ရာဘာအစေးရည်ခဲရာတွင် အစေးရည်နှင့် ရေရောစပ်ပုံ
- ရာဘာပြားထုတ်လုပ်ရာမှာ လိုအပ်သော အဓိကကျတဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်ရှင်။ - ရာဘာပြားထုတ်လုပ်ရာတွင် လိုအပ်သော- အစေးရည်နှင့်ရေအရောအချိုးအဆ၊ အက်စစ်အပြင်းနှင့်ရေရောအချိုးအဆ၊ DRC တိုင်းပြီးသားအစေးနှင့် အက်စစ်အပျော့အရောအချိုးအဆ စသည့် သိရှိရန် အရေးကြီးသော အချက်များကို မသိရှိသေးဘဲ ခြံရှင်၊ တောင်သူများအတွက် ရေးသားလိုက် ရပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိအက်စစ်တစ်ပုံး၏ တန်ဖိုးမှာ (၁၅၀၀၀၀) ရှိနေပြီး ဖြစ်ပါသည်။ ထို့ ကြောင့် အက်စစ်တစ်ပုံး အသုံးပြုနိုင်သည့် ရော်ဘာပေါင်ပမာဏအတိုင်း အသုံးပြုနိုင်မှသာ စီးပွားရေး တွက်ချေကိုက်မည် ဖြစ်သည်။ တောင်သူများသည် လိုအပ်သည်ထက် အက်ဆစ်ကို ပိုမို အသုံးပြုနေသည့် အတွက် အက်ဆစ်တစ်ပုံးကို ၃လ သုံးနိုင်သည့်နေရာတွင် တစ်လလောက်သာ သုံးနေကြသည် တွေ့ရပါသည်။ အက်ဆစ်ကို လိုအပ်သော ပမာဏထက်ပိုသုံးပါက - အစေးပြားပျက်စီးခြင်း၊ ခြောက်သွေ့မှုမရှိဘဲ စေးကပ်မှုများခြင်း၊ ချောမွေ့ညီညာမှုမရှိခြင်း၊ ငွေကုန်ကြေးကျမှုများခြင်း၊ အဆင့်မီရော်ဘာပြား မရရှိသော ကြောင့် ရသင့်သော ဈေးကောင်းမရရှိခြင်းစသော အခက်အခဲများနှင့် တွေ့ကြုံရတတ်ပါသည်။ - စံသတ်မှတ်ချက် DRC ရရှိစေရန် ရေရောစပ်ခြင်း - ဧကများသော ရော်ဘာခြံတစ်ခြံတွင် ရော်ဘာစိုက်ပျိုးရာ၌ မျိုးအနည်းဆုံး ၂မျိုး၊ ၃မျိုး - လောက် ရောစပ်၍ စိုက်ပျိုးလေ့ရှိသည့်အတွက် အစေးလှီး အကွက် တစ်ကွက်နှင့်တစ်ကွက်မှ ရရှိသော အစေးရည် DRC မတူညီကြပါ။ စံသတ်မှတ်ထားသည့် DRC ရရှိရန် လက်ခံကန်တွင်ရေရောစပ်ပေးရပါမည်။ - အစေးခဲရာတွင် လွယ်ကူစေရန်အတွက်နှင့် ရော်ဘာပြားများအားလုံး တူညီသော အရည်အသွေး ရရှိစေရန် အတွက် အစေးခဲရန် သင့်တော်သော စံသတ်မှတ်ထားသည့် DRC 1.25 (or) 1.5lb /ဂါလံ ရရှိစေရန် အသုံးပြုရမည့် အက်ဆစ်ပမာဏ တွက်ချက်ပုံအား ရှင်းပြပေးပါမည်။အသုံးပြုရမည့် အက်ဆစ်ပမာဏ ကို အလူမီနီယမ် အစေးခဲကန် အတွင်းရှိ အစေးရည်ဂါလံကို စံပြုDRC နှင့် အသုံးပြုသည့်အက်ဆစ်ပြင်းအားတို့အပေါ် မူတည်၍ အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည်။ - a=(e x i)/o - a= အသုံးပြုရမည့် အက်ဆစ်ပမာဏ - e= အစေးခဲကန် အတွင်းရှိ အစေးရည်ပမာဏ(ဂါလံ) - i=စံသတ်မှတ်ထားသော