cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အိုးဖြင့် ခရမ်းချဉ်ပင် စိုက်ပျိုးနည်း

. Cultivation Methods
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ခရမ်းချဉ်မျိုးစေ့ကို အိုးဖြင့်စိုက်ပျိုးမည်ဆိုပါက အိုးအချင်းသည် အနည်းဆုံး (၃ လက်မ) ခန့် ရှိရမည်။ အိုးအနက်သည် တစ်လက္မခန့်ရှိရမည်ဖြစ်ပြီး အိုးတစ်အိုးလျှင် မျိုးစေ့နှစ်စေ့ထည့်၍ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးပါက စိုက်ပျိုးရန် ပြုပြင်ထားသောမြေကို အိုးအတွင်း ထပ်မံဖြည့်ပေးရမည်။ ပြုပြင်ထားသော မြေသည် အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရမည်။ 

    မျိုးစေ့များအညှောင့်ပေါက်ရန် အချိန်နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။ အိုးကို ကြည်လင်သန့်ရှင်း သော ပလက်စတစ်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းဖြင့် မျိုးစေ့များကို လျင်မြန်စွာ အညှောင့်ပေါက်စေပါသည်။ အိုးများကို ပလက်စတစ်အိတ် မဖယ်ဘဲ နွေးထွေးသော အခန်းအတွင်း ထည့်သွင်းထားရပါမည်။ မျိုးစေ့များ စတင်အညှောင့်ပေါက်ပြီဆိုပါက ပလက်စတစ်အိတ်များကို ဖယ်ရှားပြီး အိုးများကို နေရောင်ခြည် လုံလုံလောက် လောက်ရသည့်နေရာတွင် ရွှေ့ပြောင်းထားရမည်။ အိုးအတွင်းရှိ မြေကြီးခြောက်သွေ့နေပါက အစိုဓာတ်ရရှိရန် ရေလောင်းပေးရမည်ဖြစ်သော်လည်း ရေကိုအလွန်အကျွံ မလောင်းသင့်ပေ။ အပင်များ တဖြည်းဖြည်း ကြီးထွားလာပါက အရွယ်အစားပိုကြီးသော အိုးအတွင်းသို့ ရွှေ့ပြောင်းနိုင်သည်။ အချင်း (၆ လက္မ မှ ၈ လက္မ) ရှိသော ရွှံ့စေးမြေအိုးများသည် အပင်များကို ထောက်ပံ့မှုကောင်းကောင်းပေးနိုင်သဖြင့် ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် မြေအိုးများကို ရွေးချယ်မည်ဆိုပါက ပိုမိုကောင်းမွန်ပါသည်။ သင့်အနေဖြင့် အရည်အသွေးကောင်းမွန်သော ပလက်စတစ်အိုးများကိုလည်း အသုံးပြုနိုင်ပါသည်။ 

    ခရမ်းချဉ်စိုက်ပျိုးရန် ပြုပြင်ထားသောမြေသည် အော်ဂဲနစ်မြေအမျိုးအစား ဖြစ်သင့်သည်။ ထိုမြေထဲသို့ မြေဆွေးများကိုလည်း ရောနှောအသုံးပြုနိုင်သည်။ ပြုပြင်ထားသောမြေကို အိုး၏သုံးပုံတစ်ပုံခန့်အထိဖြည့်ပြီး အလယ်တွင် အပေါက်ဖောက်ထားရမည်။ ဖောက်ထားသောအပေါက်သည် အမြစ်များ ကောင်းမွန်စွာဝင်ဆံ့ရန် (ထည့်လိုက်ပါက အမြစ်များမခေါက်စေရန်) သင့်လျော်သည့်အကျယ်အဝန်း ရှိရမည်။ ထို့နောက် အပင် (သို့) ပျိုးပင်များကို ၎င်းအပေါက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ပြီးပါက အပေါက်ကို မြေကြီးဖြည့်ပေးရမည်ဖြစ်ပြီး အပင်မယိုင်လဲအောင် အပင်အောက်ခြေရှိမြေကြီးကို အနည်းငယ် ဖိနှိပ်ပေးရမည်။ ပျိုးပင်များကို ရေလောင်းရန် မမေ့ပါနှင့်။ 

    ခရမ်းချဉ်ပင်များ နေရောင်ခြည်ရရှိမှုအနေဖြင့် တစ်နေ့လျှင်အနည်းဆုံး ခြောက်နာရီရရှိနိုင်သည့် နေရာတွင် အိုးများကိုထားရမည်။ အစိုဓာတ်ကို သေချာထိန်းသိမ်းထားရမည်ဖြစ်ပြီး အရမ်းမစိုစွတ်စေရန် သတိပြုရမည်။ အာဟာရအနေဖြင့် ရေတွင်ပျော်ဝင်သော မြေသြဇာများကို တစ်ပတ်လျှင်တစ်ကြိမ် ကျွေးနိုင်သည်။ နောက်ထပ် အဓိကဂရုစိုက်ရမည့်အချက်မှာ ခရမ်းချဉ်ပင်များကို ဒေါက်ထောက်ပေးခြင်း ဖြစ်သည်။ ဒေါက်ထောက်ပေးခြင်းဖြင့် အပင်များကြီးလာသည့်အခါ ယိုင်လဲမသွားအောင် ထိန်းထားနိုင်သည်။ 

    ဖျက်ပိုးကာကွယ်နှိမ်နင်းရေး 

    ခရမ်းချဉ်ပင်များကို ပိုးမွှားမကျရောက်စေရန် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်။ ပင်စိမ်းပင်နှင့် ထပ်တရာပင်များကို ခရမ်းချဉ်ပင်များအနီး စိုက်ပျိုးထားခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုင်သည်။ 

    သင့်လျော်သော ဂရုစိုက်မှုပေးမည်ဆိုပါက ခရမ်းချဉ်ပင်များသည် နွေရာသီအလယ်မှစ၍ ဆောင်းရာသီကုန်သည်အထိ ကောင်းမွန်သော အထွက်နှုန်းကို ပေးစွမ်းနိုင်ပါသည်။ 

    စိုက်ပျိုးရေး နည်းပညာ 


  • article
likes25comments2
views1601