cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တောင်သူများ အရှုံးသက်သာစျေးစေရန် ဒေသပေါက်စျေးအတိုင်းဝယ်ယူပေးမည်

. All News
မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ လှောင် တန်းဝင် မြေပဲတောင့်အခြောက် တင်း ၈၀၀၀၀ ဝယ်ယူပေးသွား မည်ဖြစ်ကြောင်း သိရသည်။
  • လက်ရှိချိန်တွင် တရုတ် နိုင်ငံ ဝယ်လက်မရှိတာကြောင့် ပြည်တွင်းဈေးကွက်တွင် မြေပဲ ဆန်ဈေးနှုန်းမှာ ကျဆင်းနေသဖြင့် တောင်သူများအရှုံးနှင့်ရင်ဆိုင်နေ ရရာ ကုစားပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး တိုင်းတောင်သူဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ လှောင်တန်း မြေပဲတောင့် တင်းပေါင်း ၈၀၀၀၀ ကို နိုဝင်ဘာ ၂၀ ရက်မှစတင်ပြီး ဝယ်ယူပေးသွားမည်ဖြစ်သည်။

    အဆိုပါ လှောင်တန်းဝင် မြေပဲများ ဈေးကွက်ကောင်းချိန် ပြန်လည်ရောင်းချရာမှရရှိလာမည့် အကျိုးအမြတ်များထဲမှ ၂၀ ရာခိုင် နှုန်းကို တောင်သူများထံသို့ ပြန် လည်ပေးအပ်သွားမည်ဖြစ်သည်။

     မကွေးတိုင်းဒေသကြီး အတွင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင် တောင်သူများဖြစ်ကြသည့် မကွေး၊ မြို့သစ်၊ မင်းဘူး၊ ရေနံချောင်း၊ ချောက် ငါးမြို့နယ်မှ တောင်သူ များထံမှ ဝယ်ယူသွားမည်ဖြစ် သည်။

    `` တောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင် ၈၀၀၀ ကျော်ထံကနေပြီးတော့ မြေပဲဈေးကွက်ပျက်နေလို့ လက်ရှိ ဒေသပေါက်ဈေးအတိုင်းဝယ်ယူ ပေးသွားမှာပါ။ မြေပဲဆန်ဝယ်ယူ တဲ့နေရာမှာလည်း သိုလှောင်ရန် အဆင်ပြေသည့် မြေပဲတောင့်ကို ပွဲခအလွတ် ဝယ်ယူပေးမှာပါ။ တင်းပေါင်း ၈၀၀၀၀ ပြည့်ရင် ရပ် မှာပါ။ဒေသပေါက်ဈေးအတိုင်း ဥပမာမြေပဲအခြောက် တစ်တင်း ငွေကျပ် ၂၃၀၀၀ ပေါက်ရင် တောင်သူကို ၂၃၀၀၀ အပြည့်ပေး မှာပါ။ကုန်သည်တွေလို ပွဲခ တစ်တင်း ငွေကျပ် ၈၀၀ မယူပါ ဘူး။ ´´ ဟု တိုင်းတောင်သူဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့(မကွေး)အတွင်း ရေးမှူး ဦးစိုးလွင်အေး က ပြောသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views1449