cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေရ

. Market Price
တရုတ်သို့ ဝဥများ တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
  • မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာတွင် အိမ်နီးချင်း တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေရကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

    ပြည်ပသို့ ဝဥတင်ပို့မှုတွင် တရုတ်နိုင်ငံသို့ ၉၀ ရာခိုင်နှုန်းခန့် တင်ပို့နေရခြင်းဖြစ်ပြီး ဝဥများ တင်ပို့ရောင်းချရာတွင် ဝဥအခြောက်နှင့် ဝဥအခြောက်ပြားပြုလုပ်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

    တရုတ်သို့ ဝဥများ တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

    မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥကို တရုတ်နိုင်ငံအပြင် ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေရကြောင်း သိရပါတယ်။

    မြန်မာနိုင်ငံထဲမှာ ဝဥကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အဓိကစိုက်ပျိုးထွက်ရှိကြောင်း သိရပါတယ်။

    ပြည်ပနိုင်ငံများတွင် ဝဥများကို ခေတ်မီနည်းစနစ်များဖြင့် အချိုရည်၊ စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်ရင်းဆေးဝါးနှင့် ခေတ်မီဆေးဝါးများကို ထုတ်လုပ်ကြတယ်လို့ သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views1684