cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သဘာဝ အိမ်လုပ်ပေါင်းသတ်ဆေး

. Weeds Management
ဒီအိမ်လုပ်သဘာဝပေါင်းသတ်ဆေးဟာဆိုရင် ရွေးချယ်မဲ့ ပေါင်းသတ်ဆေးဖြစ်တဲ့အတွက်ကြောင့်မို့ အပင်အားလုံးကိုသေစေမှာဖြစ်ပါတယ်၊
  • article
  • article
  • article
  • article
  • ကျွန်မတို့တောင်သူတွေ ဟာ ပေါင်းမြက်တွေကို အသေချာဆုံးနည်းလမ်းနဲ့ ဘေးကင်းစွာ ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲ ဆိုတာကို မကြာခဏ ဆိုသလိုမေးလေ့ရှိကြပါတယ်၊ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သဘာဝကိုလည်း ရေရှည် ထိန်းသိမ်းပေးနိုင်မယ့် ပေါင်းသတ်ဆေးတွေကိုလည်း အမြဲ ရှာဖွေလျက်ရှိပါတယ်၊ စိုက်ဧက နည်းတဲ့တောင်သူတွေအတွက် ပေါင်းပင်တွေကို လက်နဲ့ ဆွဲနုတ်တာဟာ အန္တာရယ်ကင်းစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပေမယ့် စိုက်ဧက များတဲ့ သူတွေအတွက်တော့ ပေါင်းတွေကိုလက်နဲ့ နုတ်တဲ့ နည်းလမ်းဟာ အချိန်ကုန်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ပတ်ဝန်းကျင်ကိုလည်းမထိ ခိုက် , အချိန်ကုန်လည်းသက်သာစေမယ့် သဘာဝအိမ်လုပ်ပေါင်းသတ်ဆေးလုပ်နည်း အကြောင်းကို ခုပဲဝေမျှပေးလိုက်ပါပြီ ။

    သဘာဝ အိမ်လုပ် ပေါင်းသတ်ဆေး ဘယ်လိုလုပ်မလဲ လိုက်ကြည့် လိုက်ကြရအောင်....

    ပါဝင်ပစ္စည်းများ

    ၁။ အဖြူရောင် ရှာလကာရည် ၁ ဂါလံ

    ၂။ စားပွဲတင်ဆား ၁(၂၀သားခန့်) ခွက်

    ၃။ ပန်းကန်ဆေးဆပ်ပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

    ပြုလုပ်ပုံ အဆင့်ဆင့်

    ၁။ ပုံးတစ်ပုံးထဲသို့ အဖြူရောင် ရှာလကာရည် ၁ ဂါလံ လောင်းပါ။ အိမ်သုံး အဖြူရောင် ရှာလကာရည် ၅ ရာခိုင်နှုန်း ထည့်ရင် ပိုကောင်းပါတယ်။ တဖြည်းဖြည်းစိမ့်ဝင်ပြီး ပျံ့နှံ့တဲ့ အတွက်ကြောင့်မို့ ပေါင်းပင်များကို သတ်ဖို့ နှစ်ရက်ကနေ သုံးရက်ကြာနိုင်ပါတယ် 

    ၂။စားပွဲတင်ဆား ၁ ခွက်ထည့်ပါ။ ဇွန်း ခပ်ရှည်ရှည် တချောင်းနဲ့ ဆားအားလုံးကို လုံးလုံးပျော်သွားတဲ့အထိ မွှေပေးပါ။

    ၃ ။ ပန်းကန်ဆေးဆပ်ပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပါ။ ဆပ်ပြာရည်ကတော့ ရှာလကာရည်နဲ့ ဆားရည်ပျော်ရည်ကို ပေါင်းပင်တွေပေါ်ကနေ ဖုံးအုပ်ပြီး တွယ်ကပ်စေပါတယ်၊

    ၄။ပါဝင်ပစ္စည်းတွေကိုနှံ့အောင်မွှေပြီးသွားပြီဆိုရင်တော့ ဆေးဖြန်းပုံးထဲကိုထည့်ပါ။

    ပါဝင်ပစ္စည်းတွေဘယ်လိုအလုပ်လုပ်သလဲ.....

