cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

နောက် ၅ ရက်အတွင်း မိုးအားလျှော့နည်းသွားနိုင်

. Weather News
မိုးအားလျှော့နည်းသွားသောကြောင့်ရိတ်သိမ်း/အခြောက်လှမ်းခြင်းများ လုပ်ကိုင်နိုင်
  • 94B ပျက်ပျယ်သွားပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေရဲ့ အမြင့်ပေ ၅၀၀၀မှ ၇၅၀၀အတွင်းမှာ ကျန်ရှိနေတဲ့ရေငွေ့ပါတဲ့မိုးတိမ်များက စစ်တွေပေါက်တောကျောက်ဖြူ မြေပုံ မြောက်ဦးကျောက်တော် ဘူးသီးတောင် မောင်းတော ပုဏ္ဍားကျွန်းမြို့ မြောက်ဦး ပလက်ဝ ကန်ပက်လက် မင်းတပ် မတူပီ ဆော ကျောက်ထု ထီးလင်း ဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်ပါသေးတယ် ကျန်တိုင်းနှင့်ပြည်နယ်တွေကတော့ ယနေ့ညနေပိုင်းမှစတင်ပြီး ၂၃ရက်နေ့အထိ ကြည်လင်သာယာသွားမည်ဖြစ်ပြီး နေသာချိန်များစွာရရှိလာနိုင်ပါတယ် သီးနှံအားတိုးဆေးဖြန်းမည့်သူများ ရိတ်သိမ်းအခြောက်လှမ်းမည့်သူများ ၂၀ရက်နေ့မှ ၂၃ရက်နေ့အတွင်းလုပ်ကိုင်ဆောင်ရွက်ကြနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ

    issued time

    19/11/2023 7:41am(MMT)

    မင်း ဂွတ် သီး Su Su San


    94B သည် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ကိုရောက်ရှိပျက်ပျယ်နေပြီဖြစ်ပါတယ် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာတော့ low Pressure cell တွေစုဖွဲ့ဖို့ပြင်ဆင်နေတာကိုတွေ့ရှိရပါတယ် မြန်မာ့မိုးအခြေအနေကတော့ မိုးအားလျှော့နည်းသွားပြီဖြစ်ပြီး နောက်၅ရက်အတွင်း သာသာယာယာရှိနေနိုင်ပါတယ် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း သိရိလင်္ကာ နိုင်ငံအရှေဖက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကိုလည်း စောင့်ကြည့်ထောက်လှမ်းနေပါတယ် အားချိန်မရှိပါဘူး


    ၂၀ရက်နေ့မှ ၂၃ရက်နေ့အထိ

    ရိတ်သိမ်းခြင်း အခြောက်လှမ်းခြင်းတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်

    19/11/2023 6:08am(MMT)

    မင်း ဂွတ် သီး Su Su San


    မိုင်ဆွန်ခ

    တန်ဆောင်တိုင်နှင့်မိုး 🌧🌧🌧၂၀၂၃နိုဝင်ဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အတွင်း ရှမ်းပြည်နယ်မှာ ကထိန်မိုးတွေရွာပါလိမ့်မယ်

    issued time

    19/11/2023 4:57am(MMT)

    မင်း ဂွတ် သီး Su Su San



    အယ်နီညိုရက်စက်ချက်ကတော့ .....

    ၂၀၂၃နိုဝင်ဘာလ ၂၂ရက်နေ့မှ ၂၄ရက်နေ့အတွင်း

    ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ် လက်ရှိလေစီး data အချက်အလက်တွေအရ

    Depression (or) Deep depression မုန်တိုင်းငယ်အဆင့်ထိ ရောက်ရှိနိုင်ပါတယ်

    မြန်မာဖက်မိုးသက်ရောက်နိုင်မှုရှိသဖြင့် အချိန်ပြည့်နီးပါး စောင့်ကြည့်ထောက်လှမ်းကာအချိန်နှင့်တပြေးညီ ရက်ဝေး ရက်ကြို ခန့်မှန်းပေးသွားပါမယ်

    issued time

    18/11/2023 7:15am(MMT)

    မင်း ဂွတ် သီး Su Su San

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
5
comments
0
views
1154