cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ကော်ဖီကို ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမိုထိုးဖောက်နိုင်ဖို့ တိုက်တွန်း

. Market Price
မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများက အထူး စိတ်ဝင်စားကြတဲ့အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသည့် ကော်ဖီမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီကုန်ကြမ်းအဖြစ် တင်ပို့ခြင်းသာမက အမြတ်အစွန်း ကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့်ကော်ဖီကုန်ချောများကို Made in Myanmar Brand များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမိုထိုးဖောက်နိုင်မယ်လို့ ယုံကြည်မျှော်လင့် ပါတယ်”
  • မြန်မာ့ကော်ဖီကို ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမိုထိုးဖောက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားတယ်လို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ကော်ဖီလုပ်ငန်းရှင်းများနှင့် တွေ့ဆုံစဉ်မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

    ပြည်ထောင်စုဝန်ကြီး “မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများက အထူး စိတ်ဝင်စားကြတဲ့အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသည့် ကော်ဖီမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီကုန်ကြမ်းအဖြစ် တင်ပို့ခြင်းသာမက အမြတ်အစွန်း ကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့်ကော်ဖီကုန်ချောများကို Made in Myanmar Brand များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမိုထိုးဖောက်နိုင်မယ်လို့ ယုံကြည်မျှော်လင့် ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

    ယနေ့ခေတ်မျက်မှောက်ကာလတွင် ကော်ဖီထုတ်ကုန်သည် ကမ္ဘာ့ကုန်စည်ဈေးကွက်၌ ရေနံရောင်းဝယ်မှုပြီးလျှင် ဒုတိယအဆင့် အရေးပါဆုံးသော တန်ဖိုးမြှင့်သီးနှံကုန်စည်တစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖော်ဆောင်ပေးသကဲ့သို့ နိုင်ငံခြားဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်သော အလားအလာကောင်းမွန်သေချာသည့် စိုက်ပျိုးရေးအခြေခံထုတ်လုပ်မှု လုပ်ငန်းတစ်ခုဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

    ပြည်တွင်းတွင် ကော်ဖီစိုက်ပျိုးမှုကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ၊ ချင်းပြည်နယ်တီးတိန်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်ဒေသနှင့် ရွာငံဒေသတို့မှ ထွက်ရှိသည့် မြန်မာ့အာရေးဗီးကားကော်ဖီဟာ ကမ္ဘာ့အဆင့်မီသည့် Special Coffee အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ် စသည့် နိုင်ငံနှင့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ The Speciality Coffee Association of Japan အသင်းအဖွဲ့မှ ကြီးမှူး၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် World Speciality Coffee Conference & Exhibition တွင် မြန်မာနိုင်ငံကော်ဖီအသင်းမှ ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီများကို ပါဝင်ပြသလျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

    ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကော်ဖီကို ဒေသတစ်ခုထုတ်ကုန်တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ လုပ်ငန်းသုံးစက်ကိရိယာများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်အစီအစဉ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရှိရပါတယ်။

    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြင်ဦးလွင်ဒေသတွင် ဧကပေါင်း ၈၅၀ ဒသမ ၅၀ အတွက် ကော်ဖီစိုက်ပျိုးတောင်သူ ၁၈ ဦးကို ငွေကျပ်၂၅၅ ဒသမ ၁၅ သန်း ထုတ်ချေးပေးပြီး ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရှိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes7comments0
views3834