cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စျေးကွက်သုံးသပ်ချက်

. Crop Price News
သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် စားဖိုဆောင် ကုန်ပစ္စည်းတွေနဲ့ ကုန်စိမ်း သီးနှံတွေလည်း ေစျးတက်လာပါတယ်။
  • ပြည်တွင်း ကထွက်တဲ့ စားဖိုဆောင် သီးနှံတွေက လက်ရှိဖြစ်နေတဲ့ စက်သုံးဆီ ဝယ်ယူရခက်တဲ့ ပြဿနာတွေကြောင့် သယ်ယူပို့ဆောင်ရေး ကြန့်ကြာနေသလို ဆီရပါကလည်းစျေးနူန်းကြီးမြင့်နေလို့ ကုန်စည်ထွက်ရှိရာဒေသမှာ စျေးနူန်းကျဆင်းနေပြီး ဝယ်ယူစားသုံးရသူတွေအတွက်မှာတော့ စျေးက အဆမတန် မြင့်တက်နေပါတယ်။


    ဂျင်းစျေးကွက်

    ဂျင်းတက်အစိုကတော့ အဓိက ဘင်္ဂလား ဒေ့ရှ်ကိုသာ တင်ပို့ရတာဖြစ်ပြီး လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေးကြောင့် ရခိုင်ကို ကုန်းလမ်း၊ရေလမ်းသွားလာမရလို့ မြန်မာ ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးရပ်နေတဲ့အတွက် ဂျင်းတက်စျေးက ကျလာနေပါတယ်။

    ပြည်ပတင်ပို့မှုမရှိတော့တဲ့အတွက် ပြည်တွင်းစားသုံးမှုနဲ့ ပြည်တွင်း သိုလှောင်ထားမယ့်သူတွေအပေါ်သာ စျေးကွက်ကမှီခိုနေရချိန် ဓာတ်ဆီတွေဝယ်မရ၊ စျေးနူန်းတွေတက်တဲ့ အကျိုးဆက်ကြောင့် သယ်ယူပို့ဆောင်မရတာ ၊ပို့ဆောင်ရေးစရိတ်တွေ ထပ်မံမြင့်တက်လို့ ဂျင်းစျေးက စိုက်တဲ့ဒေသမှာ ထပ်မံကျဆင်းလာနိုင်ပြီး အဝေးကဝယ်ယူစားသုံးသူတွေအတွက် စျေးပိုတက်လာနိူင်တယ်လို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

    ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ ဂျင်းတက်စျေးက ဂျင်းအခက်အကြီးအသန့် တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ဂျက်အခက်အလတ်စက ၃၀၀၀ ကျပ်၊ ဂျင်းအသေးတစ်ပိဿာကို ၂၀၀၀ ကျပ် စျေးပေါက်နေပါတယ်။

    လက်လီစျေးကွက်မှာက ဂျင်းတစ်ပိဿာကို ၁၇၀၀၀ ကျပ်အထိအမြင့်ဆုံး ရောင်းချမှုရှိ နေပါတယ်။



    ကြက်သွန်ဖြူစျေးကွက်

    ပြည်တွင်းကထွက်တဲ့ ကြက်သွန်ဖြူနဲ့ ပြည်ပကနေတင်သွင်းနေရတဲ့ ကြူကုတ်ကြက်သွန်ဖြူတွေက အမြင့်စျေးတန်းမှာရှိနေဆဲဖြစ်ပါတယ်။

    တရုတ်ကြက်သွန်ဖြူ ကြူကုတ်ကို ထိုင်းနယ်စပ်ဂိတ်ကနေ တင်သွင်းမှုရှိလာတာကြောင့် လက်ကား ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ တစ်ပိဿာကို ၁၀၅၀၀ ကနေ ၁၁၅၀၀ ကျပ်သာရှိပေမယ့် လက်လီစျေးကွက်မှာက ကြက်သွန်ဖြူတစ်ပိဿာကို ၂၅၀၀၀ ကျပ်အထိ စျေးတန်းရှိနေပါသေးတယ်။

