cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဝဥ ပေါ်ချိန်တွင် တရုတ်သို့ ရေလမ်းကြောင်းကပါ တင်ပို့နေရ

. All News
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစကာ ပြည်တွင်း၌ ဝဥများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဝဥစက်ရုံများ ပြန်လည် လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။
  • မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့ ဝဥများကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းကပါ တင်ပို့လျက်ရှိကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်များထံမှ သိရပါတယ်။ 

         ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစကာ ပြည်တွင်း၌ ဝဥများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဝဥစက်ရုံများ ပြန်လည် လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။ 

         ဝဥအစိုများကို စက်ဖြင့် ရေဆေး၊ အခွံခွာ ပါးပါးလှီး၍ အခြောက်ခံကာ ထုတ်လုပ်ခြင်းဖြစ်ပြီး ဝဥအစို ၆ ပိဿာကျော်ကို ဝဥအခြောက် တစ်ပိဿာရရှိကာ ဝဥအခြောက်ပြားများကိုတော့ ထုတ်ပိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပါတယ်။ 

         ဝဥအခြောက်များကို ယခင်က တရုတ်သို့ တင်ပို့ရာတွင် ချင်းရွှေဟော်နယ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နေခြင်းဖြစ်ပြီး ယခုအခါမှာတော့ နယ်စပ်လမ်းကြောင်းအပြင် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

         ပြည်တွင်း၌ စက်တင်ဘာလအတွင်း ဝဥ စပေါ်ချိန်တွင် ဝဥအစို တစ်ပိဿာကို စက်ရုံအရောက်စျေးမှာ ကျပ် ၁၀၀၀ ကျော်ရှိတယ်လို့ ဝဥစိုက်ပျိုးသူများထံမှ သိရပါတယ်။ 

         မြန်မာနိုင်ငံထဲက ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဝဥသီးနှံများ ထွက်ရှိပြီး ဝဥသီးနှံစိုက်ဧကပေါင်း ၁၃,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

    အောင်အောင် 

    opinionleaders မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views4517