ငှက်ပျော ပင်စည်ထိုးကျိုင်းကောင်
- Common Name - Banana Weevil - Scientific Name - Cosmopolutes sordidius - Order - Coleoptera - Family - Curculionidae - ငှက်ပျောပင်တွင် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးသည်။ အကောင် အရွယ်အစားမှာ ၁ - ၁.၅ စင်တီမီတာ ခန့်ရှိသည်။ - ဖျက်ဆီးပုံလက္ခဏာ - ပိုးလောက်ကောင်သည် ငှက်ပျောအခေါင်းနှင့် အပင်၏ မြေအောက်ပင်စည် အပိုင်းကို ထိုးဖောက်စားသောက်ဖျက်ဆီးသည်။ ထိုးဖောက် ဝင်ရောက် စားသောက်မှုကြောင့် အပင်၏ဆဲလ်အရေအတွက်များစွာ ထိခိုက်ပျက်စီးရသည်။ အပင်ဆဲလ်သေခြင်းကြောင့် မှ အစာအာဟာရ၊ ရေဓာတ်များ စုပ်ယူနိုင်ခြင်းမရှိသောကြောင့် မကြာခင် အပင်သေသွားသည်။ သက်တမ်းရင့်နေသော အပင်ကြီးများမှာ တိုက်ခိုက်ခံရပါက အပင်မှာ လေတိုက်ရုံဖြင့် အလွယ်တကူ လဲသွားနိုင်ပါသည်။ - ဘဝစက်ဝန်း - ကျိုင်းကောင်သည် အပင်အခြေနားတွင် ပင်စည်၏ အပြင်ဆုံး အဖုံးကို ကိုင်းဖြတ်ပြီး ဥတစ်လုံးခြင်းအုသည်။ ဥမှပေါက်သော လောက်ကောင်သည် ငှက်ပျောပင်အခေါင်းကို ထိုးဖောက်စားသောက်လေ့ရှိသည်။ ထို့နောက် ရု့ပ်ဖုံးပြုလုပ်ကာ အကောင်ကြီးဘဝသို့ပြောင်းလဲသည်။ ဥမှ လောက်ကောင် အဆင့်မှာ ၇ ရက်ခန့်၊ လောက်ကောင်မှ ရုပ်ဖုံးအဆင့်မှာ ရက် ၅၀ ခန့်၊ အကောင်ငယ်အဆင့်မှာ ၂ ပတ်မှ ၃ပတ်ထိရှိပြီး အကောင်ကြီးအဆင့်မှာမူ သက်တမ် ၂နှစ်ခန့်ရှိနိုင်သည်။ အမတစ်ကောင်မှာ ဥပေါင်း ၅၀ ခန့် အုနိုင်သည်။ - ကာကွယ်နှိမ်နင်းနည်းများ - - ငှက်ပျောပင်အဟောင်းများကို အခြေမှခုတ်လှဲပစ်ခြင်းဖြင့် အကောင်ဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။ - - အကောင်ဝင်ရောက်နိုင်ခြင်းမရှိအောင် အပင်အနီးအနားတွင် သန့်ရှင်းအောင်ပြုလုပ်ပါ။ ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းပေးပါ။ - - ပုရွက်ဆိတ်များမှာ ကျိုင်းကောင်များ၏ အဓိကရန်သူပိုးဖြစ်သည့်အတွက် ငှက်ပျောပင်တွင် ပုရွက်ဆိတ်တက်ခြင်းကို မပူပန်ပါနှင့်။ - - စစိုက်လျှင် ငှက်ပျောပင်ကို ကတုံးတုံးပြီး စိုက်ပျိုးပါ။ မြေအောင်းပိုးသတ်ဆေးကို စစိုက်ကတည်းက မြေမှာ ထည့်သွင်းပေးပါ။ - - တမာပိုးသတ်ဆေး ကိုအပင်ခြေမှာ ဖျန်းပေးခြင်းဖြင့် ၎င်းပိုးကောင်ကို ကာကွယ်နိုင်ပါသည်။ - - ဓာတုဆေးမျာ အသုံးပြုမည်ဆိုပါက အဆီတာမီပရစ်၊ လမ်ဘ်ဒါဆိုင်ဟေလိုသရင်၊ နီမတုတ်သတ်ဆေး တမျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ - Ref: Infonet Biovision Home - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - ------------- - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
