မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက် 🌤️🌤️
၁။ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်
ယနေ့ နေပြင်းနိုင်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၉၅ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပြီး ၈ ရက်နေ့မှာ ၆၇ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ ဒီဇင်ဘာ ၉၊ ၁၀၊ ၁၁ ရက်တို့မှာတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။
၂။ စလင်းမြို့နယ်
ယနေ့ နေပြင်းနိုင်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၉၅ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပြီး ၈ ရက်နေ့မှာ ၄၄ ရာခိုင်နှုန်းရှိသဖြင့် တိမ်အနည်းငယ် ရှိနိုင်ပါတယ်။ ဒီဇင်ဘာ ၉၊ ၁၀၊ ၁၁ ရက်တို့မှာတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။
၃။ စေတုတ္တရာမြို့နယ်
ယနေ့နှင့် ဒီဇင်ဘာ ၉ ရက်တို့မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းရှိပြီး ၇၊ ၈ ရက်တို့မှာ ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ၁၀၊ ၁၁
ရက်တို့မှာတော့ မိုးရွာရန် ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။
ငါးကန်များအတွက်အကြံပြုချက် ✅✅
🐟 ငါးမွေးကန် ရေညစ်ညမ်းခြင်းနှင့်
ငါးမွေးကန်ပတ်လည်ညစ်ညမ်းမှုတို့ကြောင့် ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါသည် ရောဂါဖြစ်စတွင် ငါး၏ ဦးခေါင်း၊ အရေပြားနှင့်ပါးဟက်ဆူးတောင်များတွင် အဖြူရောင် အစက်အပျောက်များ ထွက်လာပြီး မကြာမီ
၄င်းအဖြူစက် ပတ်ပတ်လည်တွင် အနီရောင်ကွင်းများ ဝိုင်းရံဖြစ်ပေါ်လေ့ရှိပါသည်။
🐟 ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။
🐟 အထက်ပါအတိုင်း သုံးစွဲပြီးနောက် နောက်ထပ် သုံးပါက အထက်ပါနှုန်း၏ တစ်ဝက်ကို ဆောင်ရာသီနောက်ပိုင်း
တစ်လခြားစီ ကန်အတွင်းပက်ပေးပါ။
🐟 ရောဂါဖြစ်သော ငါးကို ရေ ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၀၃ကျပ်သား)ဖျော်ရည်တွင် ငါးကို ၁၀စက္ကန့်စိမ်ထားပေးပါ။
🐟 ရေအနက်(၃)ပေရှိ တစ်ဧက ကန်တွင် ဘက်တီးရီးယားပိုးသတ်ဆေး ၁ ပိဿာ ၆၀ကျပ်သားကို သုံးစွဲနိုင်ပါသည်။
Weather Source: CIAT