cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အယ်နီညိုရာသီဉတုအချိန်တွင် ငါး၊ ပုစွန်မွေးကန်များ သတိပြုရမည့် အချက်များ

. Fish Technical Guideline
ယခုအချိန်သည် အယ်နီညို ရာသီဉတုဖြစ်စဉ်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များ သတ်မှတ်ထား ကြပါသည်။ အဆိုပါ ရာသီသည် မိုးများခြင်းနှင့် မုန်တိုင်းဖြစ်စဉ်များဖြစ်သည့်အပြင် ပူပြင်းခြောက်သွေ့သော အခြေအနေများဖြစ်ပါသည်။ ဆိုလိုသည်မှာ အပူချိန်မြင့်မားစွာ ခံစားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
  • article
  • ယခုအချိန်သည် အယ်နီညို ရာသီဉတုဖြစ်စဉ်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များ သတ်မှတ်ထား ကြပါသည်။ အဆိုပါ ရာသီသည် မိုးများခြင်းနှင့် မုန်တိုင်းဖြစ်စဉ်များဖြစ်သည့်အပြင် ပူပြင်းခြောက်သွေ့သော အခြေအနေများဖြစ်ပါသည်။ ဆိုလိုသည်မှာ အပူချိန်မြင့်မားစွာ ခံစားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

    ငါးမွေးကန်များအတွက် ကန်ရေ၏ အပူချိန်ပြောင်းလဲခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း၏ ဇီဝဖြစ် စဉ်နှင့် ဓါတုဖြစ်စဉ်များအပေါ် လွမ်းမိုးမှုရှိပါသည်။ ငါးမျိုးစိတ်အလိုက် အသက်ရှင်ရန်နှင့် ကြီးထွားရန်အ တွက် သင့်တော်သော ရေအပူချိန် လိုအပ်ပါသည်။ ကန်ရေအပူချိန် နည်းနေခြင်း ၊ များနေခြင်း ဖြစ်ပေါ်လာပါ က သားကြီးထွားနှုန်းကို ထိခိုက်စေပါသည်။ ငါးမွေးကန်တစ်ခု၏ ပုံမှန် ရှိသင့်သော ကန်ရေအပူချိန်သည် (၂၅ ဒီဂရီစင်တီဂရိတ် မှ ၃၃ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါသည်။ သို့သော် ငါးများ၏ မျိုးစိတ်အလိုက် ကန်ရေ အပူချိန်လိုအပ်ချက်များ ရှိပါသည်။ တီလားပီယားငါးသည် ကန်ရေအပူချိန် (၂၀ မှ ၃၀) ဒီဂရီစင်တီဂရိတ် လိုအပ်သော်လည်း (၂၅ဒီဂရီစင်တီဂရိတ်)သည် အကောင်းဆုံးဖြစ်ပါသည်။ မြက်စားငါးကြင်းသည် (၂၅.၃) ဒီ ဂရီစင်တီဂရိတ်တွင် သင့်လျှော်ပါသည်။ ငါးကြင်အုပ်စုဝင်( ငါးကြင်း ငါးမျစ်ချင်း) ငါးမျိုးသည် (၂၀ မှ ၂၇) ဒီဂ ရီစင်တီဂရိတ်အတွင်းတွင် အကောင်းဆုံးဖြစ်ကြပါသည်။ ရေချိုပုစွန်သည် အပူချိန်(၂၈ မှ ၃၀) ဒီဂရီစင်တီဂ ရိတ်သည် အကောင်းဆုံးဖြစ်ပါသည်။

    အပူချိန်အပြောင်းအလဲသည် အပင်မျှောလှေးပေါက် (ရေဩဇာကြွယ်ဝခြင်း) ကို အကျိုးဖြစ်ထွန်း စေပါသည်။ အပူချိန်မြင့်မားပါက ကန်အတွင်း ဆိုင်နိုဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပါသည်။ အဆိုပါ ဘက်တီးရီးယားများကို ငါးများက စားသုံးခြင်းဖြင့် ငါးများတွင် ဒိုက်အနံ့များ(တမံအနံ့)ကို ဖြစ်စေပါသည်။ ငါးကန်များတွင် ရေအပူချိန်ကို ကန်၏အပေါ်ယံ ၊အလယ်လွှာ နှင့် အောက်ခြေများတွင် အပူစီးကူးခြင်း ဖြင့် အပူချိန် ကွာခြားချက် မများစေရန်အတွက် ကန်ရေ အနက်သည် အနည်းဆုံး (၄.၅)ပေ မှ (၆.၅)ပေ အတွင်း ထားရှိရန်လိုအပ်ပါသည်။

    ယခုနှစ်တွင် ရာသီဉတု အခြေအနေအရ ကန်ရေ အပူချိန်မြင့်မားခြင်းကို ခံစားရမည်ဖြစ်ပါသည်။ ငါးကန်အတွင်း ကန်ရေ အပူချိန်ကို သတ်မှတ်ချက်အတိုင်း ရှိစေရန်အတွက် အပူချိန်ချခြင်းကို အောက်ပါ အတိုင်း ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။ ရေသွင်း ရေထုတ်ပြုလုပ်ခြင်း ၊ ကန်၏အောက်လွှာရေကို စုပ် ယူပြီး ကန်ရေအပေါ်သို့ ပြန်ခြင်း (ရေပြန်ရိုက်ခြင်း) ၊ ကန်ပတ်လည်တွင် အရိပ်ရ အပင်များ စိုက်ထားခြင်း နှင့် ကန်ရေပြင်၏ ငါးပုံ တစ်ပုံကို ဗေဒါများ ခြံခတ်ချခြင်းများ ကြိုတင်ဆောင်ရွက်ထားသင့်ပါကြောင်း တင် ပြအပ်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)



    ----

    ငါးမွေးမြူရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုး မေးဖြေကဏ္ဍမှာ

    https://htwettoe.com/download ဝင်ရောက်ဆွေးနွေး ပြီး ပညာရှင်များနှင့် အခြားတောင်သူများထံမှ အကြံဉာဏ်ရယူနိုင်ပါတယ်နော်။


likes1comments0
views2102