cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. Weather News
ပဲခူးတိုင်းဒေသကြီးတွင် နိုဝင်ဘာ ၂၄ ရက်နေ့မှာ မိုးရွာရန် ၆၅ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။
ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သော ငါးရောဂါများကာကွယ်ကုသရန်‼️
  • ပဲခူးတိုင်းဒေသကြီး  

    ၁။ လက်ပံတန်းမြို့နယ်   

    ယနေ့မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၆၅ ရာခိုင်နှုန်း၊ ၂၅ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

    ၂။ မိုးညိုမြို့နယ်   

    ယနေ့မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၆၆ ရာခိုင်နှုန်း၊ ၂၅ ရက်နေ့မှာ ၄၁ ရာခိုင်နှုန်း ရှိပါတယ်။

    ၃။ သာယာဝတီမြို့နယ်   

    ယနေ့မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၆၅ ရာခိုင်နှုန်း၊ ၂၅ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

     

    ရန်ကုန်တိုင်းဒေသကြီး    

    ၁။ တွံတေးမြို့နယ်    

    ယနေ့နှင့် နိုဝင်ဘာ ၂၂၊ ၂၃ ရက်တို့မှာ မိုးရွာရန် ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၁၊ ၂၄၊ ၂၅ ရက်တို့မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

    ၂။ သန်လျင်မြို့နယ်    

    ယနေ့နှင့် နိုဝင်ဘာ ၂၁၊ ၂၂၊ ၂၃၊ ၂၅ ရက်တို့မှာ  မိုးရွာရန် ၂၅ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

    ၃။ ကျောက်တန်းမြို့နယ်    

    ယနေ့နှင့် နိုဝင်ဘာ ၂၁၊ ၂၂၊ ၂၅ ရက်တို့မှာ  မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်း၊ ၂၄ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

      

    ငါးကန်များအတွက်အကြံပြုချက်   

    ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သော ငါးရောဂါများကာကွယ်ကုသရန်‼️ 

         ရေသန်းကူးစက်မှု ကာကွယ်ကုသရန်

    ရေသန်းပေါများသော ကန်များတွင် ဝါးခြမ်းပြားများကို ချပေးခြင်းဖြင့် ရေသန်းများ ဝါးခြမ်းတွင် ကပ်စေပါသည်။ အဆိုပါ ဝါးခြမ်းများကို ဆယ်ယူနေလှန်းပြီး ကန်အတွင်းသို့ ပြန်လည်ချပေးပါ။ ရေသန်းများ စတင်တွေ့ရှိသည်နှင့် ကာကွယ်ခြင်းလုပ်ငန်းကို ချက်ချင်းဆောင်ရွက်ပါ။ (သို့မဟုတ်)ပါက ကူးစက်မှု မြန်ဆန်ပြီး ဆိုးကျိုးဖြစ်ပွားမှုကို တိုးပွားစေပါသည်။   

        လာနီးရေးကပ်ပါးရောဂါ ကာကွယ်ကုသရန်

    ရောဂါဖြစ်နေသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော် ရည်5 ppm (၅မီလီဂရမ်/လီတာ)တွင် ငါးကိုစိမ်ထားခြင်း (သို့မဟုတ်) ဆားဖျော်ရည် ၃-၅ ရာခိုင်နှုန်းတွင် ၁ မိနစ်ခန့် စိမ်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

        ငါးပါးဟက် တွယ်ကပ်ပါးရောဂါ (ဒက်တိုင်လိုဂိုင်းရပ်ပိုး) ကာကွယ်ကုသရန်

    ကန်ထဲသို့ ဖော်မလင် 25ppm(၂၀မီလီဂရမ်/လီတာ) ထည့်ပေးပါ။ ရောဂါဖြစ်သော ငါးကို ဖော်မလင် 25ppm(၂၀မီလီဂရမ်/လီတာ)တွင် စိမ်ပေးပါ။ (သို့မဟုတ်) အိမ်သုံးဆား ၂-၃ရာခိုင်နှုန်း ဖျော်ရည်တွင် ငါးကို (၅-၁၀) မိနစ်အကြာ စိမ်ထားပေးပါ။

        ငါးအရေပြား စွဲကပ်သော ကပ်ပါးပိုး (ဂိုင်ရိုဒက်တိုင်းလပ်) ကာကွယ်ကုသရန်

    ကန်အတွင်းသို့ ပိုတက်စီယမ်ပါမင်းဂနိတ် 2PPM ဖျော်ရည်အား ၂ကြိမ် ဆက်တိုက်ပက်ပေးပါ။ ရောဂါဖြစ်သော ငါးကို ဖော်မလင် 25PPMတွင်စိမ်ပေးပါ။

     

    Weather Source: CIAT  

     


  • article
likes7comments0
views1205