cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. Weather News
ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါ ❗
  • ပဲခူးတိုင်းဒေသကြီး  လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်တို့တွင်    

    ယနေ့မှ ဒီဇင်ဘာ ၃ရက်နေ့အထိ တစ်ပတ်အတွင်း မိုးရွာရန် ၂၀ ရာခိုင်နှုန်းအောက်သာ ရှိပါသဖြင့် နေပြင်းနိုင်ပါတယ်။

     

    ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် တို့တွင်

    ယနေ့မှ ဒီဇင်ဘာ ၃ရက်နေ့အထိ တစ်ပတ်အတွင်း မိုးရွာရန် ၂၀ ရာခိုင်နှုန်းအောက်သာ ရှိပါသဖြင့် နေပြင်းနိုင်ပါတယ်။

      

    ငါးကန်များအတွက်အကြံပြုချက်   

     

    ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါ

    🌞ရောဂါသည် ငါး၏ ကိုယ်ခန္ဓာတွင်သာဖြစ်ပွားပြီး၊ ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်ပွားခြင်းမရှိပါ။ ရောဂါဖြစ်စတွင် ငါး၏ ဦးခေါင်း၊ အရေ ပြားနှင့်ပါးဟက်ဆူးတောင်များတွင် အဖြူရောင် အစက်အပျောက်များ ထွက်လာပြီး မကြာမီ ၄င်းအဖြူစက် ပတ်ပတ်လည်တွင် အနီရောင်ကွင်းများ ဝိုင်းရံဖြစ်ပေါ်လေ့ရှိပါသည်။

    🌞အဆိုပါ ရောဂါပိုးသည် ငါးမွေးတောင် သူတိုင်း ကျရောက်တတ်ပါသည်။ ရာသီအပြောင်းအလဲနှင့် နွေရာသီတွင် အဖြစ်များပါသည်။

    ✅ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။

    ✅ရောဂါဖြစ်သော ငါးကို ရေ ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၀၃ကျပ်သား)ဖျော်ရည်တွင် ငါးကို ၁၀စက္ကန့်စိမ်ထားပေးပါ။

    ✅ရေအနက်(၃)ပေရှိ တစ်ဧက ကန်တွင် ဘက်တီးရီးယားပိုးသတ်ဆေး ၁ ပိဿာ ၆၀ကျပ်သားကို သုံးစွဲနိုင်ပါသည်။  

    Weather Source: CIAT  


  • article
likes
8
comments
0
views
2538