cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးမြူရေးတွင် သတိထားရမယ့် ငါးအနီစက်ရောဂါ

. Fish Technical Guideline
ရေချိုငါးများတွင် အဖြစ်များပါသည်။ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းမှာ အောက်ပါအတိုင်း ဆောင်ရွက်ပါ။
  • ဘတ်တီးရီးယားကြောင့် ဖြစ်ပွားသော အနီစက်ရောဂါဖြစ်ပါသည်။ Hemorrhagic ရောဂါ (အနီစက်ရောဂါ)သည် ရေချိုငါးများတွင် အဖြစ်များပါသည်။ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းမှာ အောက်ပါအတိုင်း ဆောင်ရွက်ပါ။

    ကန်သန့်ရှင်းအောင်ပြုလုပ်ပါ။ ငါးအသေများကို ကန်အတွင်းမှဖယ်ရှားပါ။

    ကန်ရေ အရည်အသွေးကောင်းမွန်ပြီး ငါးအသေမတွေ့ရှိပါက ကန်ရေ၏ ၃၀ ရာခိုင်နှုန်းကို လှယ်ပေးရမည် ဖြစ်ပါသည်။

    လိုအပ်ပါ ကန်အောက်ခြေရှိ အညစ်အကြေးများကို ဂရုတစိုက်စစ်ဆေးကာ ဆိုက်ဖွန်နည်းဖြင့် ဖယ်ရှားရမည်။

    ပုံမှန်ထုံးအိတ်များ ပိုးသတ်ရန်ချိတ်ဆွဲသင့်သည်။ ပမာဏမှာ ၁၀၀ ကုဗမီတာတွင် မဖောက်ထုံး ၂ ကီလိုဂရမ် ကို ၃ပတ်ကြာ ချိတ်ဆွဲထားသင့်သည်။

    Oxytetracycline၊ Erythromycin၊ Sulfamethoxazole တို့ကို ငါးအစာ တစ်ကီလိုတွင် ၃-၅ ဂရမ် ရောနှောကာ ကြွေးသည့် စနစ်ကိုလည်း အသုံးပြုနိုင်သည်။

    (သို့မဟုတ်) တစ်ဧက ကန်အတွက် ထုံး (၃၀) ပိဿာကို ကန်အနှံ့ ရေဖျော်ပြီး ပက်ပေးနိုင်ပါသည်။ ရောဂါပြင်းထန်နေပါက တစ်ဧကလျှင် ထုံး (၁၅)ပိဿာ နှင့် ဆား (၁၅)ပိဿာကို ရောပြီး ပက်ပေးပါက ရောဂါ ပျောက်ကင်း နိုင်ပါသည်။

    ထွက်တိုး မေးဖြေကဏ္ဍမှ ကောက်နှုတ်ချက်

    ----

    ငါးမွေးမြူရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုး မေးဖြေကဏ္ဍမှာ https://htwettoe.com/download ဝင်ရောက်ဆွေးနွေး ပြီး ပညာရှင်များနှင့် အခြားတောင်သူများထံမှ အကြံဉာဏ်ရယူနိုင်ပါတယ်နော်။


  • article
likes7comments0
views4869