    ရှမ်းပြည်နယ်အောင်ပန်းကထွက်တဲ့ အောင်ပန်း ထူးက တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၃၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိရှိနေပါတယ်။


    သယ်ယူပို့ဆောင်ရေး စရိတ်တွေမြင့်တက်တာ ၊ သယ်ယူပို့ဆောင်ဖို့လမ်းကြောင်းမပွင့်တာတွေကြောင့် ကြက်သွန်ဖြူစျေးတွေက တချို့မြို့တွေမှာ စျေးကျဆင်းမှုမရှိသေးတာဖြစ်တယ်လို့သိရပါတယ်။



    ကြက်သွန်နီ စျေးကွက်

    ကြက်သွန် ထွက်ရှိတဲ့ဒေသတွေကနေ ကုန်စည်ဒိုင်တွေကို ရောင်းချဖို့ သယ်ယူပို့ဆောင်ဖို့ရာ လမ်းကြောင်းတွေမကောင်းတာကြောင့် ကုန်စည် ဒိုင်တွေကို ကြက်သွန်အဝင်နည်းပြီး စျေးပြန်တက်လာပါတယ်။

    လက်ရှိမှာ ကြက်သွန်နီ နွေအဟောင်းတွေက ေစျးတန်းမြင့်ပြီး အဝင်ပိုနည်းလာကာ မိုးအသစ်တွေကတော့ ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်နေတယ်လို့သိရပါတယ်။


    ရခိုင်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေမဖြစ်ပွားခင်က မြန်မာ့ကြက်သွန်နီကို ဘင်္ဂလား ဒေ့ရှ်ကနေ ဝယ်ယူမှု အားကောင်းလို့ စျေးတန်းက ကုန်စည်ဒိုင်တွေမှာ တစ်ပိဿာကို ၃၉၅၀ ကျပ်အထိ မြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ ပြည်ပတင်ပို့မှု့ လျော့သွားလို့ စျေးတန်းပြန်ကျသွားပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၄၀၀၀ ၊လတ်ကြီး ၃၇၀၀၊လတ်သန့်က ၃၁၅၀ ကျပ်နဲ့ လတ်ချောက ၂၃၀၀ ကျပ်ရှိပါတယ်၊မြင်းခြံ ကြက်သွန်နီက ၂၀၀၀ ကျပ်ကနေ ၃၈၀၀ ကျပ်စျေးရှိနေပါတယ်။

    ပခုက္ကူစျေးကွက်မှာတော့ ကြက်သွန်နီအသစ်က ၁၈၅၀ ကျပ်မှ ၂၅၀၀ ကျပ်ရှိပြီး နွေအဟောင်းကြက်သွန်က တစ်ပိဿာကို ၂၅၀၀ ကနေ ၂၈၀ ကျပ်အထိသာရှိပြီး အရောင်းအဝယ်သွက်နေတယ်လို့သိရပါတယ်။

    မြင်းခြံကုန်စည်ဒိုင်မှာတော့ နွေကြက်သွန်နီအဟောင်းက တစ်ပိဿာကို ၂၇၀၀ မှ ၃၁၀၀ ကျပ်၊ မိုးအသစ်ကြက်သွန်နီက တစ်ပိဿာကို ၁၇၀၀ မှ ၂၃၀၀ ကျပ်စျေးရှိနေပါတယ်။


    လက်လီစျေးကွက်မှာတော့ ကြက်သွန်နီ အလုံးအကြီးအသေး ၊ အပုတ်အနာအဆာ ရှိမရှိအပေယ်လိုက်ပြီး အမြင့်ဆုံး တစ်ပိဿာကို ၂၄၀၀၀ ကျပ်ထိ စျေးတန်းရှိနေပါတယ်။



