cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ယခုအပတ်အတွက် ဈေးကွက်သုံးသပ်ချက်

. Market Price
လက်ရှိ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းများ ပိတ်လာချိန်တွင် မြန်မာ့လယ်ယာထွက်ကုန်များ၏ ဈေးကွက်နှင့် ဈေးနှုန်းများက အကျဘက်ကိုသာ ဦးတည်နေသည်။
  • နယ်စပ်ကုန်သွယ်ရေး လမ်းကြာင်းများ ရပ်ဆိုင်းနေခြင်း၏ အကျိုးဆက်ကို ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ ခံစားနေရသည်မှာ အချိန်ကာလတစ်ခုကို ရောက်ရှိလာပါတယ်။အိမ်နီးချင်း နိုင်ငံများသို့ ပုံမှန် နယ်စပ် ထွက်ပေါက် ကုန်သွယ်ရေး လမ်းကြောင်းများဖြင့် ပို့ကုန်တင်ပို့နိုင်ခြေမရှိချိန်တွင် လမ်းကြောင်း အသစ်များ ရှာဖွေပြီး ကုန်သွယ်ရာတွင်လည်း အချိန်ကြန့်ကြာမှု၊ လမ်းခရီးဝေးကွာလွန်းမှု၊ လမ်းပိတ်ဆို့မှု များ အ ပြင် အခြားအခြားသော စိန်ခေါ်မှုများကလည်း မြန်မာ့လယ်ယာထွက်ကုန်ပို့ကုန်များအပေါ် သက်ရောက်မှု တွေရှိ လာပါတယ်။ 

    စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံစီးပွားရေးတွင် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လယ်ယာ ထုတ်ကုန်များ တင်ပို့ခြင်းလုပ်ငန်းများ၏ အခန်းကဏ္ဍကလည်း အဓိကကျနေပါတယ်။လက်ရှိ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းများ ပိတ်လာချိန်တွင် မြန်မာ့လယ်ယာထွက်ကုန်များ၏ ဈေးကွက်နှင့် ဈေးနှုန်းများက အကျဘက်ကိုသာ ဦးတည်နေသည်။ 

    မြေပဲ 

    တရုတ်ကို တင်ပို့မှု ရပ်သွားလို့ မြေပဲဈေးကွက်ကဆက်တိုက်ကျဆင်းလာပြီး အရောင်းဝယ်လည်းအေးနေ တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ 

    လက်ရှိမြေပဲဆံဈေးကွက်က ကုန်စည်ဒိုင်တွေမှာ ၅၃၀၀ ကနေ ၆၀၀၀ တပတ်လည်အထိဈေးရှိပေမယ့် တောင်သူတွေရောင်းချနေရတဲ့ဈေးကတော့ မြေပဲလုံးဆံနံ၊မြေပဲအဖြူလုံးဆံက ၅၀၀၀ ပတ်လည်သာရှိပြီး ဆီကြိတ်တဲ့ ဆီဆံကတော့ ၄၅၀၀ လောက်ပဲရှိတယ်လို့သိရပါတယ်။ 

    မြေပဲအတောင့်ဈေးကွက်မှာ နှစ်နေလှန်းထားတဲ့စက်ကျမြေပဲအနီတောင့်က ၂၅ ပေါင်တစ်တင်းကို ၁၅၀၀၀ ဝန်းကျင်ရှိပြီး မြေပဲအဖြူတောင့် ၂၅ ပေါင် တစ်တင်းကို ၁၆၀၀၀ ရှိပါတယ်။ လှောင်တန်းဝင် မြေပဲအခြောက်တောင့်ကတော့ ၂၄၀၀၀ ကျပ်ကနေ ၂၅၀၀၀ အထိသာရှိတယ်လို့သိရပါတယ်။ 

    ယခုနှစ် မြေပဲစိုက်ပျိုးစရိတ်သည် တစ်ဧကကို ၆ သိန်းမှ ၇ သိန်းခွဲဝန်းကျင်အထိ ရင်းနှိးပြီးစိုက်ပျိုးရေကြောင်း တောင်သူအချို့ကပြောပါတယ်။ 


    ဖရဲ 

    ဖရဲသီးကလည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဝမ်တိန်ကိုပို့တာက ခရီးစရိတ်သက်သာပြီး လမ်း ကြောင်း မြန်ဆန်ကာ အသီးပျက်စီးမှုနည်းပါတယ်။ 

    လက်ရှိမှာ မူဆယ်ကပို့မရတာကြောင့် မိုင်းလား တာလောဂိတ်ကနေတင်ပို့ရတဲ့အခါ လမ်းခရီးကုန်ကျစရိတ်က သိန်း ၁၂၀ ကျော်ကုန်ပြီး လမ်း ကြောင်းကကြာတဲ့အတွက် ဖရဲသီးအရည်အသွေးပျက်ကာ အပယ်သီးများရင် ကားစရိတ်ပင်မရတဲ့အထိ အရှုံးရှိနေတယ်လို့ စိုက်ပျိုးထုတ်လုပ်သူတွေက ပြောဆိုနေကြပါတယ်။ 

