cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တဖန် ထွက်တိုးအဖွဲ့သားများ ဘားအံသို့ ရှောက်ရှိခဲ့ပြန်🙋‍♂️🙋‍♀️📱

. All News
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြုလုပ်ကျင်းပသော တောင်သူဆွေးနွေးပွဲတွင် ထွက်တိုးအဖွဲ့သားများမှလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။
  • ကရင်ပြည်နယ်၊ ဘာအံမြို့တွင် ပြုလုပ်ကျင်းပသော "ရေရှည်တည်တံ့သော သဘာဝရော်ဘာဆိုင်ရာလမ်းညွှန်ချက်များ Sustainable Natural Rubber(SNR Guidelines)" ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပွဲတွင် ထွက်တိုးအဖွဲ့သားများမှလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ 


    မိရိုးဖလာ မိသားစုလုပ်ငန်းကို လက်ဆင့်ကမ်းရင်း ရာဘာလောကထဲ ဝင်ရောက်လာသူဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် စိတ်ပါဝင်စားရင်း လုပ်ကိုင်နေသူဘဲ ဖြစ်ဖြစ် ကျွန်ုပ်တို့ ထွက်တိုးတွင် ရော်ဘာနှင့်ပတ်သတ်သော နည်းပညာများ၊ အကြံပြုချက်များကို အခမဲ့ ရယူနိုင်ကြောင်း၊ "ရာဘာစိုက်ပျိုးသူများ" အဖွဲ့ဝင်၍ တောင်သူဦးကြီးများ အချင်းချင်း နည်းပညာများ ဖလှယ်နိုင်ကြောင်း မိတ်ဆက်ပေးခြင်းနှင့်အတူ စိုက်ပျိုးသူများကိုယ်တိုင် ငွေကြေးပိုင်းဆိုင်ရာသင်ခန်းစာများကိုပါ လေ့လာ‌ဖြေဆိုနိုင်ပါသည်။ 


    ကျွန်ုပ်တို့ ရာဘာစိုက်တောင်သူဦးကြီးများ၊ လုပ်ငန်းရှင်ကြီးများအား 🌳🌳🧑‍🌾🧑‍🏭


    ✅ခေတ်မှီသောနည်းပညာများ၊ သတင်းအကြောင်းအရာများ ရရှိနိုင်ရန်၊ 

    ✅ကြုံတွေ့နေရသော အခက်အခဲများအတွက် အကြံပြုချက်များ ရယူနိုင်ရန်၊ 

    ✅ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေသော ပေါက်ဈေးနှုန်းများ သိရှိနိုင်ရန်၊ 

    ✅ပြောင်းလဲနေသော ရာသီဥတုနှင့် မိုးလေဝသဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် စသည်ဖြင့် ..

    ထွက်တိုးမှ စဉ်ဆက်မပြတ် ကြိုးစားပေးလျက်ရှိပါသည်။ 

    ရာဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကြီး ရေရှည်တည်တံ့နိုင်ဖို့ ကျွန်ုပ်တို့ ထွက်တိုးမှ နည်းပညာ‌ထောင်ပံ့ပေးခြင်း

    အားဖြင့် တစ်ဖက်တစ်လှမ်းမှ ‌ကူညီပေး‌ခြင်း ဖြစ်ပါသည်....

    ------------------

    စိုက်ပျိုး၊မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ပတ်သတ်သောဆောင်းပါးများ၊ နည်းလမ်းများ ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - -https://htwettoe.com/download

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ - https://www.facebook.com/groups/2432746880363676/ 

    ထွက်တိုး Telegram Channel - https://t.me/htwettoe

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes
10
comments
0
views
3819