ခရမ်းရောင်ဂေါ်ဖီထုပ်အသုံးပြုပြီးမြေချဉ်ငံတိုင်းတာနည်း
- တောင်သူဦးကြီးတွေ အတွက် ဒီတပတ်မှာတော့ မိမိ စိုက်ကွင်းမြေဆီလွှာ ရဲ့ ချဉ်ငန် ဓာတ်ကို ဘယ်လို လွယ်လွယ်ကူကူ တိုင်းတာလို့ရနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်နော်။ - မြေချဉ်ငန်တိုင်းတာခြင်းက ဘာကြောင့် အရေးပါသလဲဆိုတာကို ပထမဦးဆုံးရှင်းပြပေးပါရစေ။ မြေချဉ်ငန်ကိန်းဟာဆိုရင် အပင်တွေရဲ့ ကြီးထွားမှု ကိုအားပေးတဲ့ မြေအောင်းအကျိုးပြု ဘတ်တီးရီးယားတွေကို တိုးပွားစေနိုင်သလို ၊ မြေဆီအာဟာရထုတ်လုပ်နိုင်မှုတွေ ၊ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှုတွေကို အထောက်အကူပြုစေပါတယ်။သီးနှံအလိုက် စိုက်ပျိုးမြေရဲ့ မြေချဉ်ငန်ကိန်းလိုအပ်ချက်တွေကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် စိုက်ပျိုးမြေအတွက်ဆိုရင် မြေချဉ်ငန်ကိန်းဟာဆိုရင် ၅.၅ - ၆.၅ လောက်ရှိတာ အကောင်းဆုံးပါ။ - အခုပြောပြမဲ့ မြေချဉ်ငန်တိုင်းတာနည်းကတော့ ခရမ်းရောင် ဂေါ်ဖီထုတ်ကို အသုံးပြုပီး တိုင်းတာမှာဘဲ ဖြစ်ပါတယ်။ ခရမ်းရောင် ဂေါ်ဖီထုတ်ကတော့ မြန်မာနိုင်ငံမှာ တွင်ကျယ်စွာ ဝယ်ယူလို့တော့ မရနိုင်သေးပါဘူးနော်။ ဒီဂေါ်ဖီ အမျိုးအစားဟာဆိုရင် အေးတဲ့နိုင်ငံတွေမှာသာ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ဒါပေမဲ့ တောင်သူကြီးများအတွက် ဗဟုသုတရစေဖို့ တင်ပြပေးလိုက်ပါတယ်ရှင်။ - လိုအပ်သော ပစ္စည်းများ - ၁။ခရမ်းရောင် ဂေါ်ဖီထုတ် - ၂။ပေါင်းခံပီးသားရေ - ၃။စမ်းသပ်လိုသော မြေနမူနာ - အဆင့် (၁) - ခရမ်းရောင်ဂေါ်ဖီထုတ်မှ ဂေါ်ဖီရွက် ၆ ရွက်ခန့်ယူပီး ဓားဖြင့် ပါးပါးလှီးပေးပါ။ ထို့နောက် ခွက်ထဲသို့ ထည့်ပါ။ - အဆင့် (၂) - အထက်ပါ ဂေါ်ဖီထည့်ထားသော ခွက်ထဲသို့ ပေါင်းခံပီး ရလာသောရေကို လောင်းထည့်ပေးပါ။ - အဆင့် (၃) - အရည်ကို ဆူပွက်လာစေရန် အပူ ၈ - ၁၀ မိနစ်ခန့်ပေးပါ။ - အဆင့် (၄) - ထို့နောက်မှာတော့ ဂေါ်ဖီရွက် အပိုင်းအစများကို စစ်ပီး အရည်သီးသန့်ကိုဘဲ ယူပါ။ - အဆင့်(၅) - အပူပေးပီးနောက်မှာတော့ ကိုယ်စမ်းသပ်လိုသော မြေနမူနာယူပီး မိနစ် ၂၀ ခန့် စိမ်ထားပါ။ - အဆင့်(၆) - နောက်ဆုံးမှာ ခွက်ထဲရှိ အရောင် ပြောင်းလဲ လာခြင်း ရှိမရှိ စစ်ဆေးပေးပါ။ - ရလဒ် - ပန်းရောင် အရည်အဖြစ် ပြောင်းသွားတယ်ဆိုရင်တော့ မြေက ချဉ်နေတယ်လို့ ယူဆရပါတယ်။ ဒါဆိုရင်တော့ ဦးကြီးတို့ အနေနဲ့ မိမိမြေထဲကို ထုံး တစ်ဧက လျှင် ၃ အိတ်နှုန်းထည့်ပီး မြေပြုပြင်နိုင်ပါတယ်။ - တကယ်လို့ အပြာရောင်ဖြစ်သွားတာ ဆိုရင်တော့ သေချာပါတယ်။ ဦးကြီးတို့မြေက ငန်နေပါတယ်။ ကျောက်မှုန့်ကို တစ်အိတ်ကို တစ်ဧကနှုန်းဖြင့် ထည့်ပေးပါ။ - ဒီလိုနည်းဖြင့်တောင်သူကြီးများရဲ့ စိုက်ကွင်းမြေကို အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ မြေချဉ်ငန်ကိုရှာလကာရည် နှင့် စမ်းသပ်ပုံကိုလည်း ထွက်တိုးမှာ တင်ပေးထားတာ ရှိပါတယ်။ ဝင်ရောက် ဖတ်ရှုပေးပါဦးနော်။ - ရေးသားသူ - ပန်းပျိုမေ (၂၀၁၈) - မှီငြမ်း https://preparednessmama.com 
 
 
 
 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
