cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြက်သွန်ဖြူစိုက်ပျိုးနည်း

. Cultivation Methods
အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန် (၁၈°‒၂၀°)စင်တီဂရိတ်တွင်ဖြစ်ထွန်းပြီးဥမှအညှောင့်ပေါက်ရန်အတွက်မြေတွင်းအပူချိန်(၂၂°‒၂၃°)စင်တီဂရိတ်လိုအပ်ပါသည်။(၂၇°)စင်တီဂရိတ်ထက်မြင့်ပါကအပင်ကြီးထွားမှုညံ့စေပါသည်။
  • ကြက်သွန်ဖြူမျိုးများ 

    ရှမ်းမျိုး(အခွံဖြူ) 

    ဥအရွယ်အစားမှာတရုတ်မျိုးထက်အနည်းငယ်အမွှာသေးပြီးအခွံအဖြူရောင်မျိုးဖြစ်ပါသည်။ 

    ရှမ်းမျိုး(အခွံနီ) 

    ကြက်သွန်ဖြူဥအရွယ်သေးပြီးအမွှာသေးသည်။ 

    တရုတ်မျိုး 

    ကြက်သွန်ဖြူအရွယ်အစားကြီးပြီးအမွှာကြီးပါသည်။ 

    မြေအမျိုးအစား 

    မြေအချဉ်အငံဓါတ်(၅.၅)မှ(၆.၀)ရှိသောမြေမျိုးကိုကြိုက်နှစ်သက်သည်။မြေအချဉ်အငံဓါတ်မြင့်မားသောမြေမျိုးကိုကြိုက်နှစ်သက်မှုမရှိပါ။ 

    ရာသီဥတု 

    အပူအအေးသင့်တော်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှု အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန် (၁၈°‒၂၀°)စင်တီဂရိတ်တွင်ဖြစ်ထွန်းပြီးဥမှအညှောင့်ပေါက်ရန်အတွက်မြေတွင်းအပူချိန်(၂၂°‒၂၃°)စင်တီဂရိတ်လိုအပ်ပါသည်။(၂၇°)စင်တီဂရိတ်ထက်မြင့်ပါကအပင်ကြီးထွားမှုညံ့စေပါသည်။ကြက်သွန်ဥဖြစ်ပေါ်ရန်အပူချိန်(၅°‒၁၀°)စင်တီဂရိတ်တွင်အ နည်းဆုံး(၁-၂)လရှိရန်လိုအပ်ပါသည်။ 

    မျိုးနှုန်း 

    တစ်ဧကလျှင်ကြက်သွန်ဖြူဥပိဿာချိန်(၂၅၀‒၃၀၀)ခန့်လိုအပ်သည်။မျိုးဥအားအမွှာကြီးပြီးရောဂါကင်းသောမျိုးများကိုအသုံးပြုပါ။ 

    မြေသြဇာနှုန်းထား 

    တစ်ဧကနှုန်းသဘာဝမြေသြဇာ(၁၀-၂၀)တန် 

    ယူရီးယား (၅၀)ကီလိုဝင် (၂)အိတ် 

    တီစူပါ (၅၀)ကီလိုဝင် (၂)အိတ် 

    ပိုတက်ရှ် (၅၀)ကီလိုဝင် (၁)အိတ် 

    စိုက်ပျိုးချိန် 

    အများအားဖြင့်(အောက်တိုဘာ‒နိုဝင်ဘာ)လတွင်စိုက်ပျိုး၍(ဖေဖော်ဝါရီ‒မတ်)လတွင်တူးဖော်ကြသည်။ 

    မြေပြုပြင်ခြင်း 

    ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်အောင်ထွန်ပြီးကြမ်းတုံးရိုက်၍ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။မြေခံအဖြစ်ယူရီးယား(၁)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်ရှ်(၁)အိတ်ထည့်ပေးပြီးကျန်ယူရီးယား(၁)အိတ်ကိုကြားပေါင်းလိုက်ချိန်နှင့်ဥစတင်ဆင်းချိန်တွင်ထည့်ပေးပါ။ 

    စိုက်ပျိုးခြင်း 

    ဘောင်အမြင့်(၈)လက်မ၊အကျယ်(၃)ပေခန့်ထား၍ဘောင်ဖော်ပြီးတစ်တန်းနှင့်တစ်တန်း(၄)လက်မခွာ၍တစ်ပင်နှင့်တစ်ပင်(၂)လက်မခြား၍စိုက်ပျိုးပါသည်။စိုက်ပြီးဘောင်အမြင့်နှင့်အညီရေပေးသွင်းရပါသည်။ 

    အပင်ပြုစုခြင်း 

    ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည်အထူးအရေးကြီးပါသည်။လက်ဖြင့်ပေါင်းနှိမ်နင်းလေ့ရှိပြီးစိုက်ပြီးတစ်ပတ်တစ်ကြိမ်ပေါင်းနှိမ်နင်းပေးရပါမည်။အပင်(၂)လသားအထိပေါင်းနှိမ်နင်းခြင်းကိုဂရုပြုဆောင်ရွက်ပေးရပါမည်။မြေအလွန်ကြပ်နေပါကနွားချေး၊မြေဆွေးထပ်မံထည့်ပေးရမည်။ကြက်သွန်ဖူးများကိုအပတ်စဉ်ချိုးပေးပါ။ 

