cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြံသီးနှံအာဟာရလိုအပ်ချက်

. Plant Nutrition
သဘာဝမြေဩဇာ များဖြစ်သော နွားချေး၊ ကြက်ချေး၊ လင်းနို့ချေးများလိုအပ်သလောက်မရရှိနိုင်သောကြောင့်ဓါတုဗေဒ ဓါတ်မြေဩဇာများကို အားကိုး၍ အသုံးပြုနေရပါသည်။
  • ကြံသီးနှံသည် ပြောင်းဖူး၊ နေကြာသီးနှံများကဲ့သို့ ဓါတ်မြေဩဇာစားသုံးမှုများသော (Heavy Feeder) သီးနှံဖြစ်သည့်အပြင် တစ်နှစ်သက်တမ်းရှိသည့် သီးနှံလည်းဖြစ်ပါသည်။ သဘာဝမြေဩဇာ များဖြစ်သော နွားချေး၊ ကြက်ချေး၊ လင်းနို့ချေးများလိုအပ်သလောက်မရရှိနိုင်သောကြောင့်ဓါတုဗေဒ ဓါတ်မြေဩဇာများကို အားကိုး၍ အသုံးပြုနေရပါသည်။ ကြံတစ်တန်ထွက်ရှိရန်အတွက် ပျမ်းမျှ အားဖြင့် နိုက်ထရိုဂျင်(N) (1 kg)၊ မီးစုန်းဓါတ် (P2O5)(0.6 kg) နှင့် ပြာဓါတ် (K2O)(2.25 kg) အသီးသီးကို မြေဆီလွှာမှ ထုတ်ယူအသုံးပြုမှုရှိကြောင်း တွေ့ရှိရပါသည်။ 

     

    အရေးကြီးသောဓါတ်မြေဩဇာများ 

    ဓါတ်မြေဩဇာ အမျိုးမျိုးရှိသည့်အနက် (N) ပါသော (Urea) ဓါတ်မြေဩဇာ၊ (P) ပါသော (Triple super phosphate) ဓါတ်မြေဩဇာ နှင့် (K) ပါသော (Muriate of potash) ဓါတ်မြေဩဇာ များသည် ကြံသီးနှံအတွက် အထူးအရေးကြီးလှပါသည်။ အကြမ်းအားဖြင့် (Urea) ၂ အိတ်၊ (T super) ၁ အိတ်နှင့် (Potash) ၁ အိတ် ထည့်သွင်းရပါမည်။ 

    (N) ပါသော ဓါတ်မြေဩဇာ၏ အကျိုးပြုမှု 

    နိုက်ထရိုဂျင်သည် ကြံအထွက်နှင့် သကြားအရည်အသွေးအတွက် အဓိကအချက်အချာကျ သော (Nutrient element) ဖြစ်ပါသည်။ နိုက်ထရိုဂျင်ပါ ဓါတ်မြေဩဇာသည် အပင်ပိုင်းကြီးထွားမှု အတွက် ပင်ပွားကိုပွားများစေခြင်း၊ အရွက်များဖြစ်ပေါ်စေခြင်း၊ ပင်စည်ဖြစ်ပေါ်စေခြင်း၊ ပင်စည် ကြီးထွားစေခြင်း၊ အလေးချိန်စီးစေခြင်းနှင့် အမြစ်များကို ကြီးထွားစေခြင်းတို့အတွက် လွန်စွာ အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။ အပင်ပိုင်းဆိုင်ရာကြီးထွားမှုသည် ကြံအထွက်ကို တိုးစေ ရန်အတွက် တိုက်ရိုက်ဆက်သွယ်မှုရှိပါသည်။ ကြံပင်တွင် နိုက်ထရိုဂျင်ဓါတ်ချို့တဲ့ပါက ကြံရွက်များစိမ်းဝါရောင်သို့ ပြောင်းခြင်း၊ စောစီးစွာ ကြံရွက်များခြောက်သွားခြင်း (Senescence) ပင်စည်သေး၍ ပုသွားခြင်း၊ အမြစ်များသေး၍ ရှည် သွားခြင်းတို့ ဖြစ်ပေါ်စေပါသည်။ 

