cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၇၀၀၀ ကျော် တင်ပို့ခဲ့

. Market Price
စက်တင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတင်ပို့မှုဟာ သြဂုတ်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် တစ်သောင်းကျော်‌ လျော့နည်းတင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
  •      ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၇၀၀၀ ကျော် တင်ပို့ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။ 

          စက်တင်ဘာလအတွင်း ရော်ဘာတင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၈၀၀ ကျော်၊ အိန္ဒိယသို့ တန်ချိန် ၅၀၄ တန်၊ ကိုရီးယားသို့ တန်ချိန် ၂၀၀ ကျော် တင်ပို့ခဲ့ရပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်သို့ ကန်ဒေါ်လာ ၇ ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၈၂၀ ကျော် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ 

          ဒါကြောင့် လမ်းကြောင်းနှစ်သွယ်မှ စုစုပေါင်းတင်ပို့မှုဟာ ရော်ဘာတန်ချိန် ၇၃၃၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉ ဒသမ ၀၃၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 

          စက်တင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတင်ပို့မှုဟာ သြဂုတ်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် တစ်သောင်းကျော်‌ လျော့နည်းတင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
10
comments
0
views
6052