cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နယ်စပ်လမ်းကြောင်းများ ပိတ်နေခြင်းကြောင့် ဈေးကွက်အတွင်း တရုတ်အာလူးပြတ်လပ်လာပြီး ဈေးနှုန်း၂ဆ ကျော်မြင့်တက်

. Market Price
အားလူက တရုတ်ဘက်က အဝင်မရှိတော့ ဈေးကထပ်တပ်လာတဲ့သဘောပဲ၊ ရှိတာလေးကိုပဲ ဈေးတင် ရောင်းနေကြတဲ့သဘောရှိတယ်။အခု ကျနော်တို့ ဆီမှာ တရုတ်အာလူး ပစ္စည်းပြတ်နေပါတယ်။
  • မြန်မာ၊ တ၊ရုတ်နယ်စပ်လမ်းကြောင်းများ ပိတ်နေခြင်းကြောင့် တရုတ် အာလူးများ ဈေးကွက်အတွင်း ပြက်လပ် လာမှုများရှိလာသဖြင့် တစ်ပိသာ ၄၀၀၀ ကျပ်အထိ ဈေးနှုန်း ၂ဆကျော်မြင့် တက်လာကြောင်း ဘုရင်နောင်ကုန် စည်ဒိုင်မှ ကုန်သည်အချို့ကပြောသည်။ 

    တရုတ်အာလူးဈေးသည် ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တစ်ပိ ဿာကို ၁၈၀၀ ကျပ်သာရှိရာမှ အောက်တိုဘာ ၃၁ ရက်နေ့တွင် တစ်ပိဿာ၃၀၀၀ ကျပ်အထိ ဈေးမြင့်တက် လာသည်။ ဆက်လက်၍ နိုဝင်ဘာလ ၁ ရက်နေ့တွင် ၃၃၀၀ ကျပ်အထိ ထပ်မံ မြင့်တက်သကဲ့သို့ လက်ရှိတွင် တစ်ပိဿာကို ၄၀၀၀ ကျပ်အထိရောက်ရှိလာသည်။ 

    " တရုတ်အာလူးကလည်း တရုတ်ဘက်ကနေ ၅စီး ၆ စီးလောက်ဝင်နေမှ ဗမာအာလူးကလည်း ၅စီးလောက် ပေါ့။အဲ့လိုမဟုတ်အဝင်နည်းတော့ ဈေးကတက်တယ် ၊တရုတ်တက်တော့ ပြည်တွင်း အာလူးကလည်းလိုက် တက်တယ် " ဟု ဘုရင်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

    လက်ရှိတွင် ဈေးကွက်ထဲသို့ တရုတ်ဘက်မှ အာလူးဝင်ရော က်မှုမရှိသဖြင့် တရုတ်အာလူး ပြတ်လပ်သည့်ပွဲ ရုံများရှိလာနေကြောင်းသိရသည်။တရုတ် မြန်မာနယ်စပ်ဂိတ်ပေါက်များမှ ကုန်သွယ်မှုမပြုလုပ်နိုင်သည့်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့နောက်မှစပြီး တရုတ်ဘက်မှ အာလူးများဝင်ရောက်မလာတော့သဖြင့် ဈေးနူန်း များ ထပ်မံမြင့်တက်လာခြင်းဖြစ်သကဲ့သို့ ပစ္စည်းပြတ်လပ်မှုပါ ကြုံနေရခြင်းဖြစ်ဟု ကုန်သည်အချို့ကဆိုသည်။ 

    " အားလူက တရုတ်ဘက်က အဝင်မရှိတော့ ဈေးကထပ်တပ်လာတဲ့သဘောပဲ၊ ရှိတာလေးကိုပဲ ဈေးတင် ရောင်းနေကြတဲ့သဘောရှိတယ်။အခု ကျနော်တို့ ဆီမှာ တရုတ်အာလူး ပစ္စည်းပြတ်နေပါတယ်။ ရှမ်းအာလူး တွေပဲရှိပါတယ်။ရှမ်းအာလူးလည်း နည်းနည်းတက်လာပါတယ် " ဟု မန္တလေး မြို့က ပွဲရုံပိုင်ရှင်တစ်ဦးမှပြော သည်။ 

    လက်ရှိတွင် ရှမ်းပြည်နယ်မှအောင်ပန်းမှ ထွက်သည့် အာလူးဈေးနူန်းများအနေဖြင့် လက်ကားဈေးသည် မျက်နီ S-2 တစ်ပိဿာ အကြီးအသေး ရော ၂၈၀၀ ကျပ်၊ မျက်နီ S-1 ၂၅၀၀ ကျပ်၊မျက်နီ OK ၂၃၀၀ ကျပ်၊ A1-၁၇၀၀ ကျပ်၊ မားကစ် S-2 /S-1 အရော ၃၅၀၀ ကျပ်၊ မားကစ် S-1/ OK အရော ၃၂၀၀ ကျပ် အထိရှိကြောင်းယနေ့ နိုဝင်ဘာလ ၉ ရက်နေ့၏ပေါင်ပန်းမြို့ကုန်စည်ဒိုင်ဈေးနူန်းများအရ သိရသည်။ 

    တရုတ်အာလူးသည် လက်ရှိ လက်လီဈေးကွက်တွင် တစ်ပိဿာကို ၅၀၀၀ ကျပ်မှ စတင်ရောင်းချနေပြီး ရှမ်း အာလူကမူ တစ်ပိဿာကို ၃၅၀၀ ကျပ်မှစတင်ရောင်းချမှုရှိနေရာ အာလူး အလုံးအကြီး အသေး ၊ အနာအဆာ ပေါ်မူတည်ပြီး ဈေးနုန်းကွာခြားမှုရှိကြောင်းသိရသည်။ 


    ချစ်ခွန်းချို (AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views3436