cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းစားသုံးမှုတိုးလာခြင်းကြောင့် ထောပတ်သီး ဈေးနှုန်းများ မြင့်တက်

. Market Price
ထောပတ်သီးကို ထိုင်းနိုင်ငံ ၊ အိန္ဒိယ ၊ မလေးရှား ၊စင်္ကါပူနိုင်ငံတို့ကို အဓိကတင်ပို့နေုခြင်းဖြစ်ပြီး Export ရာ သီသည် ဒီဇင်ဘာလမှစတင်မည်ဖြစ်ကြောင်းသိရသည်။
  • ပြည်တွင်းဈေးကွက်တွင် ထောက်ပတ်သီး စားးသုံးမှုတိုးလာခြင်းကြောင့် ဝယ်လိုအားတိုးတက်လာပြီး ဈေးနှုန်း များလည်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးတင်ပို့ထုတ်လုပ်ရောင်းချသူများအသင်း MAVO မှသိရသည်။ 

    ယခုနှစ် ထောပတ်သီးရာသီတွင် ပြည်တွင်းစားသုံးမှုသည် အရင်နှစ်ထက် ၂ ဆမြင့်တက်ကာ ထောပတ်သီး တန်ချိန် ၃၀၀ နီးပါး အထိ ဖြုန်းအား ရှိလာနိုင်ကြောင်း အသင်းမှခန့်မှန်းထားသည်။ပြည်တွင်းထောပတ်သီး ဈေးကွက်တွင် Hass အမျိုးအစား ထောပတ်သီး တစ်ကီလိုကို ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးကောင်း ရရှိနေခြင်းဖြစ်ဟု သိရသည်။ 

    "ဈေးကွက်အခြေအနေကတော့ ပြည်တွင်းမှာပေါက်ဈေးက တစ်ကီလိုကို ၄၀၀၀ ကနေ ၇၀၀၀ ကြားရှိပါတယ်၊ Hass မျိုး ပေါ့၊ ပြည်တွင်းမှာ တော့ ဝယ်လိုအားလည်းကောင်းနေပါတယ်။ ပြည်တွင်း မှာမနှစ်က တန် ၁၀၀ရှိ တယ် ခုနှစ်မှာတော့ ကြော်ငြာအားလည်းကောင်းလာတယ် ပြည်တွင်းက လည်းကျနော်တို့အရည်အသွေးကို လက်ခံလာတယ်ဆိုတော့ တန် ၂၀၀ နဲ့ ၃၀၀ကြားလို့မှန်းထားပါတယ်။ " MAVO မှ အတွင်းရေးမှူး ဦးကျော်စိုး မင်းမှ ပြောသည်။ 

    ပြီးခဲ့သည့် ထောပတ်သီး ရာသီအသတွင် ထောပတ်သီးကြမ်းခင်းဈေးသည် တစ်ကီလိုကို ၂၅၀၀ ကျပ်ဖြင့်သာ ဈေးတန်းစဖွင့်ခဲ့သဖြင့် ယခုနှစ်သည် ဈေးကောင်းရသည့်နှစ်ဖြစ်ကြောင်းသိရသည်။ 

    ပြည်တွင်း ဈေးကွက်တွင် ထောပတ်သီးကို သစ်သီးဖျော်ရည် အဖြစ်သာ အဓိက စားသုံးကြပြီး အခြားသော ထုတ်ကုန်အဖြစ်အဖြစ် သုံးစွဲမှု နည်းပါးနေသေးကြောင်းသိရသည်။ထောပတ်သီးကို တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် ထောပတ်သီးအနှစ်၊ ထောပတ်သီး အဆီ၊ အလှကုန်နှင့် ဆေးဝါးများထုတ်လုပ်ရန် ကုန်ကြမ်းစသည့် တန်ဖိုးမြင့် ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်နိုင်ပါက ယခုထက်ပိုပြီး ဈေးကွက်တွင်ကျယ်လာမည်ဖြစ်ကြောင်း သိရသည်။ 

    " တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်ချင်တာပေါ့ ၊ ထုတ်နိုင်ရင် ကျနော်တို့တောင်သူတွေအတွက်လည်း ဈေးကွက် ခိုင် မာမှုပိုကောင်းတာပေါ့။အဲ့လိုထုတ်ဖို့ နည်းပညာပိုင်း ၊ ထိန်းသိမ်းမှု ၊ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းဈေးကွက် အကုန် လိုအပ်ပါတယ်။ ထုတ်တယ်ကွ ရော့ဆိုပြီး လုပ်လို့မရဘူးလေ " ဟု ထောပတ်သီး စိုက်ပျိုးသည့် တောင် သူတစ် ဦးက ပြောသည် ။ 


    မြန်မာ နိုင်ငံတွင် ထောပတ်သီးစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး မျိုးရွေးချယ်သည့်အခါ မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥ တုနှင့် ကိုက်ညီသော ထောပတ်သီး မျိုးသစ်များတင်သွင်းခြင်း၊ ဒေသကိုက်ညီမှုသုတေသနများဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းပညာများ ကျင့်သုံးခြင်း၊ GAP နှင့် အော်ဂဲနစ်လက်မှတ်များရယူခြင်း၊ တန်ဖိုးမြင့် ထော ပတ် သီးထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုထား သည်။ 

    ပြည်တွင်း၌ ထောပတ်သီး အထွက်နှုန်းကောင်းသော် လည်း အရည်အသွေး ကောင်းမွန်သည့် အသီး နည်းပါး သောကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ မျိုးစပ်ဖြစ်သည့် Hass အမျိုးအစားထောပတ်သီး ကို တင် သွင်း၍ စိုက်ပျိုးနေ ခြင်းဖြစ်ကြောင်းသိရ သည်။ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စ တင်ခူးဆွတ်ရပြီး ထောပတ်ပင်များသည် စတင်စိုက်ပြီး ၃ နှစ်အကြာမှသာ အသီးသီးကာ နှစ်ရှည်သီး နှံ ပင်ဖြစ်ဟု သိရသည်။ 

    ထောပတ်သီးကို ထိုင်းနိုင်ငံ ၊ အိန္ဒိယ ၊ မလေးရှား ၊စင်္ကါပူနိုင်ငံတို့ကို အဓိကတင်ပို့နေုခြင်းဖြစ်ပြီး Export ရာ သီသည် ဒီဇင်ဘာလမှစတင်မည်ဖြစ်ကြောင်းသိရသည်။ 

    ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေ သကြီး (ပြင် ဦးလွင်) တို့မှာ အများဆုံး စိုက်ပျိုးကြ ပြီးရှမ်းပြည်နယ်(တောင်ပိုင်း) တွင် တောင်ကြီး၊ ဟို ရွာငံ၊ ပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့မှာ လည် ကောင်း စိုက်ပျိုးကြ ကြောင်းသိရသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စိုက်ပျိုးသော ထောပတ်ခြံ များအနေဖြင့် အရှုံးအမြတ်သည် လမ်းပန်းဆက်သွယ်ရေးအ ခြေအနေပေါ်မူတည်နေ ကြောင်း သိရသည်။

     

    Chit Khon Cho (AMIA)

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download

     


  • article
likes
8
comments
0
views
1554