cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီ ရည်ညွန်းစျေး သတ်မှတ်ပေးထားသော်လည်း ပြင်ပ ပေါက်စျေးမှ ၈၀၀၀ နီးပါးအထိရှိနေ

. Market Price
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း အသိပေးထားသည်။
  • မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများ အသင်း မှ ချမှတ်ပေးထားသည့် စားအုန်းဆီဆိုင်များ မှ ရည်ညွန်းစျေးဖြင့် ရောင်းချပေးနေသော်လည်း ပြင်ပ ပေါက်စျေးမှ ၈၀၀၀နီးပါးအထိ ရှိ နေသေးကြောင်း စျေးကွက်မှ သိရသည်။

    လက်ရှိ အသင်းမှ သတ်မှတ်ပေးထားသော ဘုရင့်နောင်ပွဲရုံများမှ မြို့နယ်အသီးသီးရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးနေပြီး စည်ပင်သာယာ မှ လည်း ဆီအရောင်းဆိုင်များ နှင့်ကိုယ်စားလှယ်များ သတ်မှတ်ပေးကာ စားသုံးသူများထံ သို့ ရောင်းချပေးနေကြောင်းသိရသည်။

    သို့သော် တချို့ဆိုင်များ မှာ တန်းစီးစနစ်ဖြစ်လည်ကောင်း၊ တစ်ဦးလျှင် ဆီ၂၅ကျပ်သား သာ ရောင်း ပေးသည့် အစီစဉ်ဖြင့် လည်ကောင်း အကန့်သတ်ဖြင့်ရောင်းချပေးနေသောကြောင့် စားသုံးသူများ လိုသလောက် ဝယ်ယူ၍ မရကာ ပြင်ပ ပေါက်စျေး ၇၅၀၀ မှ ၇၈၀၀ အထက် အထိ အရောင်းဝယ် လုပ်နေကြကြောင်း သိရသည်။

    “ အဓိက စားအုန်းဆီ တင်သွင်းနေတဲ့ နိုင်ငံတွေ ကလဲ စားအုန်းဆီ ကို အကန့်သတ်နဲ့ ပဲ ပေးတော့တယ်။ တချို့ဆိုင်တွေ တင်သွင်းသူတွေဆီ က စားဆီ ပြန်ရောင်းဖို့ လုံလုံလောက်လောက်မရတာမျိုးတွေရှိတယ်။

    တချို့ရောင်းခွင့်ရတဲ့ ဆိုင် တွေပဲ ခွဲတမ်းရတော့ တပိုင်တနိုင်ရောင်းနေတဲ့သူတွေ အတွက် စျေးကွက်ပျောက်သွားတာပေါ့ ။လိုအပ်သလို မရတော့ဘူး ။ဒါကြောင့် ရည်ညွန်းစျေး အပြင် ပြင်ပ ပေါက် စျေးဆိုတာဖြစ်လာတာ။ အခုဆို ၇၅၀၀လောက် ရောင်းနေကြတယ်။ “ ဟု မန္တလေးမြို့ရှိ စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

    သို့သော် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ အောက်တိုဘာလ ၂၄ ရက်နေ့ မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာ လျှင် ၄,၇၂၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ထားခြင်းလည်းရှိသည်။

    “ တန်းစီ ရောင်းပေးတုန်း က တချို့တွေက တန်းစီ ပြီး ဆီ​ရောင်းဆိုင် သမား တွေ ကို ပြန်သွင်း ကြတယ် ။ ဆီအရောင်းဆိုင်တွေ နဲ့ လုပ်စားနေကြတာ။ ခွဲတမ်းရ တချို့ဆိုင်တွေက လည်း ခွဲ တမ်းရပြီး သတ် မှတ် စျေး ဗန်းပြသာရောင်း တယ်။ အပြင်မှာဒီဆီကိုဘဲ စျေးတင် ပြန်ရောင်းကြတယ်”ဟု တနိုင်တပိုင် ဆီဝယ်ရောင်းလုပ်ကိုင်သူ ကိုမိုးရွှေကပြောသည်။

    ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း အသိပေးထားသည်။

    ပြီးခဲ့သည့် အောအေတိုဘာ ၂၃ရက်နေ့က စားအုန်းဆီ တပိဿလျှင် ရည်ညွန်းစျေး ၄၃၉၅ကျပ် သတ်မှတ်ထားသော်လည်း အောက်တိုဘာ ၂၄ရက်တွင် တပိဿလျှင် ၄၇၂၅ ကျပ် သို့ မြင့်တက်ခဲ့ ခြင်း ဖြစ်၍ ရည်ညွန်းစျေးမှာလည်း တဖြေးဖြေး မြင့်တက်လျက်ရှိ သည်။

    “ အောက်တိုဘာ၂၃ရက်နေ့က ဝယ်တာ တပိဿ ကို ၄၆၀၀ကျပ်နဲ့ ရခဲ့ တယ်။ဒါပေမဲ့ တယောက်ကို ၂၅သားပဲ ရောင်းတယ် ပြောတယ် ။ ၅၀သား တောင် မရောင်းဘူး ။ရည်ညွန်းစျေးက ၄၃၉၅ကို ၄၆၀၀ နဲ့ရောင်းတယ် ၊စားသုံးသူထံ နည်းနည်းကို အမြတ်တင်လိုက်ရမှ။ ကိုယ်ပိုက်ဆံနဲ့ ဝယ်တာတောင် လိုသလောက်မရခဲ့ဘူး “ဟု ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦး မကြည်က ပြောသည်။

    ပြည်တွင်း ၌ စားအုန်းဆီ သုံးစွဲမူ တစ်နှစ် လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိ သောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်ကြား အား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီမျာကို အဓိက ထား၍ တင်သွင်းနေရကြောင်းသိရသည်။

    အုန်းဆီ အဓိကတင်သွင်း နေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ မှ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချထားခြင်းကြောင့် တင်သွင်းသူများ မှ ပြည်တွင်း လက်လီ လက်ကာ အရောင်းဆိုင်များ သို့ ဆီ အကန့်သတ်ဖြင့် သာ ဖြန့်ဖြူ နေရ ခြင်း ကြောင့် ပြင်တွင်းစားဆီစျေး မှာ အမြင့်စျေးတွင် ရှိနေခြင်း ဖြစ်ကြောင်း လည်း ဆီလုပ်ငန်း ရှင်တစ်ချို့ ကသုံးသပ် ကြသိရသည်။

    ဖိုးချဲ(AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes2comments0
views3014