    ရေသွင်းခြင်း 

    သာမန်အားဖြင့်တစ်ပတ်လျှင်တစ်ကြိမ်ရေပေးသွင်းရမည်။ရာသီဥတုပူပြင်းပါက(၄‒၅)ရက်တစ်ကြိမ်ရေပေးသွင်းရမည်။ရေသွင်းချိန်(၈)ကြိမ်မှ(၁၀)ကြိမ်ထိလိုအပ်ပါသည်။အပင်(၂)လသားအမြင့်(၁)ပေခွဲခန့်ရှိချိန်တွင်ရေသွင်းခြင်းကိုရပ်လိုက်ရပါမည်။ 

    ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း 

    (က)သရစ်ပိုး 

    ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်ပက်ဖျန်းပါ။ပိုးကျရောက်ပါကထိသေအာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးကိုဆေးဘူးတွင်ပါရှိသောအညွှန်းအတိုင်းသုံးစွဲပါ။ 

    (ခ)ပျပိုး 

    ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ပက်ဖျန်းကာကွယ်ပါ။ 

    (ဂ)တောက်တဲ့မြီးရောဂါ 

    ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။မျိုးစေ့(၁)ကီလိုဂရမ်တွင်သိုင်ရမ်(Thiram)(၄)ဂရမ်နှုန်းဖြင့်ဆေးစီရင်ပါ။စိုက်ခင်းကိုရေသွင်းရေထုတ်ကောင်းအောင်ပြုလုပ်ပါ။ 

    ရိတ်သိမ်းခြင်း 

    အပင်သက်တမ်းမှာ(၁၃၅‒၁၅၀)ရက်ရှိပါသည်။ပင်စည်နှင့်အရွက်(၁၅‒၂၅)ရာခိုင်နှုန်းခန့်ဝါလာလျှင်(သို့)ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါကအပင်လိုက်လက် တစ်ဆုပ်စာခန့်စီး၍ဝါးတန်းပေါ်တွင်အခြောက်ခံထားပါ။နုတ်ယူပြီးသောအပင်များကိုအမြိတ်များဖြတ်တောက်၍နေ(၂)ရက်ခန့်လှန်းထားနိုင်ပါသည်။ 

    အထွက်နှုန်း 

    တစ်ဧကပိဿာချိန်(၁၅၀၀)မှ(၃၀၀၀)ထိထွက်နိုင်သည်။နုတ်ယူပြီးသောကြက်သွန်ပင်များကိုအစည်းလေးများပြုလုပ်၍ ခြောက်သွေ့သန့်စင်သောအခန်းတွင်လေသလပ်ခံ၍ သိမ်းဆည်းထားရပါမည်။စျေးကွက်သို့တင်ပို့ရောင်းချချိန်ရောက်မှအမြိတ်များကိုဖြတ်၍ရောင်းချရပါမည်။ 

    ကြက်သွန်ဖြူအထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ 

    ၁။ရေမြေဒေသအလိုက်ကိုက်ညီမှုရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ 

    ၂။မြေအချဉ်အငံဓါတ်(၅.၅မှ၆.၀)ရှိသောမြေတွင်ထယ်ရေးနက်နက်၊ညက်ညက်ထွန်၍ရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်ပြီးဆောင်ရွက်ပါ။ 

    ၃။ရောဂါကင်းသောမျိုး၊အမွှာကြီးသောမျိုးများရွေးချယ်ပြီးတစ်ဧကလျှင်မျိုးနှုန်း(၂၅၀-၃၀၀)ပိဿာအသုံးပြုပါ။ 

    ၄။ပင်ကြား၊တန်ကြား(၂×၄)လက်မ(သို့)(၄×၄)လက်မအကွာအဝေးဖြင့်တစ်ဧကလျှင်(၂၅၀၀၀၀ - ၂၇၀၀၀၀)ဝင်ဆံ့အောင်စိုက်ပျိုးပါ။ 

    ၅။တစ်ဧကလျှင်သဘာဝမြေသြဇာ(၁၀)တန်ယူရီးယား(၂)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်(၁) အိတ်နှုန်းထည့်ပါ။ 

    ၆။စိုက်ပြီး(၁)လအကြာတွင်ကြားပေါင်းလိုက်ပေးပါ။သီးနှံတစ်ရာသီလျှင် ကြားပေါင်း(၃)ကြိမ် လိုက်ပေးပါ။ 

    ၇။စိုက်ခင်း၌အစိုဓါတ်လုံလောက်မှုရှိစေရန်အမြဲဂရုပြုပါ။ 

    ၈။ပန်းမပွင့်မီကြက်သွန်ဖူးများကိုမဖြစ်မနေချိုးပေးပါ။ 

    ၉။ပိုးမွှားရောဂါကျရောက်ပါကသင့်တော်သောပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်ပါသည်။ 

    ၁၀။အပင်သက်တမ်း(၄)လမှ(၅)လအကြာကြက်သွန်ဖြူပင်စည်နှင့်အရွက်(၁၅-၂၅) ရာခိုင်နှုန်းဝါလာလျှင်ရိတ်သိမ်းပါ။ 

    ၁၁။ကြက်သွန်ဖြူဥများနှုတ်သိမ်းရာတွင်မြေကြီးထဲ၌ ဥများမကျန်ခဲ့စေရန်သတိပြုပါ။ 

    စိုက်ပျိုးရေးဦးစီးဌာန 

    စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ


  • article
likes11comments0
views2107