cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးဆစ်ပိုး အဖျက်မျိုးကို ထိထိရောက်ရောက် ကာကွယ်နည်းများ

. Pests Management
စပါးဆစ်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ “ဧရာမင်း” လို စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။
  • --------------------------------------- 

    - အပင်ပေါက်အရွယ်ကစလို့ အပင်ကြီးဖြစ်တဲ့အထိ အပင်ရဲ့ကြီးထွားမှု အဆင့်တိုင်းမှာ နွေစပါးခင်းကို ဖျက်ဆီးတတ်ပါတယ်။ 

    ဖျက်ဆီးမှု လက္ခဏာများ 

    - ဖလံကောင်အဆင့်မှာ အဝါရောင်ရှိပြီးတော့ အတောင်တွေမှာ အမဲစက်များရှိပါတယ်။ 

    - လောက်ကောင်အဆင့်မှာ ပင်စည်ထဲမှာ တွေ့ရတတ်ပြီး ပင်စည်ကို စားသောက်ဖျက်ဆီးတတ်တယ်။ 

    - ပင်ပိုင်းကြီးထွားတဲ့ အဆင့် မှာဆို ပိုးကျနေတဲ့အပင်ဟာ ဆွဲနူတ်မယ်ဆိုရင် အရင်းကနေ အလွယ်တကူ ပြတ်သွားတတ်ပါတယ်။ ဒါကို အလယ်အူတိုင် ပုပ်ခြင်း (အူပုပ်ရောဂါ) လို့ ခေါ်ပါတယ်။ 

    - နောက်ဆုံးမှာ စပါးနှံသည် အစေ့အဆန် မတည်နိုင်ပဲ အနှံဖြူနေခြင်းကို တွေ့ရပါသည်။ ဆစ်ပိုးအမ အကောင်ကြီးအဆင့် လောက်ကောင်အဆင့် 

    မိုးစပါးတွင် ကျရောက်တတ်သော စပါးဆစ်ပိုးကို နှိမ်နင်းခြင်းမိုးစပါးခင်းကို စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ အောက်မှာ ဖေါ်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့်ပါတယ်။ 

    - စပါးဆစ်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ “ဧရာမင်း” လို စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ 

    - ပျိုးပင်အဆင့်နဲ့ ရွေ့ပြောင်း စိုက်ပျိုးဆဲ အဆင့်တွေမှာ ပိုးကောင်ရဲ့ ဥတွေကို ဖယ်ရှား ဖျက်ဆီးဖို့ အရွက်ထိပ်တွေကို ဖြတ်ပစ်ပါ။ 

    - နိုက်ထရိုဂျင် ပါဝင်တဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲတာကို ရှောင်ကြဉ်ပါ။ 

    - တမာကြိတ်ဖတ် ကို တစ်ဧကလျင် ၄၂ မှ ၅၀ ဂရမ် သုံးစွဲပေးပါ။ 

    - တစ်ဧကလျင် မီးထောင်ခြောက် ၂ ခုစီ ထားပေးပါ။ 

    - တတ်နိုင်သလောက် ဘေးပတ်ဝန်းကျင်က စပါးကွင်းများနှင့် ညီအောင် အချိန်ကိုက် စိုက်ပျိုးပေးပါ။ 

    - ပင်ပွားစည်းချိန်နှင့် ဖုံးတုံးလုံးတုံး အချိန်တွင် ထရိုက်ဂို ဂရားမား နဂျီကို စိုက်ခင်းထဲသို့ လွှတ်ပေးရမည်။ နဂျီဥကတ် (၁) ကတ်တွင် နဂျီကောင်ပေါင်း (၁၀၀၀) ပါသည်။ စပါးခင်း တစ်ဧကတွင် နဂျီဥကတ်ပေါင်း (၄၀)ကို (၃) ကြိမ်လွှတ်ပေးရမည်။ ( မိမိတို့ ဒေသရှိ နီးစပ်ရာ စိုက်ပျိုးရေး ရုံးများတွင် နဂျီဥကတ်ကို စုံစမ်း မေးမြန်းနိုင်သည်) 

    - စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်တဲ့ ပိုးသတ်ဆေးတွေကို အကြံပြု တိုက်တွန်းထားပါတယ်။ 

    - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာတက် (၉၅%) (Cartap 95% SP)၊ စားပွဲတင်ဇွန်း( ၃ )ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ 

    - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကလိုရမ် ထရန်နီလီပိုး+ သိုင်ရာမီသိုဇမ် (Chlorantraniliprole+Thiamethoxam 40%WG ) (၃) ဂရမ် အထုပ်သေးတစ်ထုပ်ကို အသုံးပြုပေးပါ။ 

    -ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide 240% WG )၊ စားပွဲတင်ဇွန်း(ဇွန်းဝက်-၁)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊(သို့မဟုတ်) ကာတက် ဟိုက်ဒရို ကလိုရိုက် ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် စားပွဲတင်ဇွန်း(၂-၄)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ကာဘိုဆာလ်ဖန် ၄၀ စီစီ စားပွဲတင်ဇွန်း(၂-၄)ဇွန်း အသုံးပြုနိုင်သည်။ ဒါမှမဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တဲ့ ပိုးသတ်ဆေးထုတ်များမှာ ပါရှိတဲ့ မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ (မြန်မာစာ ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပြီး လိုက်နာ ဆောင်ရွက်ပေးပါ) 

    ထွက်တိုး 

    Source:စိုက်ပျိုးရေးဦးစီးဌာန 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes8comments1
views4860