cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တီမွေးမြူနည်း အမျိုးမျိုး

. Plant Nutrition
အမိုးအကာအောက်တွင် မြေပြင်ပေါ်၌ ပလတ်စတစ်ကန်များ ပြုလုပ်ပြီး တီကောင်မွေးမြူနိုင်သည်။
  • (၁)အုတ်ကန်ဖြင့် တီမွေးမြူခြင်း

    ၃ ပေအကျယ်၊ ၉ ပေအရှည်၊ ၃ ပေအမြင့်ရှိသော အုတ်ကန်များ ပြုလုပ်ပြီး တီကောင်မွေးမြူနိုင်သည်။ တီစွန့်ပစ်ရည်များကို အလွယ်တကူ စွန့်ပစ်နိုင်ရန်အတွက် ကန်၏ အောက်ခြေကို ဆင်ခြေလျောပြုလုပ်ပေးရမည်။ ရေကောင်းစွာ ထုတ်နိုင်ရန် အောက်ခြေတွင် ကျောက်ခဲလေးများ (၁ လက်မခွဲ) အထူဖြန့်ခင်းထားရမည်။ အောက်ခြေတွင် တီစွန့်ပစ်ရည်ထုတ်ရန် အပေါက်ပြုလုပ်ထားရမည်။

    (၂) သစ်သားပုံးများနှင့် မွေးမြူခြင်း

    ၂ ပေပတ်လည်အမြင့်ရှိသော သစ်သားပုံး ၃ လုံးအား ဆင့်ထားပြီး အောက်ခြေပုံးမှလွဲ၍ ကျန်ပုံးများ၏ အောက်ဖက်မျက်နှာပြင်တွင် အပေါက်ဖောက်ထားသည်။ အောက်ဆုံးပုံးတွင် အစာနှင့် တီကောင်များ ထည့်ထားပြီး ကျန်ပုံးများတွင် အစာများသာ ထည့်ထားသည်။ အောက်ဆုံးပုံးတွင် တီစာများ ကုန်သွားပါက အပေါ်ပုံးများသို့ တီကောင်များတက်လာမည်။ ထိုအခါ အောက်ဆုံးပုံးအား ဖယ်ရှားပြီး တီကောင်စွန့်ပစ် မြေသြဇာများ ရယူနိုင်သည်။

    (၃)ကွန်ကရစ်ခွေများ အသုံးပြု၍ မွေးမြူခြင်း

    တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သော နည်းစနစ်ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အရွယ်အစားကို အသုံးပြုနိုင်သည်။ အောက်ခြေတွင် တီစွန့်ပစ်ရည်ထုတ်နိုင်ရန် ရေထုတ်ပေါက်ပြုလုပ်ပေးရမည်။

    (၄) ပလတ်စတစ်ကန်များဖြင့် မွေးမြူခြင်း

    အဝတ်လျှော်သော ပလတ်စတစ်ကန်များကို အောက်ခြေတွင် ရေပိုက်ခေါင်းတပ်ပြီး တီမွေးနိုင်ပါသည်။ အိမ်အောက်တွင်ထားပြီး တောင်သူများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သဖြင့် အလွန်အသုံးဝင်ပါသည်။

    (၅) မြေကျင်းတူး၍ ပြုလုပ်ခြင်း

    ၅ ပေအကျယ်၊ ၃ ပေအနက် မြေကျင်းတူး၍ ပလတ်စတစ်နှင့် အလုံကာပြီး တီကောင်မွေးမြူနိုင်သည်။ အရှည်ကို ကြိုက်နှစ်သက်သလို ထားနိုင်သည်။ မိုးရာသီတွင် ရေမဝင်စေရန် အမိုးအကာပြုလုပ်ပြီး ကျင်းနှုတ်ခမ်းကို မြင့်တင်ထားရမည်။

    (၆) မြေပေါ်တွင် ပုံခြင်း

    အမိုးအကာအောက်တွင် မြေပြင်ပေါ်၌ ပလတ်စတစ်ကန်များ ပြုလုပ်ပြီး တီကောင်မွေးမြူနိုင်သည်။

    Source: အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲနည်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes10comments1
views3474