cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အပိုဝင်ငွေတိုးအောင် ငှက်ပျောနဲ့ ရော်ဘာ ဘယ်လိုတွဲစိုက်ကြမလဲ?

. Cultivation Methods
ရာဘာဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ရော်ဘာအခြေစိုက် စိုက်ပျိုးရေးစနစ်များက ရော်ဘာစိုက်ပျိုးသူများကို ဝင်ငွေ ပိုမိုရရှိစေနိူင်ပါတယ်။ 

    သီးနှံအများစုကို ရော်ဘာဖြင့် စိုက်ပျိုးနိုင်သော်လည်း ရော်ဘာရဲ့ ကြီးထွားမှုအဆင့်ပေါ် မူတည်ပြီး သီးနှံကိုရွေးချယ်ရပါမယ်။ သီးနှံများကို ရွေးချယ်ရာတွင် စျေးကွက်လိုအပ်ချက် အရင်းအမြစ်တွေ ရရှိနိုင်မှုနဲ့ မြေအနေအထားပေါ် မူတည်ပီး ရွေးချယ်နိူင်ပါတယ်။ ရာဘာပင် ငယ်စဉ်အဆင့်မှာ တွဲဖက်စိုက်ပျိုးနိူင်တဲ့ သီးနှံကတော့ နေရောင်ရရှိမှုကို ကြိုက်နှစ်သက်တဲ့သီးနှံအများစုကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ရော်ဘာပင်ရိပ် မကျခင် သက်တမ်း လေးနှစ်သားအတွင်း ကောင်းမွန်တဲ့ အထွက်နှုန်း ပေးနိူင်တဲ့ သီးနှံကို ရွေးချယ်သင့်ပါတယ်။ ရော်ဘာရဲ့ သင့်တော်တဲ့ ပင်ကြားတန်းကြား အကွာအဝေးကတော့ ၂.၄ မီတာ x ၈.၁ မီတာ (၈ပေ x ၂၇ပေ) ဖြစ်ပါတယ်။ 

     

    ငှက်ပျောနဲ့ ရော်ဘာ 

     

    ငှက်ပျောဟာ ဒေသတွင်းဈေးကွက် ဒေသတွင်း စျေးကွက်လိုအပ်ချက်အမြဲရှိပီး အရင်းအနှီး နည်းနည်းနဲ့ စိုက်ပျိုးသူတွေအတွက်လဲ စိုက်ပျိုးထုတ်လုပ်ဖို့ မခက်ခဲတဲ့ သီးနှံဖြစ်ပါတယ်။ ရော်ဘာ၏ ပထမ ၃-၄ နှစ်အတွင်း မှာလည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ ရေစီးရေလာကောင်းပီး သင့်တင့်မျှတတဲ့ မြေချဉ်ငံဓာတ် ၆.၅ ဝန်းကျင်မှာ ဖြစ်ထွန်းနိူင်ပါတယ် လေပြင်းတိုက်ဒဏ်ကိုတော့ မခံနိူင်ပါဘူး။ ရော်ဘာနှစ်တန်းကြားတွင် ငှက်ပျော နှစ်တန်းမှ သုံးတန်းအထိ နိုင်ပါတယ်။ 

     

    ငှက်ပျောသီးမျိုးပေါ် မူတည်ပီး ပင်ကြားတန်းကြား အကွာအဝေး ၂.၄ မီတာမှ ၃.၆ မီတာအထိ ကွဲပြားခြားနားနိုင်ပါတယ်။ စိုက်ကျင်းပတ်လည် အနက်ကတော့ ၆၀ စင်တီမီတာ x ၆၀ စင်တီမီတာ x ၆၀ စင်တီမီတာ အသုံးပြုသင့်ပီး သဘာဝမြေဆွေးနဲ့ အပေါ်ယံမြေလွှာတွေနဲ့ ဖုံးပေးရပါမယ်။ ယေဘုယျအားဖြင့် ငှက်ပျောတစ်အုံမှာ အပင်(၃)ပင်(ပင်မအပင်တစ်ပင် နှင့် သားတက် ၂စို့) ပါအောင် ထိန်းပေးထားရမယ်။ 

    နောက်ရက်တွေမှာလည်း ရော်ဘာနဲ့ တွဲစိုက်နိူင်ပီး အပိုဝင်ငွေ ရနိူင်မဲ့ သီးနှံလေးများအကြောင်းကို ထပ်မံမျှဝေပေးပါမယ်ရှင့်။ ရာဘာစိုက်ပျိုးကြသူများကိုဆက်သွယ်ထားခြင်းအားဖြင့် နေ့စဉ်သတင်းထူးများကိုရယူလိုက်ပါ။ 

    နှိပ်ပါ- https://www.facebook.com/groups/2432746880363676/ 

    https://htwettoe.com/organization/3

    Source- rubber based farming systems, advisory circular No. 2013/10    


    ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/46920


  • article
likes13comments1
views3168