cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) ‼️

. Weather News
ခန့်မှန်းချက်၊သတိပေးချက်
  • ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) ‼️

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ ‼️‼️

    -----------------

    ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဟမွန်း” (HAMOON) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON) အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့(Chittagong) တောင်ဘက်အနီးမှ ဖြတ်ကျော်လျက်ရှိဟု သိရပါသည်။

    ဆိုင်ကလုန်းအဆင့်⛈️⛈️

    -----------------

    ဆိုင်ကလုန်းမုန်တိုင်း“ဟမွန်း”(HAMOON)၏ လက်ရှိအခြေအနေမှာ မုန်တိုင်းဖြစ်နေသော်လည်း မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမှု မရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ထားပါသည်။ သို့သော်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့သည် ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အဝန်း အဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ သက်ရောက်မှုကို ခံစားရနိုင်ပါသည်။

    ခန့်မှန်းချက်နှင့် သတိပေးချက် ⛈️❗

    -----------------

    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အနေဖြင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်နယ်စပ်ဒေသများတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအနေဖြင့် လည်းကောင်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

    ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။ ဒေသအလိုက် နေရာကွက်၍ မိုးကြီးမှုများလည်း ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။

    အကြံပြုချက် 📣📣

    -----------------

    သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အရှိန်ကြောင့်

    🔔လေပြင်း တိုက်ခတ်ခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် အပင်ကြီး/အပင်ငယ်များယိုင်လဲခြင်း၊ ကျိုးကျခြင်းများဖြစ်နိုင်သဖြင့် ဂရုပြုကြရန်၊

    🔔ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်၊

    🔔မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်ရှောင်ရှားရန်၊

    🔔စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်နေကြသော တောင်သူဦးကြီးတို့အနေနဲ့ ရိတ်သိမ်းသင့်တာကို ရိတ်သိမ်းပြီး ကြိုတင်ပြင်ဆင်ထားကြရန်၊

    🔔ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေ ခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ကာ ခိုင်ခံ့အောင်ပြုလုပ်ထားရန်၊ ရေကြီးရေလျှံလာရင် ငါးတွေလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်တွေနဲ့ ကာရံထားရန်

    🔔လိုအပ်လာပါက ငါးများရွှေ့ပြောင်းနိုင်ရန် ငါးဖမ်းပိုက်၊ စက်လှေနဲ့ စက်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားရန်၊ မျိုးငါးကြီးတွေကို ဦးစားပေးရွှေ့ပြောင်းထားကြရန်

    🔔ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

    Source:

    Department of Meteorology and Hydrology,Myanmar

    Disaster Monitoring and Response System

    ----

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes11comments1
views4178