cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်ပသို့ ဆန် ၃ တန် ပို့ပါက အရန်ဆန် ၁ အိတ် ပေးသွင်းရမည်

. Market Price
နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး Pre-License Inspection စစ်ဆေးပြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို တင်ပြလျှောက်ထားပေးကြဖို့ MRF က အကြောင်းကြားထားပါတယ်။
  • ပို့ကုန်လိုင်စင်လျှောက်ထားတဲ့ တန်ချိန်အပေါ်မှာ အရန်ဆန်အဖြစ် (၃) တန်ကို (၁) အိတ်နှုန်း ပေးသွင်းခြင်းတွေ ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ရဲ့ အသင်းဝင်ကုမ္ပဏီတွေထံ ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

    ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ယခုလမှာ စတင်ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

    ပေးသွင်းရမယ့် (၃) တန် (၁) အိတ် အရန်ဆန်တွေရဲ့ (၄) ပုံ (၁) ပုံ ဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံဆီ တစ်ပတ်အတွင်း ပေးသွင်းခြင်းတွေ ဆောင်ရွက်ရမယ်လို့ MRF က ပြောပါတယ်။

    ကျန်ရှိတဲ့ အရန်ဆန် (၄) ပုံ (၃) ဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်နဲ့ ထားရှိရေးအတွက် သတ်မှတ်ပုံစံတွေနဲ့အညီ အသင်းဝင်ကုမ္ပဏီတွေဘက်က တင်ပြရမှာပါ။

    Physical ပေးသွင်းခြင်းအပေါ် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ်ဈေးနှုန်းအဖြစ် (နိုဝင်ဘာလအတွက်) တစ်အိတ်ကို ကျပ် ၆၂,၀၀၀ သတ်မှတ်ဆောင်ရွက်ဖို့ အသင်းချုပ်က တိုက်တွန်းထားပါတယ်။

    ဒါ့ကြောင့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး Pre-License Inspection စစ်ဆေးပြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို တင်ပြလျှောက်ထားပေးကြဖို့ MRF က အကြောင်းကြားထားပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းက MRF အနေနဲ့ ပြည်တွင်းစားဆန်ဈေး မြင့်တက်ခဲ့မှုအပေါ် ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်အိတ်ရေ (၅၀၀၀၀) ကို သင့်တင့်ဈေးနှုန်းနဲ့ ထုတ်ရောင်းပေးခဲ့ပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes3comments0
views1388