    ဆား နှင့် ရှာလကာရည် နှစ်မျိုးစလုံးမှာ acetic acid ပါ၀င်တဲ့အတွက်ကြောင့် ပေါင်းပင်တွေကို ခြောက်သွေ့စေပြီး သေစေပါတယ်။ တစ်ချိန်တည်းမှာပင် ပန်းကန်ဆေးဆပ်ပြာရည်ဟာ ဆေးရည်ရဲ့ မျက်နှာပြင်တင်းအားကို လျှော့ချပေးတဲ့ အတွက်ကြောင့် ဆေးရည်တွေက အရွက်များ၏ ချွေးပေါက်များအတွင်းသို့ စိမ့်ဝင်သွားစေပါတယ်၊

    အသုံးပြုပုံနဲ့ သတိပြုရမည့် အချက်များ 

    နေရောင်ရဲ့ အပူရှိန်ဟာ ပေါင်းမြက်တွေကို ခြောက်သွေ့ပြီး သေစေတဲ့အတွက်ကြောင့် ပေါင်းသတ်ဆေးကို နေအပူဆုံးအချိန်မှာ ဖြန်းပေးရင် အကောင်းဆုံးဖြစ်ပါတယ်။ 

    ပေါင်းမြက်တွေကို အနီးကပ်အနေအထားနဲ့ ခပ်ရွှဲရွှဲ ဖြန်းပေးရပါမယ်၊

    ဒီအိမ်လုပ်သဘာဝပေါင်းသတ်ဆေးဟာဆိုရင် ရွေးချယ်မဲ့ ပေါင်းသတ်ဆေးဖြစ်တဲ့အတွက်ကြောင့်မို့ အပင်အားလုံးကိုသေစေမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကိုယ်သတ်ချင်တဲ့ ပေါင်းမြက်အပါ်ကိုသာလျင် ဖြန်းပက်အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဆေးကို အသုံးပြုပြီးတဲ့နောက် တပတ်ခန့်အကြာတွင် ပေါင်းပင်များသေသွားပါလိမ့်မယ်၊

    ပမာဏအများကြီးသုံးပါက အပင်ကိုသာမက လူကိုပါ အဆိပ်အတောက်ဖြစ်စေမှာဖြစ်ပါတယ်။ ဒါအပြင် နို့တိုက်သတ္တဝါငယ်များကို လည်း အဆိပ်အတောက်ဖြစ်စေတဲ့ အပြင် မြေဆီလွှာအတွင်းရှိ microbiome များကိုလည်း ဖျက်ဆီးနိုင်တဲ့ အတွက်ကြောင့် ဆေးရည်တွေကို မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိတ်စင်မကျစေရန် ဂရုပြုရမည်ဖြစ်ပါတယ်။

    ပေါင်းပင်ကြီးများကို အထပ်ထပ် ပက်ဖြန်းနေပါက ပေါင်းပင်များ ဖယ်ရှားပြီးတဲ့ အခါမှာ မြေဆီလွှာ ကျန်းမာရေး ပြန်လည်တည်ဆောက်ဖို့လိုအပ်ပါတယ်။ လက်ကျန်ပေါင်းသတ်ဆေးမှန်သမျှကို ပလပ်စတစ်ဘူးအလွတ်တစ်ခုထဲကိုထည့်ပြီး သေသေချာချာ ထုတ်ပိုးကာ အေးမြခြောက်သွေ့ပြီးအမှောင်ကျသော နေရာတွင် ရက်အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ပါတယ်။

    စုသီရိထွေး

    https://nativeplantherald.prairienursery.com/.../how.../... မှ ဘာသာပြန်ဆိုသည်။


likes
17
comments
2
views
3482