    (P) ပါသော ဓါတ်မြေဩဇာ၏ အကျိုးပြုမှု 

    ကြံသီးနှံတွင်(P)ဓါတ်လိုအပ်ချက်သည် (N) ဓါတ်လိုအပ်ချက်ထက် နည်းပါသည်။ (P)ဓါတ် သည် (Protein formation)အတွက် အထူးလိုအပ်ပါသည်။ သို့မှသာ ကြံအထွက်ကောင်းမှုကို တည် ဆောက်ပေးနိုင်မည် ဖြစ်ပါသည်။ (P)ဓါတ်သည် ဆဲလ်များပွားများခြင်း(Cell division)နှင့် အပင်ကြီး ထွားမှုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ အမြစ်များကြီးထွားမှုကို နှိုးဆွပေးသည်။ (Stimulate root growth) အစာချက်ခြင်းကို လုပ်ဆောင်ပေးသည်။ (Plant metabolism and photosynthesis)၊ ပင်ပွားကိုလည်း များအောင် ဆောင်ရွက်သည်။ (N) နှင့် အပြန်အလှန် အကျိုးပြု၍ ရင့်မှည့်မှုကို ထိန်းချုပ်နိုင်သည်။(P) ဓါတ်ချို့တဲ့ပါက ပင်ပွားနည်းခြင်း၊ အရွက်ထွက်နှေးခြင်း၊ ကြံပင်ပုခြင်း၊ အရွက်များ စုပြုံထွက်ခြင်း၊ အရွက်အရောင်မှာ ခရမ်းစိမ်းသို့ ပြောင်းသွားခြင်း၊ သကြားချက်ရာတွင် အကြည်ခံ ခြင်း၊ (Clarification) အတွက် ကြံရည်တွင် (P) ဓါတ် ၃၀၀-၄၀၀ ppm ပါဝင်သင့်ပါသည်။ (P) ဓါတ်ပါသော ဓါတ်မြေဩဇာအများအပြားထည့်ခြင်းသည် လေလွင့်ဆုံးရှုံးမှုကို ဖြစ်စေ ပါသည်။ 

    (K) ပါသော ဓါတ်မြေဩဇာ၏ အကျိုးပြုမှု 

    (K) ဓါတ်သည် (N) နှင့် (P) ဓါတ်များကဲ့သို့ ကြံပင်ရှင်သန်ကြီးထွားမှုအတွက် လိုအပ်ပါ သည်။ အစား/ကဆီချက်လုပ်မှုနှင့် (Sucrose) သကြားဓါတ်အား ပင်စည်ဆဲလ်များသို့ ပို့ဆောင် သိုလှောင်ရာတွင်အကျိုး ပြုပါသည်။ အရွက်များအတွင်း ပျော်ရည်များဖြတ်သန်းမှုကို ကောင်းစေ ပါသည်။ ရေငတ်ချိန်တွင် ဆဲလ်နံရံများတောင့်တင်းစေမှုကို ထိန်းပေးခြင်း၊ အမျှင်များဖြစ်ပေါ်စေ၍ ကြံပင်ခိုင်မာစေပြီးယိုင်လဲမှုကိုကာ ကွယ်ခြင်း၊ပိုးမွှားရောဂါကာကွယ်ခြင်းတို့ကိုဆောင်ရွက်ပါသည်။ ကြံသီးနှံသည် (K) ဓါတ် အား ပိုမိုစားသုံးနိုင်ခြင်း၊ အရည်ပျော်ဝင်လွယ်သဖြင့် (Leaching loss) များ ပါသည်။ (K) ဓါတ် ချို့တဲ့ပါက သကြားပို့ဆောင်မှု ( Sucrose translocation) ကိုထိခိုက်ပါသည်။ အစားချက်လုပ်မှုနှင့် သကြားသိုလှောင်မှုကိုလည်း ထိခိုက်ပါသည်။ အရည်အသွေးကို ကျဆင်းစေ ပါသည်။ ကြံရွက်ကြီး (Old leaf) များတွင် အရွက်လိပ်နှင့် နှုတ်ခမ်းသားများ အညိုရောင် ပြောင်း ပါသည်။ အညိုရောင်ပြောင်းမှုသည် ရွက်လယ်ကြောမကြီး (Mid rib) သို့ ကျယ်ပြန့်လာပါသည်။ ရွက်လယ်ကြောပေါ်တွင် အညိုရောင် အကွက်အစင်းများ ဖြစ်ပေါ်လာပါသည်။ 

     

    Source: DoA 

     -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
10
comments
0
views
2619