    အာလူးစျေးကွက်

    အာလူးကတော့ တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူ ရှိသလို ရှမ်းပြည်ကထွက်တဲ့ ဒေသအာလူးတွေလည်း ရှိပါတယ်။

    တရုတ်အာလူးကတော့ ကုန်စည်ဒိုင်တွေမှာ စျေးအနည်းငယ်ပြန်ကျပြီး ရှမ်းအာလူးတွေလည်း ေစျေးပြန်ကျလာပါတယ်။

    ခုတပတ်ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာတော့ တရုတ်အာလူးတစ်ပိဿာကို ၂၈၀၀ ကျပ်ထိ ပြန်ကျသွားပါတယ်။


    ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ မျက်နီ S-2 အကြီးအသေးအရော တစ်ပိဿာကို ၂၈၀၀ ကျပ်၊ A-1 က ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ OK က ၂၀၀၀ ကျပ်၊မားကစ် S-1 ၃၀၀၀ ကျပ် ၊မားကစ် S-2 ၃၂၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

    သယ်ယူပို့ဆောင်ရေးစရိတ်တွေကြီးမြင့်တဲ့ဒေသတွေမှာတော့ အားလူးတစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိ ရောင်းချမှုရှိနေပါတယ်။

    စားသုံးတဲ့စျေးကွက်မှာတော့

    တရုတ်အာလူးကို လုပ်ငန်းသုံးအဖြစ်အသုံးပြုမှုများပြီး ရှမ်းအာလူးတွေကတော့ ပြည်တွင်းစားသုံးမှုများပါတယ်ဆိုပေမယ့် လက်ရှိမှာ တော့ စားသုံးသူတွေက စျေးနူန်း နည်းတဲ့အာလူးကိုသာ အဓိကရွေးချယ်စားသုံးလာကြတာပါတယ်။


    ကုန်စိမ်းစျေးကွက်

    ကုန်စိမ်းသီးနှံ အများစုက ရှမ်းပြည်နယ်ကထွက်ရှိပြီး အဲ့ဒီ ကမှ တနိုင်ငံလုံးကို ဖြန့်ချီနေတာဖြစ်ပါတယ်။


    လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူပို့ဆောင်မှုကြန့်ကြာလာလို့ ရှမ်းပြည်နယ် တွင်းက ကုန်စိမ်းထွက်ကုန်အများစု စျေးကျဆင်းနေပါတယ်။ ရှမ်းပြည်နယ်ကနေ ကုန်စိမ်းတွေ ပို့ဆောင်နိုင်မှု လျော့တာကြောင့် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မှာတော့ ကုန်စိမ်းသီးနှံစျေးတွေက မြင့်တက်နေပါတယ်။

    ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းပွဲရုံတွေမှာပန်းဂေါ်ဖီတစ်ထုတ်ကို အထုတ်ကြီးမှ ၄၅၀ ကျပ် အထုတ်လတ်စက ၃၀၀ ကျပ်၊ မုန်ညှင်းစိမ်း တစ်စီး ၃၅၀ ကျပ်၊ ခရမ်းချဥ်သီးအစိမ်းက တစ်ပိဿာကို ၆၀၀ မှ ၉၀၀ ၊ အမှည့်ကတစ်ပိဿာကို ၅၀၀ မှ ၁၂၀၀ ကျပ်၊ မုန်လာဥနီ အကြီး တစ်ပိဿာမှ ၁၂၀၀ ကျပ်နဲ့ အသေးက ၈၀၀ ကျပ်၊ ဂေါ်ဖီ (၂ပိဿာနီးပါး) တစ်ထုတ်ကိုမှ ၇၀၀ ကျပ်သာရှိပြီး ငရုတ်သီး (ပီနံသီးအစစ်) တစ်ပိဿာမှ ၇၀၀၀ ကျပ်သာ ရှိတယ်လို့သိရပါတယ်။

    Chit Khon Cho (AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views3931