဏရအောင် ဖော်စပ်အသုံးပြုပါ။ ယေဘုယျအားဖြင့် စိုက်ခင်း(၂.၅)ဧကအတွက် ကြက်သွန်ဖြူ (၁.၅) ပိဿာ၊ ဂျင်းတက် (၇၅) ကျပ်သား၊ ငရုတ် (၇၅) ကျပ်သားလိုအပ်သည်။

    (ခ) ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်၊ နွားကျင်ငယ်ရည်အရော

    ကြက်သွန်ဖြူ (၃၀)ကျပ်သား၊ ငရုတ်သီး (၁၅) ကျပ်သား၊ ဂျင်းတက် (၁၅) ကျပ်သားတို့ကို ကြေညက်အောင်ထောင်းပြီး ရေအနည်းငယ်ဖြင့်ပျစ်ချွဲချွဲရအောင်ရောစပ်ပါ။ တမာစေ့ကြိတ်ဆီ (၆၅) ဇွန်း၊ ဆေးရွက်ကြီး စိမ်ရည်(၆၅) ဇွန်းတို့ကို အထက်ကပျစ်ချွဲရည်နှင့်ရောစပ်ပြီး ၎င်းထဲသို့နွားကြီး ကျင်ငယ်ရည်(၆-၇) ပုလင်းခန့် ထပ်မံရောစပ်ပြီး (၇၂)နာရီနှပ်ထားပါ။ အထက်ပါစိမ်ရည်ကို ရေ(၁၅)ဂါလံနှင့် ဖျော်စပ်ပြီးအရည်စစ်ချပါ။ အသုံးပြုခါနီးတွင် အထက်ပါဖျော်ရည်တစ်ပုလင်းလျှင် ဆပ်ပြာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှုန်းဖြင့်ရောစပ်အသုံးပြုပါ။

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes12comments2
views5358