cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းပြည်ပဝယ်လိုအားလျော့ခြင်းကြောင့်မြေပဲစိုက်တောင်သူများ အခက်တွေ့

. Market Price
မြေပဲဆန်ဈေးကွက်သည် တရုတ်ကိုသာ ပြန်လည် တင်ပိုနိုင်မည်ဆိုပက ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအပြောင်းအလဲများလည်း ဖြစ်လာနိုင်ကြောင်း ကုန်သည်အချို့ ကသုံးသပ် သည်။
  • ပြည်ပမှဝယ်လိုအားမရှိခြင်း၊ ပြည်တွင်းဆီစက်များက မြေပဲဝယ်လိုအား လျော့ချခြင်းတို့ ကြောင့် ပြည်တွင်း ဈေး ကွက်၌ မြေပဲဆန်ဈေးနှုန်းများကျဆင်းပြီး စိုက်ပျိုးးသူတောင်သူများ အကျိုးအမြတ်မရရှိကြောင်း ကုန်သည် အ ချို့ကပြောသည်။

    Export တင်ပို့သည့် မြေပဲအနီလုံးဆန်နှင့် အဖြူလုံးဆန်သည် လက်ရှိပြည်ပသို့ မတင်ပို့နိုင်မှုမရှိဘဲ ပြန်လည်စိုက်ပျိုးရန် မျိုးအ ဖြစ်ဝယ်ယူမှုသာရှိခြင်းကြောင့် တစ်ပိဿာကို ၆၅၀၀ မှ ၇၇၀၀ ကျပ်အထိဈေးရရှိကြောင်း၊ လက်ကားဈေးကွက်တွင် အနီလုံးဆန်နှင့်အဖြူလုံးဆန်သည် တစ်ပိဿာ ၆၀၀၀ ကျပ် ဝန်းကျင်ဈေးရှိကြောင်း၊ မြေပဲဆီကြိတ်သည့် ဆီဆံဈေးကွက်သည်လည်း ကျဆင်းလာရာ တစ်ပိဿာကို ၅၅၀၀ကျပ် အများဆုံးဈေးပေးကြောင်း သ်ရသည်။

    “ပဲဆံဈေးက ၃ရက်လောက်ကဈေးတချီတက်လာပြီး ၅၅၀၀ တန်တွေက ၅၇၀၀ ၅၈၀၀ ဖြစ်တယ်၊တမြန်တနေ့လောက်စပြီးဈေးကွက်ပြန်အေးသွားတယ် ၅၇၀၀ ၊ ၅၈၀၀ ကနေ ၅၅၀၀ လောက်ပြန် ဖြစ်သွားတယ်၊အနီလုံးဆန်ရောအဖြူလုံးဆံရောကတော့ မျိုးဆိုရင် ၆၅၀၀ ကနေ ၇၅၀၀ အထိခေါ်ရောင်းကြတာရှိတယ်အဲ့ဒါတွေကအိတ်ရေများများ ရောင်းလို့မရဘူးမျိုးစိုက်မယ့်သူတွေပဲဝယ်တာ ၁ ပိုင်း၂ပိုင်း ၊အလွန်ဆုံးမှ ၁၀ ပိုင်း ၁၅ ပိုင်းပေါ့။ဂိတ်ကုန်ပေါ့ လက်ကားလိုင်းသမားဈေးကတော ၆၀၀၀ တပတ်လည်မှာပဲဝယ်နေတယ်။ ” ဟု မန္တလေးမြို့ ဝင်းဝင်းပွဲရုံမှ ကိုရဲမိုးက နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ပြောသည်။

    ယခင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေပဲဆံများကို ကုန်သည်များမှဝယ်ယူပြီး တရုတ် နှင့် ထိုင်းနိုင်ငံကို တင်ပို့သဖြင့် ဈေးကောင်းရခဲ့သော်လည်း လက်ရှိ မြေပဲပေါ်သည့်ရာသီတွင် ပြည်ပကို တင်ပို့နိုင်ခြင်းမရှိသဖြင့် မြေပဲဈေးကျဆင်းလာခြင်းဖြစ်ဟုသိရသည်။

    ယခု မြေပဲပေါ်သည့်ရာသီတွင် မြေပဲဆန်ဈေးနူန်းများကျဆင်းနေသည့်အတွက် အရောင်းအဝယ် မရှိသ လောက်ဖြစ်နေသည့်အပြင် မြေပဲစိုက်တောင်သူများလည်း အကျိုးအမြတ် မရရှိသော အခြေအနေမျိုးကို တောင်သူများ ကြုံတွေ့နေရသည်။

    ” အခုရတဲ့ မြေပဲဆီဆံ ၅၅၀၀ ဆိုတာက တွက်ကြည့်ရက်အရင်းပဲရတယ်။အဲ့နူန်းထက်ပိုမှ အမြတ်ရမှာပါ၊ အခုနှစ်က ကုန်ကျစရိတ်ကအကုန်တက်ပါတယ်၊ တစ်ဧကကို ၇ သိန်းခွဲ ၈ သိန်းလောက်ကုန်ပါတယ်၊ အထွက် နူန်းက မြေပဲအတောင့်ကို တင်း ၁၆ တက်းကနေ ၂၀ လောက်ကပုံမှန်ပေါ့။အဲ့ဒီထွက်နူန်းနဲ့ ခု၅၅၀၀ ဈေးုဆိုရင် အရင်းပဲရမယ်ပေါ့။ အဓိက တရုတ်ကိုမပို့နိုင်လို့ export မရှိလို့ဈေးကကျနေတာ ” ဟု မကွေးမြို့ မြေပဲ ခွဲစက် ပိုင် ရှင်တစ်ဦးမှပြောသည်။

    ပြည်တွင်း ဆီစက်များ အဓိက အများဆုံးအသုံးပြုသည့်မြေပဲ ဆီဆံသည် ပြည်ပတင်ပို့ရန်အရည် အသွေးမ ပြည့်မှီ သည့် မြေပဲနီဆီဆံနှင့် မြေပဲဆံအဖြူ ဆီဆံ ပဲခြမ်းနှင့် ပဲလုံးအရောကို အသုံးပြုခြင်းဖြစ်ကြောင်း ၊ လက် ရှိတွင်မြေပဲဆံအဖြူ ဆီဆံ ပဲခြမ်းနှင့် ပဲလုံးအရောသည် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်အထက်တွင်သာရှိပြီး ယခင်က တစ်ပိဿာ လျှင် ၅၅၀၀ ကျပ် အထိရှိခဲ့ကြောင်းသိရသည်။မကွေး ဈေးကွက်တွင်လည်း မြေပဲလုံးဆန် နီ နှင့်လုံးဆန်ဖြူဈေးသည် တစ်ပိဿာကို ၅၈၀၀ မှ ၆၁၀၀ ကျပ်အထိသာဈေးရှိကြောင်းသိရသည်။

    မြေပဲဆန်ဈေးကွက်သည် တရုတ်ကိုသာ ပြန်လည် တင်ပိုနိုင်မည်ဆိုပက ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအပြောင်းအလဲများလည်း ဖြစ်လာနိုင်ကြောင်း ကုန်သည်အချို့ ကသုံးသပ် သည်။မြေပဲကို မကွေးတိုင်း၊ မန္တလေးတိုင်း တို့တွင်အဓိကစိုက်ပျိုးပြီး ကျန်သည့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လည်းစိုက်ပျိုးမှုရှိကြောင်းသိရသည်။


    Chit Khon Cho ( AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views1817