cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဖရဲ စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့နှုန်းထားနှင့် စိုက်ပျိုးနည်းစနစ်များ

. Cultivation Methods
ဒီနေ့မှာတော့ ဖရဲပင်စိုက်ပျိုးရန်အတွက် လိုအပ်တဲ့ မျိုးစေ့ပမာဏနဲ့ စိုက်နည်းပျိုးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
  • ဖရဲ ပျိုးထောင်ခြင်း

    အပင်ပေါက်နှုန်း ကောင်းမွန်စေရန် ဖရဲစေ့ကို မြေကြီးအပူချိန် မြင့်သည့် နေရာတွင် မစိုက်ပျိုးသင့်ပါ။ စော၍ မျိုးစေ့ချပါက အပင်ပေါက်နှုန်းကို နှေးစေပြီး အပင်ပေါက် ဆုံးရှုံးမှုကိုပါ များစေသည်။ စောစောစိုက်ခြင်းသည် စောစောရိတ်သိမ်း နိုင်ပြီး ဈေးကောင်းရနိုင်သည်။ ဖရဲစေ့ကို တစ်လက်မ အနက်လောက် တွင်သာ စိုက်ပျိုးသင့်သည်။

    တစ်ဧက အတွက် မျိုးစေ့နှုန်းထားမှာ (၂၀) ဂရမ်ပါ အထုပ် (၄) ထုပ်လိုအပ်ပြီး မျိုးစေ့ (၅ဝဝ) ပါဝင်သည်။ မျိုးစေ့ အရွယ်အစား၊ အပင်ပေါက်နှုန်း၊ ပင်ကြားတန်းကြား အကွာဝေး အပေါ်မူတည်၍ မျိုးစေ့နှုန်းထားကို အသုံးပြုနိုင်သည်။

    ရာသီဥတုနှင့် မြေအမျိုးအစားများ

    ဖရဲသည် အပူပိုင်းရာသီနှင့် သမနွေးပိုင်းရာသီများတွင် အဓိက စိုက်ပျိုးပြီး နွေးသော ရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ရေသွင်းရေထုတ်ကောင်းသည့် နှုန်းမြေသည် ဖရဲပင်အပါအဝင် ဘူး၊ ဖရုံ၊ သခွားမျိုးရင်းတွင် အပင်များအားလုံးအတွက် ကောင်းမွန်သည်။

    စိုက်ရာသီနှင့် စိုက်ပျိုးခြင်း

    ဖရဲကို နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလလယ်တွင် စိုက်ပျိုးနိုင်သည်။

    အပင်စိုက်ပျိုးနည်းများ

    မျိုးစေ့ကို စိုက်ခင်းတွင် တိုက်ရိုက်စိုက်ခြင်းထက် ပျိုးဗန်းတွင် အပင်ပျိုးပြီး စိုက်ပျိုးပါက အပင် အသေအပျောက် နည်းစေသည်။

    ရွှေ့ပြောင်းစိုက်ပျိုးခြင်း

    ပျိုးပင်ငယ်များကို ရာသီဥတု အခြေအနေပေါ် မူတည်၍ (၇) ရက်ကြာလျှင် ကွင်းထဲသို့ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ ရွှေ့ပြောင်း စိုက်ပျိုးသည့် အပင်များသည် ပုံမှန်အားဖြင့် တိုက်ရိုက် စိုက်ပျိုးသည့် အပင်ထက် (၁၀-၁၄) ရက်ခန့် စောပြီး ရင့်မှည့်သည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes8comments0
views2298