cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့လယ်ယာထွက်ကုန်များအတွက် ISO လက်မှတ်ရ ဓါတ်ခွဲခန်းမှာ စစ်ဆေးနိုင်ပြီဖြစ်

. All News
ဓါတ်ခွဲခန်းဟာ ISO လက်မှတ်ရရှိထားတာဖြစ်လို့ အင်ဒိုနီးရှားအတွက်သာမက အခြားနိုင်ငံများနှင့် ပြည်တွင်း Food Safety အတွက် စစ်ဆေးမှုများကိုပါ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
  • စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်း (Agricultural Products Analytical Lab - APAL)ဟာ ISO 17025 ကို ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဘက်မှ အတည်ပြုလက်ခံသော ဓါတ်ခွဲခန်း ဖြစ်လာတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ပြီလို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ သိရှိရပါတယ်။

    အဆိုပါ ဓါတ်ခွဲခန်းဟာ ISO လက်မှတ်ရရှိထားတာဖြစ်လို့ အင်ဒိုနီးရှားအတွက်သာမက အခြားနိုင်ငံများနှင့် ပြည်တွင်း Food Safety အတွက် စစ်ဆေးမှုများကိုပါ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းတို့၏ Food Safety Law အရ လယ်ယာထွက်ကုန်များတင်ပို့သည့်အခါ Food Safety ကို ပထမဆုံးတောင်းဆိုသော နိုင်ငံဖြစ်သလို သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုဓါတ်ခွဲခန်းက အသိအမှတ်ပြု လက်မှတ်ရရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း၊၊ မြန်မာနိုင်ငံတွင် ယခင်က လယ်ယာထွက်ကုန်များစစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်းတပ်ဆင်ပစ္စည်း၊ ကျွမ်းကျင် ဝန်ထမ်းများဖြင့် အဆင်သင့်မဖြစ်သေးသည့်အတွက် ပြည့်စုံစွာဆောင်ရွက်နိုင်မှုမရှိသေးခဲ့သော်လည်း ယခုအခါ တွင် ဓာတ်ခွဲစစ်ဆေးမှု အဆင်သင့်ဖြစ်နေပြီဖြစ်သလို အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့သည့်အခါ ပိုးသတ်ဆေး၊ ဓါတုဓါတ်ကြွင်းနှင့် မှိုအဆိပ်သင့်ရောဂါအန္တရာယ်ကင်းရှင်းစေရန် မြန်မာနိုင်ငံဖက်က အစဉ်တစိုက်ကြိုးပမ်းခဲ့ရာ ယခုတွင် ISO 17025 ထောက်ခံချက်ရရှိခဲ့ပြီဖြစ်တာကြောင့် လယ်ယာထွက်ကုန် ပို့ကုန်လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ဈေးကွက်သို့ ဂုဏ်သိက္ခာရှိစွာ တင်ပို့ ရောင်းချနိုင်ပြီဖြစ်တယ်လို့လည်း ကုန်သည်စက်မှုအသင်းချုပ်က ပြောဆိုထားပါတယ်။

    ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က “ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား Sanitary and Phytosanitary မှာ ချောမွေ့သော ကူးသန်း ရောင်းဝယ်မှုများဖြစ်ခဲ့သလို ခက်ခဲသော ကာလများလည်း ကြုံတွေ့ခဲ့ရတာရှိပါတယ်။ နိုင်ငံတော်မှ ပြည်ပသို့ တင်ပို့မယ့် လယ်ယာထွက်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် တောင်သူ လယ်သမားများအတွက်လည်း အဆင်ပြေသလို ပို့ကုန်လုပ်ငန်းရှင်များ အတွက်လည်း အကျိုးကျေးဇူးများ ခံစားရနိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူဦးရေများတဲ့အတွက် လယ်ယာထွက်ကုန်များ ပိုမိုလိုအပ်သလို၊ ကျွန်တော်တို့နိုင်ငံအတွက် ဈေးကွက် ချဲ့ထွင်ရန် လည်းလိုအပ်ပါတယ်။ ကြီးမားသော ဈေးကွက်မှာ အရည်အသွေး ကောင်းမွန်စွာ ပေးပို့နိုင်ဖို့အတွက် အရေးကြီးပါတယ်”လို့ နိုဝင်ဘာလ (၁) ရက်နေ့က UMFCCI မှာ ကျင်းပတဲ့ မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များတွင် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်၊ အကြံပြုချက်များ အတွက် တွေ့ဆုံညှိနှိုင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်တဲ့အခါ ဝယ်ယူမဲ့နိုင်ငံရဲ့ လိုအပ်ချက်၊ အကန့်အသတ်၊ စံသတ်မှတ်ချက်တွေကိုသိဖို့ လိုအပ်ပါတယ်၊ လိုအပ်ချက်ကို ပြည့်မီအောင် မပို့နိုင်ပါက ကုန်ပစ္စည်းများ ဆိပ်ကမ်းကနေ ပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်ရပါတယ်။ဒီဆွေးနွေးပွဲက လယ်ယာ ထွက်ကုန်များတွင် ဓါတုဓာတ်ကြွင်းတွေ ၊ ပါဝင်နိုင်တဲ့ မှိုအဆိပ်အသင့်မှု၊ အဆိပ်သင့်ပစ္စည်းများကို စစ်ဆေးရတာဖြစ်ပါတယ်၊ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများကို တင်ပို့မဲ့ ပစ္စည်းအားလုံးကို နမူနာယူပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမရှိပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့တင်ပို့မဲ့ ပို့ကုန်မှာ ကိုယ်စားပြုမဲ့ သီးနှံSampleပစ္စည်းကိုသာ ဓါတ်ခွဲခန်းကို ပေးပို့စေလိုပါတယ်။ ပို့ကုန် ကိုယ်စားပြုမဲ့ သီးနှံSampleကို ယူတတ်ဖို့လိုပါတယ်။ တောင်သူများကလည်း ပိုးသတ်ဆေး၊ ဓါတ်ကြွင်းမပါအောင် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်၊ လုပ်ငန်းရှင်များက တောင်သူများကို အသိပညာပေး၊ နည်းပညာပေး၊ လုပ်ငန်းများတွင်လည်း တိုက်တွန်း ဆောင်ရွက်ပေးစေလိုပါတယ်”လို့ ပြောပါတယ်။

    အထက်ပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးဇော်လင်း၊ သီးနှံ ကာကွယ်ရေးဌာနခွဲ ဓါတ်ခွဲခန်း ဒေါက်တာခင်မိုးကျော်တို့က လယ်ယာထွက်ကုန်များ ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ဆိုင်ရာတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်၊ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအုန်းဆိုင်၊ ကုန်သည်စက်မှုအသင်းချုပ် ဘဏ္ဍာရေးမှူးဦးလှဦး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်တို့က အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာ ထွက်ကုန်များ လိုအပ်ချက်များ၊ အကြံပြုချက်များကိုကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း UMFCCI မှ သိရှိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes11comments1
views3283