DRC (ပေါင်/ဂါလံ) - o= အက်ဆစ်အပြင်း ၁ အရည်အောင်စလျှင် အစေးခဲနိုင်သော ရော်ဘာအလေးချိန်(ပေါင်/အရည်အောင်စ) - *၈၅ရာခိုင်နှုန်း အက်ဆစ်အပြင်း ၁အောင်စလျှင် - ၁၄ပေါင် သုံးနိုင်သည်။(နောက်တစ်နေ့ကြိတ်) - *၈၅ရာခိုင်နှုန်း အက်ဆစ်အပြင်း ၁အောင်စလျှင် - ၁၀ပေါင် သုံးနိုင်သည်။(နေ့ချင်းကြိတ်) - ဥပမာ*စံပြု DRC 1.25ရှိသော ၂၃၀ဂါလံရှိ အစေးရည်အခဲကန်တွင် ၈၅ရာခိုင်နှုန်းပြင်းအားရှိသော အက်ဆစ်ကို အသုံးပြုပြီး နေ့ချင်းကြိတ်မည်ဆိုပါက ရောစပ်ရမည့် အက်ဆစ်အပြင်း ပမာဏမှာ (၂၈.၇၅) အရည် အောင်စ ဖြစ်ပါသည်။ - a= (e x I )/o - =(230 x 1.25)/10 - အသုံးပြုရမည့် အက်ဆစ်အပြင်းပမာဏ= ၂၈.၇၅ အရည်အောင်စ - ရော်ဘာ အစေးခဲရန်အတွက် အက်ဆစ်ထည့်ရာ၌ အက်ဆစ်အပြင်းအား မူလအတိုင်း ခဲ၍ မရပါ။ထို့ကြောင့်အက်ဆစ်ပြင်းအားပျော့စေရန် ရေနှင့်ရောစပ်ပြီးမှသာ သုံး၍ရပါမည်။ - အက်ဆစ်အပြင်းအား ရေ ရောစပ်ခြင်း - ရောစပ်ရမည့် အက်ဆစ်အပြင်းကို ပြင်းအား ၃ရာခိုင်နှုန်း(သို့) ၁ရာခိုင်နှုန်းအထိ လျော့ချ - ပြီးမှ အသုံးပြုရသည်။ အက်ဆစ်အပြင်းကို ပြင်းအားလျော့ချရန် အတွက် ရောစပ်ရမည့် ရေပမာဏအား - တွက်ချက်ခြင်း - B= L (U/E-1) - B=ရောစပ်ရမည့် ရေပမာဏ - L= အသုံးပြုရမည့် အက်ဆစ်အပြင်းပမာဏ(အရည်အောင်စ) - U=အက်ဆစ်အပြင်း ပြင်းအား(%) - E=လျော့ချရမည့် အက်ဆစ်ပြင်းအား - ဉပမာ* အက်ဆစ်အပြင်း ၁၉ အရည်အောင်စကို အက်ဆစ်ပြင်းအား ၈၅ရာခိုင်နှုန်းမှ ပြင်းအား ၁ရာခိုင်းနှုန်း - အထိ လျှော့ချရမည်ဆိုပါက ရောစပ်ရမည့်ရေပမာဏမှာ (၁၅၉၆)အရည်အောင်စ ၁၀ဂါလံဖြစ်ပါသည်။ - B = L (U/E-1) - =၁၉ (၈၅/၁-၁) - ရောစပ်ရမည့်ရေပမာဏ=(၁၅၉၆)အရည်အောင်စ ၉.၉၇ဂါလံ - အက်ဆစ်ပြင်းအား ၉၄%၊ ၉၀%၊ ၈၅% အမျိုးအစားအလိုက် အက်ဆစ်အပြင်း (၁)အရည်အောင်စလျှင် အစေးရည်ခဲနိုင်သော ရာဘာပမာဏ အလေးချိန်များ ကွာခြားသွားနိုင်သည်။ - အစေးရည်ခဲရာတွင် အစေးရည်နှင့် ရေရောစပ်ပုံ - DRC= ပေါင်/ဂါလံ - ဉပမာ* DRC= ၃ ၊ အစေးရည် ၂၀ဂါလံ - DRC= ၁.၂၅ အတွက် ရောစပ်ရမည့် ရေပမာဏ - DRC x ဂါလံ = ပေါင် - ၃ x ၂၀ = ၆၀ - ၁.၂၅ x (၂၀ + ရေ)= ၆၀ - ရေ= (၆၀÷ ၁.၂၅)-၂၀ - ရောစပ်ရမည့် ရေပမာဏ= ၂၈ဂါလံ - ဒေါ်သဲမာ - Dip agri (1997) - ရော်ဘာလေ့လာသူ - 09 978 589 818 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