    လက်ရှိတရုတ်ဘက်မှာ ဖရဲ တစ်ကီလို ကို အကောင်းဆုံး အသီးက တရုတ်ယွမ်ငွေ ၆ ယွမ်(၁ယွမ် ၄၇၀ကျပ်ဖြင့် ကျပ်၂၈၀၀ ကျော်)မှ ၆.၅ယွမ်(ကျပ်၃၀၀၀ ကျော်)ထိရှိပြီး အလတ်စားအသီးက ၄ ယွမ်(ကျပ် ၁၈၈၀)နဲ့ ၅ယွမ် (ကျပ် ၂၃၅၀) ကားသာရှိတယ်လို့သိရပါတယ်။အရည်အသွေးမကောင်းလို့ ပယ်ခံရတဲ့ ဖရဲသီးကားတစ်စီးလျှင် ကတန် ၁၀ လောက်အထိရှိနေတယ်လို့သိရပါတယ်။ 


    သခွားမွှေး 

    တရုတ်ကုန်သွယ်မှုရပ်လို့ တင်ပို့ရပ်ထားတာကြာပြီဖြစ်တဲ့ ပြည်တွင်းထွက် သခွားမွှေးကို လည်း ပြီးခဲ့တဲ့ရက် ကစပြီး မိုင်းလား တာလော့ဂိတ်ကနေ စတင် တင်ပို့နေပါတယ်။သခွားမွေးကလည်း သယ်ယူပို့ဆောင် မှုကုန် ကျငွေသည် တာလော့အရောက် သိန်း ၁၃၀ ကျော်ကုန်ကျပြီး အပယ်သီးများရင် ရှုံးတယ်လို့သိရပါတယ်။ စိုက် ပျိုး ထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများသည့် အခြေအနေမျိုးဖြစ်နေပါတယ်။သခွားမွေး ကတော့ တစ်ကီလို ၄ ယွမ် (ကျပ် ၁၈၈၀)ကနေ ၇ယွမ် (ကျပ်၃၃၀၀ခန့်) အထိ ဈေးရနေ တယ်လို့သိရပါတယ်။ 


    နှမ်း 

      နှမ်းမျိုးစုံဈေးကွက်ကလည်း တရုတ်ကိုတင်ပို့နိုင်ခြင်းမရှိလို့ ဈေးတန်းက ပြည်တွင်းတရုတ်ဝယ်လက်ကုန် သည် တွေအပေါ်ပဲ မူတည်နေပါတယ်။ အရင်တပတ်က နှမ်းဈေးကွက်ပြန်တက်လာပြီး ခုတပတ်မှာ ပြန်ကျသွား ပါတယ်။တရုတ်ဝယ်လက်တွေက အက်ဆစ်လွတ်တဲ့ နှမ်းကိုပဲရွေးချယ်ဝယ်ယူနေကြတာဖြစ်ပါတယ်။ 

    မန္တလေးဈေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို အမြင့်ဆုံး ၃၅၀၀၀၀ ရှိရာကနေ ၃၄၅၀၀၀ ကျပ်ကို ပြန်ကျ သွားသလို နှမ်းနက် စမုံကတော့ ၄၅ ပိဿာကိုအရင်တပတ်ကဈေးတန်း ၃၅၅၀၀၀ ကျပ်မှာပဲရှိနေပါတယ်။ လက်ရှိမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ 


    ပြောင်း 

    ပြည်တွင်းကထွက်ရှိတဲ့ ပြောင်းဆံကလည်း တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်သွယ်မှု ရပ်သွား ပြီး လက်ရှိ မိုင်းလား တာလော့ကနေ တစ်ရက်ကို တန် ၁၀၀ လောက်သာ တင်ပို့မှုရှိနေပါတယ်။တရုတ်ဘက်က မှောင်ခိုဝယ်ယူတာဖြစ်လို့ ပြောင်းဆံ ကိုပမာဏများများရောင်းချလို့မရသလို မြန်မာဘက်က လမ်းကြောင်းအခြေ နေကလည်း ခက်ခဲတာကြောင့် အနည်းငယ်ပဲတင်ပို့ရောင်းချနေရတယ်လို့သိရပါတယ်။ 

    ဒါကြောင့် ပြောင်းဆံကို ပြည်တွင်းကမွေးမြူရေးအစာစပ်စက်ရုံတွေကိုပဲအဓိကရောင်းချနေကြရလို့ ဈေးတန်းက တန့်နေပါတယ်။လက်ရှိမှာ ပြောင်းဆန် အသစ်တွေပေါ်ပြီးဈေးကွက်ထဲကိုဝင်ရောက်နေပြီး အစာစပ်စက်ရုံ တွေ ကတော့ အဟောင်းနဲ့အသစ်ကို ရောသုံးနေကြတာဖြစ်တယ်လို့သိရပါတယ်။ 

    ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက ၁၀၇၀ကျပ် ကနေ ၁၀၉၀ ကျပ်အထိရှိပြီး မန္တလေးကုန်စည်ဈေးကွက်မှာက တစ်ပိဿာကို ၉၄၄ ကျပ်မှ ၉၈၁ ကျပ်သာရှိနေပါတယ်။

     

     Chit Khon Cho (AMIA )

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes10comments0
views2191