cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက်

. Fish News
တပတ်စာ မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက်


  • ၁။ပွင့်ဖြူမြို့နယ်

    ယနေ့နှင့်မနက်ဖြန်အတွက် မိုးရွာရန် ၆၆% နှင့် ၄၀ % အသီးသီးရှိနိုင်ပြီး၊နိုဝင်ဘာ ၃ မှ ၇ ထိ မိုးမရွာနေသာပါမည်။

    ၂။စလင်းမြို့နယ်တစ်ပါတ်လုံးစာ မိုးမရွာနိုင်ပါ၊နေသာပါမည်။

    ၃။စေတုတ္တရာမြို့နယ်

    ယနေ့နှင့်မနက်ဖြန်အတွက် မိုးရွာရန် ၆၆% နှင့် ၄၀ % အသီးသီးရှိနိုင်ပြီး၊နိုဝင်ဘာ ၃ မှ ၇ ထိ မိုးမရွာနေသာပါမည်။

    ၄။မင်းဘူးမြို့နယ်

    နိုဝင်ဘာ ၁-၃ ထိ မိုးရွာရန် ၆၆၊၄၀ ရာခိုင်နှုန်းအသီးသီး ရှိပါမည်။ ကျန်ရက်များမှာ မိုးမရွာနိုင်ပါ။


    ငါးကန်များအတွက်အကြံပြုချက်•

    ဘတ်တီးရီးယားကြောင့် ဖြစ်ပွားသော အနီစက်ရောဂါဖြစ်ပါသည်။ Hemorrhagic ရောဂါ (အနီစက်ရောဂါ)သည် ရေချိုငါးများတွင် အဖြစ်များပါသည်။ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းမှာ အောက်ပါအတိုင်း ဆောင်ရွက်ပါ။

    • ကန်သန့်ရှင်းအောင် ပြုလုပ်ပါ။ ငါးအသေများကို ကန်အတွင်းမှဖယ်ရှားပါ။

    • ကန်ရေ အရည်အသွေးကောင်းမွန်ပြီး ငါးအသေမတွေ့ရှိပါက ကန်ရေ၏ ၃၀ ရာခိုင်နှုန်းကို လှယ်ပေးရမည် ဖြစ်ပါသည်။

    • လိုအပ်ပါ ကန်အောက်ခြေရှိ အညစ်အကြေးများကို ဂရုတစိုက်စစ်ဆေးကာ ဆိုက်ဖွန်နည်းဖြင့် ဖယ်ရှားရမည်။

    • Oxytetracycline၊ Erythromycin၊ Sulfamethoxazole တို့ကို ငါးအစာ တစ်ကီလိုတွင် ၃-၅ ဂရမ် ရောနှောကာ ကြွေးသည့် စနစ်ကိုလည်း အသုံးပြုနိုင်သည်။

    • (သို့မဟုတ်) တစ်ဧက ကန်အတွက် ထုံး (၃၀) ပိဿာကို ကန်အနှံ့ ရေဖျော်ပြီး ပက်ပေးနိုင်ပါသည်။ ရောဂါပြင်းထန်နေပါက တစ်ဧကလျှင် ထုံး (၁၅)ပိဿာ နှင့် ဆား (၁၅)ပိဿာကို ရောပြီး ပက်ပေးပါက ရောဂါ ပျောက်ကင်း နိုင်ပါသည်။


    Source:CIAT

    ---

    ငါးမွေးမြူရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် ထွက်တိုး မေးဖြေကဏ္ဍမှာ - https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။



  • article
likes11comments0
views3945