cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပိုးသတ်ဆေးများ တရားမဝင်တင်သွင်းမှု တားဆီးရန်လို

. All News
POPs ပိုးသတ်ဆေးတွေကို တရားမဝင် မှောင်ခိုတင်သွင်းတာ၊ ပိုးသတ်ဆေးအတု တွေကို တခြားနိုင်ငံတွေကနေ မှာယူရောင်းချတာတွေကို တားဆီးကာကွယ်ဖို့ လိုအပ်တယ်
  • သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေပြီး ကြာရှည်စွာမပျောက်မပျက်တည်မြဲနေနိုင်တဲ့ အော်ဂဲနစ်ဓာတု ပစ္စည်းအမျိုးအစားတွေဖြစ်တဲ့ POPs ပိုးသတ်ဆေးတွေကို တရားမဝင် မှောင်ခိုတင်သွင်းတာ၊ ပိုးသတ်ဆေးအတု တွေကို တခြားနိုင်ငံတွေကနေ မှာယူရောင်းချတာတွေကို တားဆီးကာကွယ်ဖို့ လိုအပ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။

    နိုဝင်ဘာ ၁ ရက်က နေပြည်တော်ရှိ KMA Hotel မှာပြုလုပ်တဲ့ မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း အဆိပ် အတောက်ဖြစ်စေတဲ့ ညစ်ညမ်းဓာတုပစ္စည်းတွေပါဝင်မှု ဆန်းစစ်လေ့လာခြင်း ( MLC– Toxic ) စီမံကိန်းရဲ့ Final Completion : Workshop အဖွင့်အမှာစကားပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ထည့်သွင်းပြော ကြားခဲ့တာပါ။

    အဲဒီအပြင် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကျရောက်နိုင်မှု အနည်းဆုံးဖြစ်စေဖို့ ဘေးကင်း ပြီး ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သုတေသနတွေပြုလုပ်ပြီး နည်းလမ်းကောင်းတွေကို ရှာဖွေဖော်ထုတ်ရ မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ MLC-Toxic စီမံကိန်းကို ၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ လအထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

    ဒါ့အပြင် စီမံကိန်းရဲ့အဓိကရည်ရွယ်ချက်ဟာ မဲခေါင်မြစ်ဝှမ်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေက ထွက်ရှိတဲ့ အဆိပ်အတောက်ဖြစ်စေပြီး အလွယ်တကူ ချေဖျက်မရနိုင်တဲ့ အော်ဂဲနစ် ညစ်ညမ်းပစ္စည်း တွေ(POPs)ပါဝင်နေမှုကို လေ့လာဖော်ထုတ်ကာ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းတွေ၊ ညွှန်ကြား ချက်တွေနဲ့ ကိုက်ညီမှု ရှိ/မရှိ နှိုင်းယှဉ်လေ့လာအကြံပြုနိုင်ဖို့ဖြစ်တယ် လို့လည်း ပြောကြားခဲ့ပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views1891